ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၀၈ စာ. ၁
  • ဟောပြောခြင်းတွင် ခံနိုင်ရည်လိုအပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟောပြောခြင်းတွင် ခံနိုင်ရည်လိုအပ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ခံနိုင်ရည်—ခရစ်ယာန်များအတွက် အရေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါစေ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခံနိုင်ရည် ရှိသူ ယေရှုအကြောင်း “အသေအချာ စဉ်းစားကြည့်ပါ”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၁၂/၀၈ စာ. ၁

ဟောပြောခြင်းတွင် ခံနိုင်ရည်လိုအပ်

၁ တမန်တော်ပေါလုသည် နှစ်ပေါင်း ၃၀ ကျော်ကြာ သတင်းကောင်းဟောပြောသူတစ်ဦးအနေနှင့် စိတ်ကျေနပ်မှုခံစားခဲ့ရသည်။ ကြိုးစားအားထုတ်ရကျိုးနပ်သည့် မည်သည့်အလုပ်မဆိုကဲ့သို့ပင် သူသည် ဟောပြောခြင်းလုပ်ငန်းတွင် အခက်အခဲတချို့နှင့် ရင်ဆိုင်ခဲ့ရသည်။ (၂ ကော. ၁၁:၂၃-၂၉) သို့သော် ပေါလု လက်မလျှော့ခဲ့ပါ။ (၂ ကော. ၄:၁) ပေါလုသည် မိမိ၏ဓမ္မအမှုကို ပြီးမြောက်အောင်ဆောင်ရွက်နေစဉ် မိမိအား ခံနိုင်ရည်ရှိစေသည့်ခွန်အားသည် ယေဟောဝါထံမှလာခြင်းဖြစ်ကြောင်း သိနားလည်ခဲ့သည်။ (ဖိ. ၄:၁၃) မိမိ၏သစ္စာရှိခံနိုင်ရည်ပုံသက်သေကြောင့် ပေါလုဤသို့ပြောနိုင်ခဲ့သည်– “ငါသည် ခရစ်တော်၏နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူကျင့်ကြလော့။”​—၁ ကော. ၁၁:၁။

၂ ယနေ့အချိန်တွင် စမ်းသပ်မှုများကို ခံရပ်ခြင်း– နေ့ရက်တိုင်းတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများစွာသည် ကဲ့ရဲ့လှောင်ပြောင်မှု၊ ဆန့်ကျင်မှု သို့မဟုတ် မိသားစုဝင်များ၊ အလုပ်ဖော်များ၊ ကျောင်းနေဖက်များ၏လျစ်လျူရှုမှုတို့ကို ရင်ဆိုင်နေရသည်။ (မ. ၁၀:၃၅; ယော. ၁၅:၂၀) သင်လည်း ထိုသို့ကြုံတွေ့နေရပေမည်။ အခြားတစ်ဖက်တွင်မူ၊ သင်သည် ကျန်းမာရေးပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရပေမည် သို့မဟုတ် သင့်ယုံကြည်ခြင်းနှင့်ခံနိုင်ရည်ကို စမ်းသပ်သော နှောင့်ယှက်မှုများနှင့် သွေးဆောင်မှုများကို နေ့စဉ်ဆိုင်ပြိုင်တိုက်လှန်နေရပေမည်။ ကျွန်ုပ်တို့သည် ရှေးခေတ် သစ္စာရှိကျေးကျွန်များအပြင် မျက်မှောက်ခေတ်တွင် စိန်ခေါ်ချက်များကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သော ခရစ်ယာန်ချင်းများ၏ ပုံနမူနာများကို သုံးသပ်ခြင်းဖြင့် ခွန်အားရရှိနိုင်ပါသည်။​—၁ ပေ. ၅:၉။

၃ “ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုဝတ်” ဆင်ထားကြောင်း သေချာစေခြင်းဖြင့် ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ဆက်လက်စွဲမြဲနေရန် ခွန်အားရရှိနိုင်ပါသည်။ (ဧ. ၆:၁၀-၁၃၊ ၁၅) ခံနိုင်ရည်ရှိရန် ဆုတောင်းခြင်းသည်လည်း မရှိမဖြစ်လိုအပ်သည်။ ဘုရားသခင်သည် မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကို ပေးသနားတော်မူသည့်အတွက် စမ်းသပ်မှုများကို ကျွန်ုပ်တို့ခံရပ်နိုင်ကြသည်။ (၂ ကော. ၆:၄-၇) ကျွန်ုပ်တို့သည် ဝိညာဏတိုက်ပွဲတွင်အောင်မြင်ရန် ကျွန်ုပ်တို့၏စိတ်ဓာတ်ကို အားသစ်လောင်းဖို့ ဘုရားသခင့်သတိပေးချက်များကို လိုက်နာရမည်ဖြစ်သည်။ (ဆာ. ၁၁၉:၂၄၊ ၈၅-၈၈) ကလေးငယ်တစ်ဦးသည် မေတ္တာရှိဖခင်တစ်ဦးထံမှ စာတစ်စောင်ကို အကြိမ်ကြိမ်ဖတ်သည့်နည်းတူ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းသည် ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပိုမိုခိုင်ခံ့စေသည်။ ကျွန်ုပ်တို့သည် ကိုယ်ပိုင်လေ့လာမှုကို ပုံမှန်ပြုလုပ်ခြင်းဖြင့် စမ်းသပ်မှုများကိုရင်ဆိုင်ဖြေရှင်းနိုင်ရန် ဉာဏ်ပညာရရှိပါလိမ့်မည်၊ ယင်းသို့ပြုလုပ်ခြင်းသည် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များအပေါ် ဘုရားသခင့်အတွေးအခေါ် လွှမ်းမိုးပြီး ကျွန်ုပ်တို့၏သမာဓိကို ခိုင်ခံ့မြဲမြံစေသည်။​—သု. ၂:၁၀၊ ၁၁။

၄ ခံနိုင်ရည်ရှိခြင်းက ကောင်းချီးများကိုဖြစ်စေ– ပေါလု၏အဖြစ်တွင် မှန်ကန်ခဲ့သကဲ့သို့ ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်စေရာတွင် သစ္စာရှိရှိခံရပ်ခြင်းက ယေဟောဝါ၏စိတ်တော်ကို ရွှင်လန်းအောင်ပြုလုပ်ရာရောက်ပြီး ကျွန်ုပ်တို့နှင့်အခြားသူများကို ကောင်းချီးများရရှိစေပါသည်။ (သု. ၂၇:၁၁) ဓမ္မအမှုတွင် ဇွဲမလျှော့ဘဲ ကြိုးစားလုပ်ဆောင်ဖို့ ဆုံးဖြတ်နိုင်ကြပါစေ။ သို့ဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ခိုင်ခံ့မြဲမြံကြောင်းနှင့် “မီးဖြင့် စစ်ဆေးပြီးဖြစ်သော်လည်း ပျက်စီးတတ်သော ရွှေထက် . . . များစွာသာ၍အဖိုးတန်” ကြောင်းသက်သေထူရာရောက်သည်။​—၁ ပေ. ၁:၆၊ ၇၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ