အောက်တိုဘာလတွင် ဝေငှမည့်အထူးထုတ်နိုးလော့!
၁ ကျေးငှက်တွန်ကျူးသံနှင့် နေဝင်ဆည်းဆာရှုခင်းတို့ကို လူတိုင်းနီးပါး နှစ်သက်ကြသည်။ သို့သော် ထိုအရာများကို မေတ္တာပြည့်ဝသောကောင်းကင်ခမည်းတော် ဖန်ဆင်းခဲ့ကြောင်း လူများစွာ အသိအမှတ်မပြုကြပေ။ ကျွန်ုပ်တို့သည် အထူးထုတ်နိုးလော့!ကို ဝေငှခြင်းဖြင့် ယေဟောဝါ၏ဖန်ဆင်းရှင်အဖြစ်တော်ကို သက်သေပြရန် အခွင့်ထူးရရှိထားကြသည်။ (ဟေရှာ. ၄၀:၂၈; ၄၃:၁၀) စက်တင်ဘာလထုတ်နိုးလော့!တွင် “ဖန်ဆင်းရှင်တစ်ပါးရှိသလော” ဟူသောအကြောင်းကို သီးသန့်ဆွေးနွေးထားသည်။
၂ လယ်ကွင်းတွင်– ဖြစ်နိုင်မည်ဆိုပါက ယင်းကို အသင်းတော်နှင့်အတူ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် စနေနေ့တိုင်း ဝေငှရန်စီစဉ်ပါ။ တစ်ပတ်အတွင်း အခြားအချိန်များတွင်လည်း ဝေငှနိုင်ပါသည်။ အထူးသဖြင့် ကျောင်းဆရာ/မများနှင့် ပညာရေးဌာနမှဝန်ထမ်းများသည် ဤမဂ္ဂဇင်းကို စိတ်ဝင်စားပေမည်။ ထို့ကြောင့် သင့်လယ်ကွင်းရှိ ထိုသို့သောသူတို့ထံလည်ပတ်ရန် အထူးအစီအစဉ်များ ပြုလုပ်နိုင်သည်။
၃ စိတ်ဝင်စားမှုတင်ပြပါက နောက်တစ်ကြိမ်လည်ပတ်ချိန်တွင် ဖြေဆိုပေးမည့် မေးခွန်းတစ်ခု မေးခဲ့ပါ။ ဥပမာ၊ မေတ္တာပြည့်ဝသောဖန်ဆင်းရှင်သည် ဆင်းရဲဒုက္ခများစွာကို အဘယ်ကြောင့်ခွင့်ပြုထားကြောင်း မေးနိုင်သည်။ ထို့နောက် ပြန်လည်ပတ်သောအခါ သမ္မာကျမ်းစာသွန်သင်ရာစာအုပ် အခန်း ၁ သို့မဟုတ် အခန်း ၁၁ ကိုပြနိုင်သည်။ သို့မဟုတ် ကမ္ဘာမြေနှင့်ပတ်သက်သော ဖန်ဆင်းရှင်၏ရည်ရွယ်ချက်အကြောင်းမေးပြီး ပြန်လည်ပတ်သောအခါ အခန်း ၃ ကိုဆွေးနွေးနိုင်သည်။
၄ ကျောင်းတွင်– သင်သည် ကျောင်းနေပါက အထူးထုတ်နိုးလော့!ကို ဆရာ/မများနှင့် အတန်းဖော်များအား ဝေငှနိုင်သည်။ သင့်ခုံပေါ်တွင် မဂ္ဂဇင်းတစ်စောင်တင်ထားရုံဖြင့် ကျွန်ုပ်တို့၏ယုံကြည်ချက်များအကြောင်း မေးခွန်းများမေးလာစေနိုင်သည်။ အတန်းလိုက်ဆွေးနွေးချိန်အတွင်း သင့်ယုံကြည်ခြင်းကို ကာကွယ်စဉ်၊ စာတမ်း သို့မဟုတ် စာစီစာကုံးရေးသားစဉ် ယင်းနိုးလော့!မှအချက်အလက်များကို အသုံးပြုခွင့်ရပေမည်။ “ငါ့ရဲ့ ဖန်ဆင်းခြင်းယုံကြည်ချက်ကို ဘယ်လိုကာကွယ်နိုင်သလဲ” ဟူသော “လူငယ်များအမေး” ဆောင်းပါးကလည်း အထောက်အကူပြုမည်။
၅ ယေဟောဝါဖန်ဆင်းခဲ့ရာများအတွက် ကိုယ်တော်သည် ဂုဏ်တင်ချီးမွမ်းခံထိုက်သည်။ (ဗျာ. ၄:၁၁) စက်တင်ဘာလထုတ်နိုးလော့!ကို စိတ်အားထက်သန်စွာ ဝေငှခြင်းဖြင့် ဖန်ဆင်းရှင်အား ဂုဏ်တင်နိုင်ပြီး ထိုသို့ပြုလုပ်ရန် အခြားသူများကို ကူညီပေးနိုင်ပါသည်။