ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၇ စာ. ၃
  • နိုဝင်ဘာလတွင် ဝေငှမည့် အထူးထုတ်နိုးလော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုဝင်ဘာလတွင် ဝေငှမည့် အထူးထုတ်နိုးလော့!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးကင်းမျှော်စင်မဂ္ဂဇင်းများကို ဆွေးနွေးခြင်းဖြင့် သင်အံမှုများ စတင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—သွန်သင်ရာစာအုပ်ကို ဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • အောက်တိုဘာလတွင် ဝေငှမည့်အထူးထုတ်နိုးလော့!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • မည်သို့ထာဝစဉ်အသက်ရှင်နိုင်ကြောင်း သင်ယူနိုင်ရန် ကူညီပေးဖို့ လူတို့ထံ ပြန်လည်ပတ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၁၁/၀၇ စာ. ၃

နိုဝင်ဘာလတွင် ဝေငှမည့် အထူးထုတ်နိုးလော့!

၁ လူများစွာသည် သမ္မာကျမ်းစာ၏တန်ဖိုးနှင့်ပတ်သက်၍ စိတ်ရင်းမှန်ဖြင့် မေးခွန်းထုတ်ကြသည်။ ‘ကျမ်းစာကို လူသားများ ရေးသားခဲ့ခြင်းဖြစ်ပါက ဘုရားသခင့်နှုတ်ကပါဌ်တော်ဟု အဘယ်ကြောင့်ခေါ်ဆိုနိုင်မည်နည်း။ ကျွန်ုပ်တို့ကိုလမ်းညွှန်ပေးရာတွင် ကျမ်းစာကို အဘယ်ကြောင့် ယုံကြည်အားထားသင့်သနည်း။ ကျမ်းစာကို အချိန်ပေးပြီး ကြိုးစားလေ့လာမည်ဆိုလျှင် အဘယ်အကျိုးကျေးဇူးများ ရရှိမည်နည်း။ မည်သည့်ကျမ်းစာကို အသုံးပြုသင့်သနည်း။’ “သမ္မာကျမ်းစာကို သင်ယုံကြည်စိတ်ချနိုင်သလော” ခေါင်းစဉ်ရှိ နိုဝင်ဘာလထုတ်နိုးလော့!အထူးထုတ်တွင် ထိုမေးခွန်းများကို ဖြေဆိုထားပါသည်။

၂ ဤအထူးထုတ်နိုးလော့!ကို ရပ်ကွက်တွင် နှံ့နှံ့စပ်စပ်ဝေငှလိုကြပါသည်။ ဖြစ်နိုင်မည်ဆိုလျှင် နိုဝင်ဘာလအတွင်း စနေနေ့တိုင်း အသင်းတော်လိုက် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ဝေငှပါ။ သင့်ဆွေမျိုး၊ အိမ်နီးချင်း၊ အလုပ်ဖော်၊ ကျောင်းဆရာ၊ ကျောင်းနေဖက်နှင့် ပြန်လည်ပတ်မှုများကို ဝေငှပါ။ ဈေးဝယ်ထွက်စဉ်နှင့် ခရီးသွားစဉ် ယူဆောင်သွားပါ။ အကြီးအကဲများသည် ထိုစာပေများကို ပိုတောင်းခံထားရာ အသင်းတော်တွင် စာပေအလုံအလောက်ရှိမည်ဖြစ်သည်။

၃ ကျမ်းစာသင်အံမှုတစ်ခု စတင်ပါ– မဂ္ဂဇင်းဝေငှသည့်အခါ ကျမ်းစာသင်အံမှုအတွက် လမ်းခင်းပေးနိုင်သည်။ ဥပမာ၊ “နောက်တစ်ခါလာတဲ့အခါ ‘ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကဘာလဲ’ ဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာဘာပြောထားလဲဆိုတာ ပြောပြချင်တယ်” ဟုပြောနိုင်သည်။ ထို့နောက် နောက်တစ်ကြိမ်လည်ပတ်ချိန်တွင် ၂၀၀၇၊ ဇွန် ၁ ကင်းမျှော်စင် စာမျက်နှာ ၃၊ အပိုဒ် ၁-၃ ကိုဆွေးနွေးပါ။ နောက်တစ်နည်းမှာ “နောက်တစ်ခါလာတဲ့အခါ အခုပြည့်စုံနေတဲ့ ကျမ်းစာပရောဖက်ပြုချက်တစ်ခုကို ပြောပြချင်တယ်” ဟုပြောနိုင်သည်။ ထို့နောက် ပြန်သွားသည့်အခါ ၂၀၀၇၊ ဇူလိုင် ၁၅ ကင်းမျှော်စင် စာမျက်နှာ ၃၊ အပိုဒ် ၁-၃ ကိုဆွေးနွေးပါ။ သို့မဟုတ် ဤသို့ရိုးရိုးလေးပြောနိုင်သည်– “ကျမ်းစာမှာပါတဲ့အရာတွေကို လူအတော်များများက နားမလည်ကြဘူး။ ကျမ်းစာကို ပိုနားလည်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ နောက်တစ်ခါပြန်လာတဲ့အခါ ပြောပြချင်တယ်။” ပြန်သွားချိန်တွင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်မှ အကြောင်းအရာများပါဝင်သော အထူးထုတ်ကင်းမျှော်စင်တစ်စောင်ကို ဝေငှပြီး သင်အံမှုကျင်းပပုံကို သရုပ်ပြပါ။

၄ သမ္မာကျမ်းစာသာလျှင် “ကယ်တင်ခြင်းအလို့ငှာ ပညာကိုပေးနိုင်” သည်။ (၂ တိ. ၃:၁၅) ထို့ကြောင့် သမ္မာကျမ်းစာကို လူတို့ယုံကြည်စိတ်ချလာရန် ကူညီပေးဖို့ ဤအထူးထုတ်နိုးလော့!ကို ကျွန်ုပ်တို့အားလုံး ဇွဲထက်သန်စွာ ဝေငှလိုကြပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ