ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၀၇ စာ. ၁
  • ဆင်းရဲသောသူတို့ကို မျှော်လင့်ချက်ပေးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင်းရဲသောသူတို့ကို မျှော်လင့်ချက်ပေးပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မကြာမီ မည်သူမျှချို့တဲ့တော့မည်မဟုတ်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေရှု၏ပုံသက်သေကိုလိုက်ပြီး နွမ်းပါးသူများကို စိုးရိမ်ကြောင့်ကြမှုပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ချို့တဲ့သူများ အဘယ်အချိန်တိုင် စောင့်လင့်ကြရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • နွမ်းပါးမှုမရှိသည့်ကမ္ဘာ နီးပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၁၀/၀၇ စာ. ၁

ဆင်းရဲသောသူတို့ကို မျှော်လင့်ချက်ပေးပါ

၁ ယေရှုသည် ဆင်းရဲသောသူတို့အပေါ် အထူးစိတ်ဝင်စားမှုတင်ပြခဲ့သည်။ ကိုယ်တော်သည် အံ့ဖွယ်နည်းဖြင့် ကာယရေးအရအကူအညီပေးပြီး ဖျားနာသူတို့ကို ကုသပေးသည့်အခါများရှိသော်လည်း ကိုယ်တော်အာရုံစိုက်သည့်အရာမှာ ဆင်းရဲသောသူတို့ထံ “သတင်းကောင်း” ကြေညာရန်ဖြစ်သည်။ (မ. ၁၁:၅) ယနေ့ ခရစ်ယာန်ဓမ္မအမှုသည် အခြားသူတို့ကိုသာမက ဆင်းရဲသောသူတို့ကိုလည်း ဆက်၍အကျိုးရှိစေသည်။—မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀။

၂ စစ်မှန်သောမျှော်လင့်ချက်– ခရစ်ယာန်ဘောင်ဓမ္မဆရာများက ဆင်းရဲသောသူတို့အား ချာ့ချ်ကို ရက်ရောစွာပေးကမ်းကြမည်ဆိုလျှင် ကြီးပွားအောင်မြင်လိမ့်မည်ဟု မကြာခဏကတိပေးကြသည်။ သို့သော် သမ္မာကျမ်းစာကမူ ဘုရားသခင့်နိုင်ငံတော်သာလျှင် ဆင်းရဲမှုနှင့် လူသားတို့၏ပြဿနာအားလုံးကို အဆုံးတိုင်စေမည်ဟု ဖော်ပြထား၏။ (ဆာ. ၉:၁၈; ၁၄၅:၁၆; ဟေရှာ. ၆၅:၂၁-၂၃) ဆင်းရဲသောသူတို့အား သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာကို ဖော်ပြခြင်းဖြင့် သူတို့ကို မျှော်လင့်ချက်ပေးပြီး ဘုရားသခင်အားသိကျွမ်း၍ဝတ်ပြုကိုးကွယ်လာစေရန် ကူညီပေးပါ။—မ. ၅:၃။

၃ ယေရှုခေတ်က ဖာရိရှဲများသည် ဆင်းရဲသောသူတို့ကို အထင်သေးကာ သူတို့ကို အမ်ဟာအရက်စ် သို့မဟုတ် “မြေကြီးသားများ” ဟုနှိမ်၍ခေါ်ဆိုကြသည်။ သို့သော် ယေရှုမူ “သူတို့၏သွေး” သို့မဟုတ် သူတို့၏အသက်ကို “တန်ဖိုးရှိ” သည့်အရာအဖြစ် ရှုမြင်ခဲ့သည်။ (ဆာ. ၇၂:၁၃၊ ၁၄၊ ကဘ) ကျွန်ုပ်တို့သည် ထိုဆင်းရဲသောသူတို့ကို ကြင်နာပြီးစာနာမှုပြခြင်းအားဖြင့် ယေရှုကိုတုပကာ “သနား” ကြောင်းပြသနိုင်သည်။ (သု. ၁၄:၃၁) ဆင်းရဲနွမ်းပါးသောရပ်ကွက်များတွင် နေထိုင်သူတို့ကို အထင်အမြင်သေးသည့်သဘောဖြင့် ကျွန်ုပ်တို့ဘယ်တော့မျှပြောကြမည်မဟုတ် သို့မဟုတ် သူတို့အား သက်သေခံရန် မလိုလားသည့်ပုံလည်းပြမည်မဟုတ်ပေ။ နိုင်ငံတော်သတင်းတရားလက်ခံတုံ့ပြန်သူများစွာတို့မှာ ဆင်းရဲသောသူတို့ဖြစ်ကြ၏။

၄ ယခု ကူညီပေးပါ– ရပ်ကွက်ရှိဆင်းရဲသောသူတို့ကို ကျမ်းစာမူများ ကျွန်ုပ်တို့သင်ပေးခြင်းသည် ယခုပင် ဆင်းရဲချို့တဲ့ခြင်း၏ဆိုးကျိုးများ လျော့နည်းစေရန် ကူညီရာလည်းရောက်မည်။ ဥပမာ၊ သောက်ကြူးခြင်း၊ လောင်းကစားခြင်း၊ ပျင်းရိခြင်း၊ ဆေးရွက်ကြီးသုံးစွဲခြင်းနှင့် ဆင်းရဲခြင်းသို့ဦးတည်စေသည့် အခြားအကျင့်များကို သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချထားသည်။ (သု. ၆:၁၀၊ ၁၁; ၂၃:၂၁; ၂ ကော. ၇:၁; ဧ. ၅:၅) အလုပ်သမားများတွင်ရှိရန်မျှော်လင့်ထားသော အရည်အချင်းများဖြစ်သည့် ရိုးသားပြီး “စေတနာစိတ်နှင့်” လုပ်ဆောင်ခြင်းကို သမ္မာကျမ်းစာ အားပေးထားသည်။ (ကော. ၃:၂၂၊ ၂၃; ဟေဗြဲ ၁၃:၁၈) အမှန်တွင် ဆန်းစစ်လေ့လာမှုတစ်ခု၌ အလုပ်ရှင်အများစုသည် အလုပ်လျှောက်ထားသူများကို စဉ်းစားရာတွင် ရိုးသားမှုနှင့်သစ္စာရှိမှုကို အဓိကထားသည်။

၅ ယေဟောဝါသည် ဆင်းရဲသောသူတို့၏ ဒုက္ခဝေဒနာများကို စာနာထောက်ထားတော်မူသည်။ မကြာမီတွင် ယေရှုခရစ်သည် “ငတ်မွတ်သောသူ အော်ဟစ်သောအခါ” ချမ်းသာပေးတော်မူလိမ့်မည်။ (ဆာ. ၇၂:၁၂) ထိုအချိန်အထိ ကျွန်ုပ်တို့သည် ဆင်းရဲသောသူတို့အပါအဝင် အခြားသူများကို ကျမ်းစာပါ မျှော်လင့်ချက်သတင်းတရားဖြင့် နှစ်သိမ့်ပေးရသည့် အခွင့်ထူးရရှိကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ