ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၂ စာ. ၁၁-၁၃
  • ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ဆောင်ပေးမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ဆောင်ပေးမလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော် လုပ်ဆောင်ပေးခဲ့တဲ့အရာ
  • ဘုရားသခင့်နိုင်ငံတော်က နောက်ထပ် ဘာတွေ လုပ်ပေးဦးမလဲ
  • လူသားတွေအတွက် ဘုရားသခင့်နိုင်ငံတော်က ဘာလုပ်ပေးမလဲ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားသခင့်နိုင်ငံတော် ဘာလုပ်ပေးမလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • “ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံ”
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၂ စာ. ၁၁-၁၃
မြစ်တစ်စင်း ရေတံခွန်ဘက်ကို စီးဆင်းလာစဉ်။ မြစ်ဘေးမှာ နှင်းဖုံးနေတဲ့ တောင်တန်းတွေ၊ သစ်တောတွေကို တွေ့ရစဉ်။

ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ဆောင်ပေးမလဲ

နိုင်ငံတော်လာပါစေလို့ ဆုတောင်းဖို့ တပည့်တွေကို ယေရှု သင်ပေးခဲ့တယ်။ ကမ္ဘာပေါ်မှာဖြစ်နေတဲ့ ဖြစ်ရပ်ဆိုးတွေကို ဘုရား အလိုမရှိဘူး။ အဲဒီပြဿနာတွေကို ဘုရားနိုင်ငံတော်ကပဲ ဖြေရှင်းပေးနိုင်တယ်ဆိုတာ ယေရှု သိတယ်။ ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ဆောင်ပေးမလဲ။

ဘုရားသခင့်နိုင်ငံတော် လုပ်ဆောင်ပေးခဲ့တဲ့အရာ

ယေရှုပြောခဲ့တဲ့ နိမိတ်တွေအကြောင်း ပြီးခဲ့တဲ့ ဆောင်းပါးမှာ ဆွေးနွေးခဲ့ကြတယ်။ အဲဒီနိမိတ်တွေက ဘုရင်အနေနဲ့ ယေရှုခရစ် အုပ်ချုပ်တဲ့ ဘုရားနိုင်ငံတော် ကောင်းကင်မှာ တည်ထောင်ပြီဆိုတာ ဖော်ပြတဲ့ အထောက်အထားတွေ ဖြစ်တယ်။

ယေရှု နိုင်ငံတော်အာဏာရတာနဲ့ ကောင်းကင်ကနေ စာတန်နဲ့ နတ်ဆိုးတွေကို နှင်ထုတ်မယ်လို့ ကျမ်းစာ ပြောတယ်။ အခုဆိုရင် စာတန်နဲ့ နတ်ဆိုးတွေဟာ မြေကြီးပေါ်မှာပဲ လှုပ်ရှားနိုင်တော့တယ်။ အဲဒါကြောင့် ၁၉၁၄ ခုနှစ်ကစပြီး ကမ္ဘာပေါ်မှာ အဖြစ်ဆိုးတွေ ကြုံတွေ့နေရတာဖြစ်တယ်။—ဗျာဒိတ် ၁၂:၇၊ ၉။

ကမ္ဘာ့အခြေအနေတွေ ဆိုးလာတဲ့ကြားမှာ ဘုရားနိုင်ငံတော်ဘုရင် ယေရှုဟာ ကမ္ဘာတစ်ဝန်းက လူတွေ အကျိုးအတွက် လုပ်ဆောင်နေပါတယ်။ ယေရှု ကြိုပြောခဲ့တဲ့ ကမ္ဘာချီ ကျမ်းစာပညာပေးလုပ်ငန်းကြောင့် လူများစွာဟာ ကျမ်းစာကို လေ့လာသင်ယူနေပြီး ဘဝမှာ လက်တွေ့ ကျင့်သုံးနေကြတယ်။ (ဟေရှာယ ၂:၂-၄) သန်းနဲ့ချီတဲ့သူတွေဟာ အလုပ်နဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို အဓိကမထားဘဲ ပျော်ရွှင်တဲ့မိသားစုဘဝ ရရှိနိုင်ပုံကို သင်ယူသိရှိခဲ့ကြပြီ။ သူတို့ဟာ လက်ရှိဘဝ တိုးတက်ဖို့၊ ဘုရားနိုင်ငံတော်ရဲ့ နိုင်ငံသားကောင်းတွေ ဖြစ်ဖို့ သင်ယူနေကြတယ်။

ဘုရားသခင့်နိုင်ငံတော်က နောက်ထပ် ဘာတွေ လုပ်ပေးဦးမလဲ

ကောင်းကင်မှာ ယေရှု အုပ်ချုပ်နေပြီဖြစ်ပေမဲ့ မြေကြီးမှာတော့ လူ့အစိုးရတွေ အုပ်ချုပ်နေတုန်းပဲ။ ဒါပေမဲ့ ဘုရားသခင်က ယေရှုကို “ရန်သူတွေအလယ်မှာ သွားအုပ်စိုးပါ” လို့ ညွှန်ကြားခဲ့တယ်။ (ဆာလံ ၁၁၀:၂) မကြာခင်မှာ ယေရှုက ဆန့်ကျင်သူအားလုံးကို အစအနမကျန် ဖျက်ဆီးပြီး ဘုရားသခင်ကို လိုလိုလားလား နာခံသူတွေကို ကယ်တင်ပါလိမ့်မယ်။

မကြာခင်မှာ ဘုရားနိုင်ငံတော်က အောက်ပါအချက်တွေကို လုပ်ဆောင်ပါလိမ့်မယ်။

  • မှားယွင်းတဲ့ဘာသာကို ဖျက်ဆီးမယ်။ ဘုရားသခင်အကြောင်း မဟုတ်မမှန် သွန်သင်ပြီး လူတွေကို ဖိနှိပ်တဲ့ ဘာသာတရားတွေကို ဖယ်ရှားမယ်။ ကျမ်းစာမှာ မှားယွင်းတဲ့ဘာသာကို ပြည့်တန်ဆာနဲ့ ပုံခိုင်းထားတယ်။ သူပျက်စီးသွားလို့ လူတွေ အထိတ်တလန့် ဖြစ်ကုန်တယ်။—ဗျာဒိတ် ၁၇:၁၅၊ ၁၆။

  • လူ့အုပ်ချုပ်မှုကို အဆုံးတိုင်စေမယ်။ ဘုရားသခင့်နိုင်ငံတော်က လူ့အုပ်ချုပ်မှုအားလုံးကို ဖယ်ရှားပစ်ပါလိမ့်မယ်။—ဗျာဒိတ် ၁၉:၁၅၊ ၁၇၊ ၁၈။

  • လူဆိုးတွေကို ဖျက်ဆီးမယ်။ မကောင်းတာတွေလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဘုရားကို နာခံဖို့ ငြင်းဆန်သူတွေကော။ “လူဆိုးတွေကတော့ ကမ္ဘာမြေပေါ်ကနေ ပယ်ရှင်းခံရလိမ့်မယ်။”—ပညာအလိမ္မာ ၂:၂၂။

  • စာတန်နဲ့ နတ်ဆိုးတွေကို ဖယ်ရှားမယ်။ စာတန်နဲ့ နတ်ဆိုးတွေဟာ ‘လူမျိုးတွေကို လှည့်ဖြား’ နိုင်တော့မှာ မဟုတ်ဘူး။—ဗျာဒိတ် ၂၀:၃၊ ၁၀။

အထက်ပါအချက်တွေက ဘုရားနိုင်ငံတော်ကို လက်ခံသူတွေအတွက် ဘာအဓိပ္ပာယ် ရှိသလဲ။

လူသားတွေအတွက် ဘုရားသခင့်နိုင်ငံတော်က ဘာလုပ်ပေးမလဲ

ယေရှုဟာ ကောင်းကင်ကနေ အုပ်ချုပ်ပြီး လူ့အုပ်စိုးရှင်တွေ လုပ်ပေးနိုင်တာထက် အဆပေါင်းများစွာ ပိုလုပ်ပေးပါလိမ့်မယ်။ လူသားတွေထဲက ရွေးချယ်ထားတဲ့ ပူးတွဲအုပ်ချုပ်သူ ၁၄၄,၀၀၀ က ယေရှုကို ကူညီပေးပါလိမ့်မယ်။ (ဗျာဒိတ် ၅:၉၊ ၁၀။ ၁၄:၁၊ ၃) ဘုရားအလိုတော် ကမ္ဘာမြေမှာ ပြည့်စုံလာအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ ဘုရားနိုင်ငံတော်က ကမ္ဘာမြေမှာ နေထိုင်သူတွေအတွက် ဘာတွေ လုပ်ပေးမလဲ။

  • ဖျားနာမှုနဲ့ သေခြင်းကို ဖယ်ရှားပေးမယ်။ “ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး။” “သေခြင်းရှိတော့မှာ မဟုတ်ဘူး။”—ဟေရှာယ ၃၃:၂၄။ ဗျာဒိတ် ၂၁:၄။

  • စစ်မှန်တဲ့ ငြိမ်သက်မှုနဲ့ လုံခြုံမှုရှိမယ်။ “ငြိမ်သက်ခြင်းကောင်းချီးကို သူတို့ အလျှံပယ်ခံစားရလိမ့်မယ်။” “လူတိုင်းက ကိုယ့်စပျစ်ပင်၊ ကိုယ့်သဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မယ်။ ခြောက်လှန့်တဲ့သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။”—ဟေရှာယ ၅၄:၁၃။ မိက္ခာ ၄:၄။

  • အဓိပ္ပာယ်ပြည့်ဝတဲ့ အလုပ်အကိုင်တွေ ရှိမယ်။ ‘ကိုယ့်လုပ်အားရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရလိမ့်မယ်။ အပင်ပန်းခံခဲ့သမျှ အချည်းနှီးဖြစ်မှာ မဟုတ်ဘူး။’—ဟေရှာယ ၆၅:၂၂၊ ၂၃။

  • သဘာဝပတ်ဝန်းကျင် ပြဿနာတွေ ပြေလည်သွားမယ်။ “တောကန္တာရနဲ့ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ပျော်မြူးလိမ့်မယ်။ ကန္တာရလွင်ပြင်လည်း ရွှင်လန်းပြီး ကုံကုမံပန်းတွေလို ဝေဆာလိမ့်မယ်။”—ဟေရှာယ ၃၅:၁။

  • ထာဝရအသက်ရစေမယ့် အသိပညာတွေ သင်ကြားပေးမယ်။ “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။”—ယောဟန် ၁၇:၃။

ဘုရားသခင်က သင့်ကို အဲဒီကောင်းချီးတွေ ခံစားစေချင်တယ်။ (ဟေရှာယ ၄၈:၁၈) ကောင်းမွန်လှတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်အောင် သင် အခု ဘာလုပ်ရမယ်ဆိုတာ နောက်ဆောင်းပါးမှာ ဖော်ပြပါလိမ့်မယ်။

လူ့အုပ်ချုပ်မှုကြောင့် နှစ်ပေါင်းများစွာအတွင်း ထိခိုက်နစ်နာခဲ့သမျှကို ဘုရားနိုင်ငံတော်က ဖယ်ရှားပေးမယ်။ ဘုရားနိုင်ငံတော် လုပ်ဆောင်ပေးမယ့်အရာတွေကတော့

  • မောင်နှံတစ်စုံ သစ်တောလမ်းမှာ ဖြေးဖြေးမှန်မှန် ပြေးနေစဉ်။

    ဒေါင်ဒေါင်မြည် ကျန်းမာရေး

  • မိသားစုတစ်စု ဥယျာဉ်တစ်ခုမှာ ပျော်ပွဲစားထွက်နေစဉ်။ ဖခင်က ဂစ်တာတီးနေစဉ်။

    ငြိမ်းချမ်းမှုနဲ့ လုံခြုံမှု

  • မောင်နှံတစ်စုံ ပန်းဥယျာဉ်ကို ပြုစုနေကြစဉ်။

    အဓိပ္ပာယ်ပြည့်ဝတဲ့ အလုပ်အကိုင်

  • မြစ်တစ်စင်း ရေတံခွန်ဘက်ကို စီးဆင်းလာစဉ်။ မြစ်ဘေးမှာ နှင်းဖုံးတောင်တန်းတွေ၊ သစ်တောတွေကို တွေ့ရစဉ်။

    သန့်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ