မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇန်နဝါရီ ၁
“ပတ်ဝန်းကျင်ပျက်စီးယိုယွင်းလာတာကို ဘုရားသခင် စိတ်ပူတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဗျာဒိတ် ၁၁:၁၈ ကိုဖတ်ပါ။] ကမ္ဘာမြေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင်သင့်တဲ့ ကျမ်းစာအကြောင်းရင်းတွေကို ဒီဆောင်းပါးမှာဖော်ပြထားတယ်။” စာမျက်နှာ ၁၈ မှဆောင်းပါးကို ဖော်ပြပါ။
နိုးလော့! ဇန်နဝါရီ
“လူအတော်များများက ပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ဒဏ်ခတ်တယ်လို့ ထင်ကြတယ်။ မိတ်ဆွေကော အဲဒီလိုထင်မိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ယာကုပ် ၁:၁၃ ကိုဖတ်ပါ။] ကျွန်တော်တို့ရင်ဆိုင်ရတဲ့ပြဿနာတွေရဲ့ အရင်းခံအကြောင်းရင်းနဲ့ ဒီပြဿနာတွေ မကြာခင်အဆုံးတိုင်တော့မယ်ဆိုတာကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်တယ်ဆိုတဲ့အကြောင်းတွေကို ဒီဆောင်းပါးမှာ ရှင်းပြထားတယ်။” စာမျက်နှာ ၂၀ မှဆောင်းပါးကို ဖော်ပြပါ။
ကင်းမျှော်စင် ဖေဖော်ဝါရီ ၁
“ဘာသာတရားတိုင်းကို ဘုရားသခင်လက်ခံတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အဲဒါနဲ့ပတ်သက်ပြီး ယေရှုဒီလိုပြောထားတယ်။ [မဿဲ ၁၅:၈၊ ၉ ကိုဖတ်ပါ။] ဝတ်ပြုမှုပုံစံအားလုံးကို ဘုရားသခင်လက်ခံသလားဆိုတဲ့အကြောင်းကို ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။” စာမျက်နှာ ၉ မှဆောင်းပါးကို ဖော်ပြပါ။
နိုးလော့! ဖေဖော်ဝါရီ
“ကမ္ဘာမြေကို ဖန်ဆင်းထားတာက အသက်ကိုထောက်မပေးဖို့ဖြစ်တယ်ဆိုတဲ့အချက်ကို ကမ္ဘာပေါ်မှာရှိတဲ့အရာတိုင်းက ဖော်ပြနေတယ်။ ဒါဆိုရင် ကမ္ဘာကြီးက မတော်တဆပေါ်ပေါက်လာတယ်လို့ ထင်သလား ဒါမှမဟုတ် ဖန်ဆင်းရှင်တစ်ပါးက ပုံစံပြုထားတယ်ဆိုတာကို ဖော်ပြနေတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူတော်တော်များများက ဒီကျမ်းချက်ကို ထောက်ခံကြတယ်။ [ဆာလံ ၁၀၄:၂၄ ကိုဖတ်ပါ။] ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့အချက်ရဲ့ သိပ္ပံဆိုင်ရာနဲ့ ကျမ်းဆိုင်ရာအထောက်အထားတွေကို ဒီမဂ္ဂဇင်းမှာ ဆန်းစစ်ဖော်ပြထားတယ်။”