ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၁၀ စာ. ၁
  • ကျွန်ုပ်တို့၏ ဦးစားထားရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ ဦးစားထားရာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ‘ခြေတော်ရာကို နီးကပ်စွာ လျှောက်လိုက်လော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ခရစ်ယာန်ဓမ္မအမှု—ကျွန်ုပ်တို့၏အဓိကလုပ်ငန်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • “အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နဓ ၇/၁၀ စာ. ၁

ကျွန်ုပ်တို့၏ ဦးစားထားရာ

၁။ ဓမ္မအမှုသည် မိမိအတွက် အရေးကြီးကြောင်း ယေရှုမည်သို့ပြသခဲ့သနည်း။

၁ ဓမ္မအမှုသည် ယေရှု၏ ဦးစားထားရာဖြစ်သည်။ ပါလက်စတိုင်းဒေသတစ်ခွင် မိုင်ရာနှင့်ချီ ခြေလျင်လျှောက်၍ လူများနိုင်သမျှများများအား သတင်းကောင်းဟောပြောဖို့ ကိုယ်တော် အလွန်ကြိုးစားခဲ့သည်။ ကိုယ်တော်သည် ဓမ္မအမှုအတွက် အချိန်ပိုပေးနိုင်ရန်နှင့် ပို၍အာရုံစိုက်လုပ်ဆောင်နိုင်ရန် ဘဝကို ရိုးရှင်းစေခဲ့သည်။ (မ. ၈:၂၀) ဖျားနာသူများကို ကုသပေးရန် လူအုပ်သည် ကိုယ်တော့်ကို ထိုအရပ်မှ မထွက်ခွာစေလိုသောအခါ ကိုယ်တော် ဤသို့ပြောခဲ့သည်– “ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို အခြားမြို့ရွာများတွင်လည်း ငါဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကို စေလွှတ်တော်မူ၏။”—လု. ၄:၄၃။

၂။ ဓမ္မအမှုသည် ယေရှုအတွက် အဘယ်ကြောင့် ထိုမျှ အရေးကြီးရသနည်း။

၂ ဓမ္မအမှုသည် ယေရှုအတွက် အဘယ်ကြောင့် ထိုမျှ အရေးကြီးရသနည်း။ ကိုယ်တော်အဓိက အလေးထားရာမှာ ယေဟောဝါ၏နာမ သန့်ရှင်းမြင့်မြတ်ရေးဖြစ်သည်။ (မ. ၆:၉) ကိုယ်တော်သည် မိမိ၏ကောင်းကင်ခမည်းတော်ကို ချစ်မြတ်နိုးသောကြောင့် ကိုယ်တော်၏အလိုတော်ကို ပြီးမြောက်အောင်လုပ်ဆောင်လိုပြီး ကိုယ်တော်မိန့်မှာထားရာအားလုံးကို နာခံလိုခဲ့သည်။ (ယော. ၁၄:၃၁) ထို့ပြင် ကိုယ်တော်သည် လူများကို စိတ်ရင်းမှန်ဖြင့် ဂရုစိုက်ခဲ့ပြီး ကူညီပေးလိုခဲ့သည်။—မ. ၉:၃၆၊ ၃၇။

၃။ ဓမ္မအမှုကို ဦးစားထားကြောင်း ကျွန်ုပ်တို့ မည်သို့ပြသနိုင်သနည်း။

၃ ယေရှုကိုတုပပါ– ယေရှုကဲ့သို့ ဓမ္မအမှုကို ကျွန်ုပ်တို့၏ဦးစားထားရာဖြစ်စေရန်မှာ ခက်ခဲနိုင်သည်။ အကြောင်းမှာ လောကတွင် အချိန်ကုန်စရာများနှင့် အာရုံပျံ့လွင့်စရာ အလွန်များသောကြောင့်ဖြစ်သည်။ (မ. ၂၄:၃၇-၃၉; လု. ၂၁:၃၄) ထို့ကြောင့် ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းတွင် ပြင်ဆင်၍ ပုံမှန်ပါဝင်နိုင်ရန် အချိန်ဇယားဆွဲခြင်းဖြင့် သာ၍အရေးကြီးသောအရာများကို သေချာစေကြသည်။ (ဖိ. ၁:၁၀) ရိုးရှင်းသောဘဝပုံစံအတိုင်း ဆက်နေထိုင်နိုင်ရန်နှင့် လောကကို အပြည့်အဝမသုံးရန် ကျွန်ုပ်တို့ ကြိုးစားကြသည်။—၁ ကော. ၇:၃၁။

၄။ ယခုအချိန်တွင် ဦးစားထားသင့်ရာကို ဦးစားပေးရန် အဘယ်ကြောင့် အရေးကြီးသနည်း။

၄ အချိန်အကန့်အသတ်သာ ရှိသည်ဆိုလျှင် ပညာရှိသူတစ်ဦးသည် ပိုအရေးကြီးသောအရာကို ဦးစားပေး လုပ်ဆောင်သည်။ ပြင်းထန်သောမုန်တိုင်းတိုက်တော့မည်ကို ထိုသူ သိမည်ဆိုလျှင် မိမိ၏အချိန်နှင့် ခွန်အားကို မိသားစုဘေးကင်းလုံခြုံရေးအတွက် ပြင်ဆင်ခြင်းနှင့် အိမ်နီးချင်းများအား သတိပေးခြင်းတွင် သုံးမည်ဖြစ်သည်။ သိပ်အရေးမကြီးသည့်အရာများကို လုပ်ဆောင်မည်မဟုတ်ချေ။ အာမဂေဒုန်မုန်တိုင်းကြီး တိုက်ခတ်ရန် အချိန်အနည်းငယ်သာ ကျန်တော့သည်။ (ဇေ. ၁:၁၄-၁၆; ၁ ကော. ၇:၂၉) ကျွန်ုပ်တို့ကိုယ်တိုင်နှင့် နားထောင်သူများကို ကယ်တင်ရန် အသင်းတော်အတွင်းအပြင်၌ ကိုယ်ကိုယ်တိုင်နှင့် ကိုယ့်သွန်သင်ချက်များကို မပြတ်ဂရုစိုက်ရမည်။ (၁ တိ. ၄:၁၆) မှန်ပါသည်၊ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ဓမ္မအမှုကို ကျွန်ုပ်တို့ ဆက်၍ဦးစားထားခြင်းအပေါ် မူတည်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ