ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၉ စာ. ၂
  • “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • အုပ်ချုပ်ရေးအဖွဲ့ထံမှ စာ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • “ဘုရားသခင်ကို ချစ်တယ်ဆိုတာ”
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၂/၀၉ စာ. ၂

“ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့”

၁။ “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” ဟူသောစာအုပ်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ဝေထားသနည်း။

၁ “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” ဟူသောစာအုပ်သစ်ကို ဖေဖော်ဝါရီ ၂၃ ရက်အပတ်မှစ၍ အသင်းတော်ကျမ်းစာလေ့လာမှု၌ လေ့လာရန် ကျွန်ုပ်တို့ အလွန်စိတ်စောနေကြသည်။ ယေဟောဝါအား ချစ်မြတ်နိုးသူယောက်တိုင်းထံ လိပ်မူထားသော အုပ်ချုပ်ရေးအဖွဲ့မှစာသည် ဤစကားများဖြင့် နိဂုံးချုပ်၏– “သင့်အသက်တာတွင် အမှန်တရားကို ဆက်၍ကျင့်သုံးနိုင်ရန်၊ ထိုသို့ပြုခြင်းဖြင့် ‘ထာဝရအသက်ကိုရည်မျှော်၍ . . . ဘုရားသခင့်မေတ္တာတော်၌တည်နေ’ ရန် ဤစာအုပ်က သင့်ကိုကူညီပေးမည်ဟု ကျွန်ုပ်တို့ အမှန်တကယ် မျှော်လင့်ပါသည်။​—ယုဒ ၂၁။”

၂။ ဤစာအုပ်သစ်သည် အဘယ်ဘဝကဏ္ဍများတွင် ကျွန်ုပ်တို့ကို ကူညီပေးလိမ့်မည်နည်း။

၂ စောင့်မျှော်ရမည့်အရာ– ကျမ်းစာမူများသည် အပေါင်းအသင်း၊ ဖျော်ဖြေရေး၊ အခွင့်အာဏာရှိသူများကို လေးစားမှု၊ ပင်ကိုဉာဉ်များ၊ အိမ်ထောင်ရေး၊ အပြောအဆို၊ ရိုးရာဓလေ့များစသောကဏ္ဍများနှင့် မည်သို့သက်ဆိုင်မှုရှိသနည်း။ ကျွန်ုပ်တို့၏သြတ္တပ္ပစိတ်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ပါသည့် မြင့်မားသောဖြောင့်မတ်မှုစံနှုန်းများနှင့်အညီ ပုံသွင်းခံရပါလိမ့်မည်။ (ဆာ. ၁၉:၇၊ ၈) ယေဟောဝါ၏ စဉ်းစားတွေးခေါ်ပုံကို ကျွန်ုပ်တို့ပို၍သိနားလည်လေ ကိုယ်တော့်စိတ်တော်နှင့်တွေ့လိုစိတ် ပို၍ပြင်းထန်လေဖြစ်လာပြီး ယင်းက ဘဝကဏ္ဍအားလုံးတွင် နာခံမှုတင်ပြရန် လှုံ့ဆော်ပေးပါလိမ့်မည်။​—သု. ၂၇:၁၁; ၁ ယော. ၅:၃။

၃။ အပတ်စဉ်ဆွေးနွေးသည့် သင်ခန်းစာတွင် ပါဝင်ရန် အဘယ်ကြောင့် အတတ်နိုင်ဆုံးကြိုးစားသင့်သနည်း။

၃ ပါဝင်ရန် စိတ်ပိုင်းဖြတ်ထားပါ– ဤစာအုပ်ကို ပြင်ဆင်စဉ် ဘုရားသခင်၏လူအစုအဝေးအလယ်တွင် ကိုယ်တော်ကို ချီးမွမ်းရန် ပန်းတိုင်ထားပါ။ (ဟေဗြဲ ၁၃:၁၅) ဤလေ့လာရန်စာအုပ်သစ်ကို အသင်းတော်တစ်ခုလုံး အတူတကွလေ့လာကြပါမည်။ အကြောင်းအရာအနည်းငယ်ကိုသာ အပတ်စဉ်လေ့လာမည်ဖြစ်သောကြောင့် စေ့စပ်စွာပြင်ဆင်နိုင်မည်ဖြစ်ရာ သိရှိလာရာကို ဝေမျှရန် ယုံကြည်စိတ်ချမှုရှိစေပါလိမ့်မည်။ ကောင်းမွန်စွာပြင်ဆင်ပြီးပေးသည့် မှတ်ချက်တိုများက မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် အခြားသူများကို တိုက်တွန်းနှိုးဆော်ပေးပြီး အကြောင်းအရာကို အဓိပ္ပာယ်ရှိစွာ တက်တက်ကြွကြွ ဆွေးနွေးနိုင်ရန် ထောက်ကူပေးပါလိမ့်မည်။ (ဟေဗြဲ ၁၀:၂၄) ထို့ပြင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအကြောင်း မှတ်ချက်ပေးခြင်းမှလည်း ပျော်ရွှင်မှုများစွာ ခံစားရပါလိမ့်မည်။

၄။ ယေဟောဝါ၏ပညတ်များကို စောင့်ရန် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။

၄ ယေဟောဝါ၏မေတ္တာတွင် တည်နေနိုင်ရန် ဘုရားသခင့်ပညတ်များကို စောင့်ဖို့လိုကြောင်း မိမိမသေဆုံးမီနောက်ဆုံးညတွင် ယေရှုဖော်ပြခဲ့သည်။ (ယော. ၁၅:၁၀) “ဘုရားသခင့်မေတ္တာတော်” စာအုပ်၏အကူအညီဖြင့် ကျွန်ုပ်တို့သည် နေ့စဉ်အသက်တာတွင် ကျမ်းစာမူများကို ကျင့်သုံးပြီး “ဘုရားသခင့်မေတ္တာတော်၌ တည်နေ” ရန် ယခင်ကထက် ပို၍သန္နိဋ္ဌာန်ချနိုင်ကြပါလိမ့်မည်။​—ယု. ၂၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ