မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဖဖော်ဝါရီ ၁
“ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ဆုတောင်းချက်အားလုံးကို နားထောင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကိစ္စနဲ့ပတ်သက်ပြီး ယေရှု ဘာပြောသလဲဆိုတာ သတိပြုကြည့်ပါ။ [မဿဲ ၆:၇ ကိုဖတ်ပါ။] ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး မေးလေ့မေးထရှိတဲ့ မေးခွန်းလေးခုရဲ့ ကျမ်းဆိုင်ရာအဖြေကို ဒီစိတ်ဝင်စားဖွယ်ဆောင်းပါးက ဖော်ပြပေးပါတယ်။” စာမျက်နှာ ၁၆ မှအစပြုသည့် ဆောင်းပါးကိုပြပါ။
နိုးလော့! ဖေဖော်ဝါရီ
“ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးကို သက်ရှိတွေ ရှင်သန်နေဖို့အတွက် အကောင်းဆုံးပုံစံပြုထားတယ်ဆိုတာ မိတ်ဆွေသဘောတူပါလိမ့်မယ်။ ကမ္ဘာမြေကြီးရဲ့တည်နေရာ၊ နေကိုလှည့်ပတ်နေတဲ့လည်ပတ်နှုန်း၊ အစားအစာနဲ့ ရာသီဥတုတွေက ဘယ်အချက်ကို စဉ်းစားမိစေပါသလဲ။ (တမန်တော် ၁၄:၁၅-၁၇ ကိုဖတ်ပါ။) သက်ရှိတွေ ဆက်အသက်ရှင်နေနိုင်အောင် ကမ္ဘာမြေကြီးရဲ့ အံ့မခန်းဖွယ်ပြင်ဆင်ပေးထားတာတွေကို သုံးသပ်ထားတဲ့ ဒီမဂ္ဂဇင်းကို ထားပေးခဲ့ပါရစေ။”
ကင်းမျှော်စင် မတ် ၁
“ဘဝမှာဖြစ်ပျက်တဲ့အရာအားလုံးကို ကြိုတင်ဆုံးဖြတ်ထားတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] အဲဒါနဲ့ပတ်သက်ပြီး ကျမ်းစာကဘာပြောသလဲဆိုတာ သတိပြုကြည့်ပါ။ [ဒေသနာ ၉:၁၁ ကိုဖတ်ပါ။] ဘုရားသခင်ဟာ ကမ္ဘာမြေကြီးအတွက် တောက်ပတဲ့အနာဂတ်တစ်ခုကို ကြိုတင်စီမံထားပေမဲ့လည်း ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝလမ်းစဉ်ကိုရွေးချယ်ဖို့ ကျွန်တော်တို့ယောက်တိုင်းကို ခွင့်ပြုထားတယ်ဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြပေးပါတယ်။”
နိုးလော့! မတ်
“ယနေ့ လူများစွာဟာ အထူးသဖြင့် စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ ငွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြတယ်။ ဒါကို သင် သဘောတူပါသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဒီမျှတတဲ့အကြံပြုချက်ကို သတိပြုပါ။ [၁ တိမောသေ ၆:၈၊ ၁၀ ကိုဖတ်ပါ။] စိတ်ငြိမ်သက်စေတဲ့နည်းနဲ့ ငွေရေးကြေးရေးကိစ္စကို ကိုင်တွယ်နိုင်ဖို့ ကျွန်တော်တို့ကို ထောက်ကူပေးနိုင်တဲ့ ကျမ်းစာမူတချို့ကို ဒီမဂ္ဂဇင်းက ဖော်ပြပေးပါတယ်။”