ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၂ စာ. ၁-၄
  • မလွဲမရှောင် ပြန်လည်ပတ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မလွဲမရှောင် ပြန်လည်ပတ်ပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြန်လည်ပတ်မှုများပြုလုပ်ရန် ရဲစွမ်းသတ္တိရှိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ပြန်လည်ပတ်မှုများက ကျမ်းစာသင်အံမှုများရရှိစေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • အလိုရှိသည်—နောက်ထပ်ကျမ်းစာသင်အံမှုများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ပြင်ဆင်ခြင်း—ထိရောက်သောပြန်လည်ပတ်မှုများအတွက် သော့ချက်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၃/၉၂ စာ. ၁-၄

မလွဲမရှောင် ပြန်လည်ပတ်ပါ

၁ သတင်းကောင်း၏ဓမ္မအမှုဆောင်များဖြစ်ကြသဖြင့် တပည့်ဖြစ်စေရန် မိန့်မှာခံရသည်။ (မ၊ ၂၈:၁၉၊ ၂၀) တပည့်ဖြစ်စေခြင်းလုပ်ငန်း၏ အရေးကြီးကဏ္ဍတစ်ခုမှာ ပြန်လည်ပတ်မှုများပြုလုပ်ခြင်းဖြစ်သည်။ အသက်ရှင်ရေးသေရေးနှင့်ပတ်သက်နေသည့်အတွက် ပထမအစတွင်ဖော်ပြသည့်စိတ်ဝင်စားမှုကို ပျိုးထောင်ပြုစုပေးရန် အတတ်နိုင်ဆုံးကြိုးစားလိုပါသည်။

၂ စာပေယူထားသူတိုင်းသည် ပြန်လည်ပတ်မှုရထိုက်သူဖြစ်သည်ဟု ကျွန်ုပ်တို့ယူဆသင့်သည်။ သို့သော် စာအုပ်စာတမ်းဝေငှထားသည့်အတွက် ပြန်လည်ပတ်ရခြင်းမဖြစ်သင့်။ များစွာသောသူတို့သည် စာပေများကိုမယူသော်လည်း သတင်းတရားကို ဆွေးနွေးလိုစိတ်ရှိသည်။ ထိုကြောင့် စိတ်ဝင်စားပုံရှိလျှင် ပြန်လည်ပတ်သွားပြီး ယင်းကိုကြိုးစားပျိုးထောင်ပြုစုပေးသင့်သည်။

၃ စာအုပ်ယူထားသူများထံ ပြန်လည်ပတ်သွားခြင်း။ ပြန်လည်ပတ်မှုအရေအတွက်ထက် ဝေငှထားသည့်စာအုပ်ပေါင်းအရေအတွက်သည် သာလွန်များပြားနေသည့်အတွက် ဤကဏ္ဍတွင် တိုးတက်စရာများစွာလိုပါသေးသည်။ ရှေ့ဆောင်တစ်ဦးသည် စာအုပ်ယူထားသည့်အိမ်ရှင်၌ စိတ်ဝင်စားမှုမတွေ့သလောက်ဖြစ်ခဲ့သည်။ တစ်နေ့သော် အခြားပြန်လည်ပတ်မှုများပြုလုပ်ပြီးနောက် ထိုသူထံပြန်လည်ပတ်သွားရန် သူစိတ်ဆုံးဖြတ်ခဲ့သည်။ သူနှင့် ကျမ်းစာသင်အံမှုစနိုင်ခဲ့သည်။

၄ ညီအစ်ကိုတစ်ဦးသည် လူတစ်ယောက်နှင့် မဂ္ဂဇင်းနှစ်စောင်ဝေငှခဲ့သည်။ ထိုသူသည် စိတ်ဝင်စားမှုမရှိဟုအထင်ရှိပြီး နောက်ပိုင်းသူ့ကိုမေ့ထားမိသည်။ ရက်အနည်းငယ်အကြာတွင် ဒေသခံအသင်းတော်သို့စာရေး၍ နှစ်ခြင်းယူနိုင်ရန် တောင်းခံခဲ့သည်။ သာသနာပြုညီအစ်မတစ်ဦးသည် ကြေညာသူအဖြစ်သို့ လူပေါင်း ၇၄ ဦးကိုကူညီပေးနိုင်ခဲ့သည့်အတွက် အထူးခြားဆုံးအချက်ကား အဘယ်နည်းဟုမေးမြန်းခံရသောအခါ သူက “ကျွန်မတို့ မဂ္ဂဇင်းလုပ်ငန်း၌များစွာပါဝင်ခဲ့တယ်။ မဂ္ဂဇင်းယူထားသူများနှင့် ကျမ်းစာသင်အံမှုများ မစနိုင်မချင်း ပြန်လည်ပတ်မှုများပြုလုပ်ခဲ့တယ်။”

၅ တစ်ခါတစ်ရံ ပထမရောက်ရှိချိန်တွင် အိမ်ရှင်အားဝေစာသာဝေငှနိုင်သည့်အခါမျိုးရှိသည်။ မကြာခဏ ဝေစာကိုအသုံးပြု၍ ကျမ်းစာသင်အံနည်းကို ထိရောက်စွာပြသနိုင်ခဲ့သည်။ အခြားကြေညာသူတစ်ဦးနှင့်အတူ အမှုဆောင်ခဲ့သော တိုက်နယ်တစ်ဦးသည် အမျိုးသမီးတစ်ဦးနှင့် ဝေစာဝေထားနိုင်ခဲ့သည်။ တစ်ခဏသာ သူမနှင့်တွေ့ဆုံစကားပြောဆိုခဲ့ရသော်လည်း ပြန်လည်ပတ်သွားရန် ညီအစ်မအားတိုက်တွန်းခဲ့သည်။ ညီအစ်မလည်း ပြန်လည်ပတ်မှုပြု၍ ကျမ်းစာသင်အံမှုစခဲ့ပါသည်။

၆ စိတ်ဝင်စားမှုတင်ပြသည့်အခါ။ ပထမအကြိမ်လည်ပတ်ချိန်တွင် အိမ်ရှင်သည် စာပေများလက်မခံသည့်အတွက် စိတ်မဝင်စားဟူ၍ ယူမှတ်ရမည်မဟုတ်ပါ။ လူငယ်မောင်နှံတစ်တွဲထံ ပြန်လည်ပတ်သွားရာတွင် သူတို့တွင်ကျွန်ုပ်တို့စာပေများရှိထားနှင့်ပြီးဖြစ်၍ တစ်ချိန်ကကျမ်းစာသင်အံမှုလက်ခံခဲ့ဖူးကြောင်း သိရှိခဲ့သည်။ ကျမ်းစာဆက်လေ့လာရန် ကမ်းလှမ်းခံရသောအခါ သူတို့လွယ်ကူစွာလက်ခံခဲ့သည်။ အမျိုးသမီးတစ်ဦးသည်မဂ္ဂဇင်းများကိုမယူ အမြဲငြင်းပယ်ခဲ့သော်လည်း သူ၌စိတ်ဝင်စားမှုရှိသည်ဟု အထူးရှေ့ဆောင်တစ်ဦးယူမှတ်သည်။ သို့နှင့်မဂ္ဂဇင်းများကိုဘေးချထားကာ စာအုပ်ငယ်ကလေးတစ်ခု၌ အပိုဒ်အနည်းငယ်ကို သူနှင့်ဆွေးနွေးခဲ့သည်။ နောက်ထပ်အနည်းငယ် လည်ပတ်ပြီးနောက် သူမသည် တစ်ပတ်လျှင်နှစ်ကြိမ် ကျမ်းစာလေ့လာနေသည်။

၇ မိမိကိုယ်ကို ယေဟောဝါထံဆက်ကပ်အပ်နှံသူတိုင်း တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင်ပါဝင်ရန် တာဝန်ရှိသည်ဟုယူမှတ်သင့်သည်။ စိတ်ဝင်စားမှုတင်ပြသူတိုင်းထံ မှန်မှန်ပြန်လည်ပတ်စဉ် ကိုယ်ကိုလည်းကောင်း၊ ‘ကိုယ့်ကိုနားထောင်သူများ’ ကိုလည်းကောင်း များစွာအကျိုးပြုသည့်အသီးများကို ရိတ်သိမ်းနိုင်ပါလိမ့်မည်။​—၁ တိ၊ ၄:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ