ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၇ စာ. ၄
  • မတွန့်ဆုတ်နှင့်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မတွန့်ဆုတ်နှင့်!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်စကားတော်ကို သတ္တိရှိရှိ ဟောပြောလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ —အာမုတ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • လူမျိုးတစ်မျိုး၏ ကွယ်လွန်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • အာမုတ် သဖန်းသီး ဆွတ်သောသူသို့မဟုတ် ဖောက်သောသူလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၁၁/၀၇ စာ. ၄

မတွန့်ဆုတ်နှင့်!

၁။ ကျွန်ုပ်တို့သည် မည်သည့်နည်းဖြင့် ‘ကျေးဇူးမပြုဘဲမနေကြ’ သနည်း။

၁ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ထက်သန်စွာကြေညာခြင်းဖြင့် ရပ်ကွက်ရှိသူတို့အား ‘ကျေးဇူးမပြုဘဲမနေ’ ကြပါ။ (သု. ၃:၂၇) ဘုရားသခင့်အုပ်ချုပ်မှုအောက် ခံစားရမည့် ပျော်ရွှင်ဖွယ်အချိန်နှင့်ပတ်သက်သောသတင်းသည် လူတို့ကိုဝေမျှနိုင်သော အကောင်းဆုံးသတင်းဖြစ်သည်။ သင်သည် အလွတ်သဘောသက်သေခံခြင်း၊ စာပေများဝေငှခြင်းဖြင့် နိုင်ငံတော်မျှော်လင့်ချက်ကို ထက်သန်စွာကြေညာမည်ဖြစ်သော်လည်း ကျမ်းစာသင်အံမှုမရှိသေးပါက သင်အံမှုတစ်ခုကျင်းပရန် ပန်းတိုင်ထားသင့်သည်။

၂။ အဘယ်အရာက ကျမ်းစာသင်အံမှုကျင်းပရန် တွန့်ဆုတ်စေနိုင်သနည်း။

၂ ကျမ်းစာသင်အံမှုမကျင်းပနိုင်သည့် အကြီးမားဆုံးအတားအဆီးတစ်ခုမှာ ကျွန်ုပ်တို့ကိုယ်တိုင်၏ခံစားချက်ဖြစ်လေ့ရှိသည်။ အချို့မှာ အရည်အချင်းမပြည့်မီဟုခံစားရသောကြောင့် သို့မဟုတ် အလုပ်များသောကြောင့် ကျမ်းစာသင်အံမှုကျင်းပရန် တွန့်ဆုတ်ကြသည်။ ကျမ်းစာသင်အံမှုကျင်းပရာတွင် မတွန့်ဆုတ်ရန် အောက်ပါအကြံပြုချက်များက သင့်ကိုကူညီပေးနိုင်ပါသည်။—မ. ၂၈:၁၉; တ. ၂၀:၂၀။

၃။ သမ္မာကျမ်းစာကို သွန်သင်ပေးရန် ကျွန်ုပ်တို့အဘယ်ကြောင့် အရည်အချင်းပြည့်မီကြသနည်း။

၃ ယုံကြည်စိတ်ချမှုမရှိခြင်း– သင်သည် ကျောင်းပညာအနည်းငယ်သာရှိခြင်း သို့မဟုတ် အခြားအကြောင်းများကြောင့် ကျမ်းစာသင်အံမှုကျင်းပရန် ယုံကြည်စိတ်ချမှုမရှိဘဲ ဖြစ်နိုင်သည်။ ပထမရာစုမှ ထိရောက်သောဓမ္မအမှုဆောင်များသည် “လူတတ်မဟုတ်၊ လူသာမညသာဖြစ်” ကြ၏။ သူတို့သည် အဘယ်ကြောင့် အခြားသူများကို အမှန်တရားသွန်သင်ပေးနိုင်ခဲ့သနည်း။ သူတို့သည် ကြီးမြတ်သောဆရာ “ယေရှုနှင့်အတူရှိ” ခဲ့ပြီး ကိုယ်တော့်ထံမှ သင်ယူခဲ့ကြသောကြောင့်ဖြစ်သည်။ (တ. ၄:၁၃) ယနေ့ ကိုယ်တော်၏သွန်သင်ချက်များနှင့် နည်းစနစ်များကို ကျွန်ုပ်တို့အတွက် ကျမ်းစာတွင်ဖော်ပြထားသည်။ ထို့ကြောင့် သင်သည် ကျောင်းပညာအနည်းငယ်သာရှိပါစေ ယင်းထက်များစွာသာလွန်သော ပညာရေးကို ရရှိနေပါသည်။—ဟေရှာ. ၅၀:၄; ၂ ကော. ၃:၅။

၄။ အာမုတ်၏ပုံသက်သေမှ အဘယ်အရာသင်ယူနိုင်သနည်း။

၄ ဆိုးသွမ်းသောအုပ်စိုးရှင်များနှင့် အရာရှိများကို ဆုံးမရန် တစ်ခါတစ်ရံ ပရောဖက်များကို ယေဟောဝါ အသုံးပြုခဲ့သည်။ ပရောဖက်အချို့သည် အာမုတ်နည်းတူ နိမ့်ကျသောနောက်ခံမှဖြစ်ကြ၏။ အာမုတ်က “ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်ဘဲ နွားကျောင်းသောသူ၊ သဖန်းသီးကိုဆွတ်သောသူ” ဖြစ်၏ဟု ဝန်ခံခဲ့သည်။ (အာ. ၇:၁၄) သို့သော် နွားရုပ်ကိုးကွယ်သော ယဇ်ပုရောဟိတ်အာမဇိကို ယေဟောဝါ၏တရားစီရင်ချက်အကြောင်း ကြေညာရာတွင် အာမုတ် မတွန့်ဆုတ်ခဲ့ပေ။ (အာ. ၇:၁၆၊ ၁၇) ကျွန်ုပ်တို့သည် ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်နေကြောင်း၊ ထိုတာဝန်အတွက် ကျွန်ုပ်တို့ကို ကိုယ်တော် အရည်အချင်းပြည့်မီစေမည်ဖြစ်ကြောင်း အမြဲအမှတ်ရနေရမည်။—၂ တိ. ၃:၁၇။

၅။ ကျွန်ုပ်တို့အလုပ်များသည့်တိုင် ကျမ်းစာသင်အံမှုတစ်ခုစတင်ရန် အဘယ်ကြောင့် ကြိုးစားသင့်သနည်း။

၅ အလုပ်များခြင်း– သင်သည် အလုပ်များသည့်တိုင် ဓမ္မအမှုတွင် မှန်မှန်ပါဝင်နိုင်ရန် အချိန်ဖယ်ထားပေမည်။ ကျမ်းစာသင်အံမှုကျင်းပခြင်းသည် ဓမ္မအမှု၏ ပျော်ရွှင်စရာအကောင်းဆုံးကဏ္ဍတစ်ခု ဖြစ်နိုင်သည်။ ယေဟောဝါ၏နှုတ်ကပါဌ်တော်သည် လူတစ်ဦး၏အသက်တာကို ပြုပြင်ပြောင်းလဲပေးကြောင်း မြင်တွေ့ရခြင်းက အခွင့်ထူးပင်ဖြစ်၏။ (ဟေဗြဲ ၄:၁၂) လူတစ်ဦး “သမ္မာတရားကိုသိစေ” ရန် ကျွန်ုပ်တို့၏ကိုယ်ကျိုးစွန့်ကူညီပေးမှုများကို ယေဟောဝါ နှစ်သက်တော်မူသည်။ (၁ တိ. ၂:၄) လူတစ်ဦးသည် နောင်တယူပြီး မိမိလမ်းစဉ်ဟောင်းကိုစွန့်ကာ ဘုရားသခင့်ကျေးကျွန်တစ်ဦးအဖြစ် တိုးတက်လာသောအခါ ကောင်းကင်တမန်များပင် ဝမ်းမြောက်ကြသည်။—လု. ၁၅:၁၀။

၆။ ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ရာတွင် အဘယ်အခွင့်ထူးရရှိထားသနည်း။

၆ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။” (၁ တိ. ၂:၄) ထို့ကြောင့် မတွန့်မဆုတ်ဘဲ ကျမ်းစာသင်အံမှုများကျင်းပခြင်းဖြင့် ဘုရားသခင့်အလိုတော်နှင့်အညီ လုပ်ဆောင်ခြင်းသည် အခွင့်ထူးတစ်ရပ်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ