မေးခွန်းသေတ္တာ
◼ ကျွန်ုပ်တို့ဝေငှသောစာပေများတွင် ကျွန်ုပ်တို့၏အီးမေးလ်လိပ်စာကို ပူးတွဲဖော်ပြသင့်သလော။
ကြေညာသူအချို့သည် ဝေငှမည့်မဂ္ဂဇင်းနှင့်ဝေစာများတွင် ကိုယ်ပိုင်အီးမေးလ်လိပ်စာကို တံဆိပ်တုံးနှိပ်၍ သို့မဟုတ် ပုံနှိပ်ထားသောလိပ်စာကို ကပ်၍ ဖော်ပြကြသည်။ သို့ဖြင့် စာပေကိုလက်ခံသူတို့သည် ထပ်ဆင့်အချက်အလက်များရရှိနိုင်ရန် ကြေညာသူနှင့် ဆက်သွယ်နိုင်သည်။ သူတို့သည် ရည်ရွယ်ချက်ကောင်းဖြင့် စိတ်ဝင်စားသူများကို ကူညီရန် ထိုသို့ကြိုးပမ်းကြသည်။ သို့သော် မဂ္ဂဇင်းနှင့်ဝေစာများ၏နောက်ကျောတွင် ကျွန်ုပ်တို့၏တရားဝင်ဝက်ဘ်ဆိုက်ကို ဖော်ပြပြီးဖြစ်သည်။ ထို့ကြောင့် စာပေများတွင် ကိုယ်ပိုင်အီးမေးလ်လိပ်စာ မဖော်ပြခြင်းသည် အကောင်းဆုံးဖြစ်သည်။
ကြေညာသူတစ်ဦးသည် ရပ်ကွက်ရှိလူတို့အား၊ အထူးသဖြင့် ပြန်လည်ပတ်မှုများအား သီးခြားစာရွက်ဖြင့် ဆက်သွယ်နိုင်သည့်လိပ်စာ ပေးမည်၊ မပေးမည်ကို ကိုယ်ပိုင်ဆုံးဖြတ်ရမည်။ စိတ်ဝင်စားသူများအား ထပ်ဆင့်အချက်အလက်အတွက် ကျွန်ုပ်တို့ကို ဆက်သွယ်စေမည့်အစား ကျွန်ုပ်တို့ဘက်မှ အစပြုကာ သူတို့ထံ ပြန်သွားသင့်သည်။ လူတစ်ဦးနှင့် မျက်နှာချင်းဆိုင်စကားပြောချိန်တွင် သူ့ကို စိတ်ရင်းမှန်ဖြင့်စိတ်ဝင်စားကြောင်း ပို၍တင်ပြနိုင်သည်။