အောက်တိုဘာလမှာ အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု အစပြုနိုင်မလား
၁။ အောက်တိုဘာလမှာ ဘာဝေငှကြမလဲ။
၁ အောက်တိုဘာလမှာ ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းတွေကို ဝေငှမှာဖြစ်တယ်။ စိတ်ဝင်စားသူတွေကို ဆက်လိုက်ရာမှာ အမှန်တရားကို သင်သိလိုပါသလောဝေစာကို အသုံးပြုပြီး ကျမ်းစာသင်အံမှုတစ်ခု စတင်ဖို့ ကျွန်ုပ်တို့ကို အားပေးထားတယ်။ ကျွန်ုပ်တို့ ပြန်လည်ပတ်တဲ့အခါ ဘယ်လို လုပ်ဆောင်နိုင်သလဲ။
၂။ မဂ္ဂဇင်းလက်ခံထားသူတွေကို ပြန်လည်ပတ်မှုပြုလုပ်တဲ့အခါ ကျမ်းစာသင်အံမှုတစ်ခု စတင်နိုင်ဖို့ အမှန်တရားကို သိလိုပါသလောဝေစာကို ဘယ်လိုအသုံးပြုနိုင်သလဲ။
၂ ဝေစာအသုံးပြုပုံ– ကျွန်ုပ်တို့ဒီလိုပြောနိုင်တယ်– “ကျွန်တော်ထားခဲ့တဲ့ မဂ္ဂဇင်းက ဘာသာအမျိုးမျိုး၊ နောက်ခံအမျိုးမျိုး ရှိတဲ့လူတွေကို သမ္မာကျမ်းစာအကြောင်း ဆန်းစစ်ဖို့ အားပေးတယ်။ [အိမ်ရှင်ကို အမှန်တရားကို သိလိုပါသလောဝေစာပေးပြီး ရှေ့စာမျက်နှာပါ မေးခွန်းတွေကို ထောက်ပြပါ။] ဒါတွေက စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတချို့ဖြစ်ပြီး ကျမ်းစာမှာ စိတ်ကျေနပ်ဖွယ်အဖြေပေးထားတယ်။ ဒီမေးခွန်းတွေထဲက တစ်ခုခုကို သင်မေးဖူးသလား။” အိမ်ရှင်ရဲ့အဖြေကို ရပြီးတဲ့နောက် သူပြောတဲ့မေးခွန်းတွေထဲကတစ်ခုကို ဝေစာမှာပါတဲ့အဖြေနဲ့ သုံးသပ်ပြီး ညွှန်းထားတဲ့ကျမ်းချက်တစ်ချက်ကို ဖတ်ပါ။ အဲဒီနောက် ဒါက သမ္မာကျမ်းစာသွန်သင်ချက်တွေထဲက အနည်းငယ်သာဖြစ်ကြောင်း ရှင်းပြပြီး သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ပေးပါ။ အဲဒီနောက် မာတိကာကနေ သူရွေးချယ်တဲ့အခန်းရဲ့ ဦးဆုံးစာပိုဒ်အနည်းငယ်ကို ဆွေးနွေးနိုင်ပါတယ်။ ဒါမှမဟုတ် ဝေစာမှာဆွေးနွေးတဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပိုပါရှိတဲ့အခန်းကို ရွေးချယ်နိုင်တယ်။ အောက်ပါအချက်တွေကို အကိုးအကားအဖြစ် အသုံးပြုနိုင်တယ်–
● ကျွန်ုပ်တို့ကို ဘုရားသခင် အမှန်တကယ် ဂရုစိုက်ပါသလော (စ. ၉-၁၁၊ အပိုဒ် ၆-၁၀)
● စစ်နှင့် ဆင်းရဲခက်ခဲမှုများ အဆုံးတိုင်ပါမည်လော (စ. ၁၂၊ အပိုဒ် ၁၂-၁၃)
● ကျွန်ုပ်တို့သေဆုံးသောအခါ ဘာဖြစ်သွားသနည်း (စ. ၅၉-၆၀၊ အပိုဒ် ၇-၈)
● သေလွန်သူတို့အတွက် မျှော်လင့်ချက်ရှိပါသလော (စ. ၇၁၊ အပိုဒ် ၁၃-၁၅)
● ဘုရားသခင်၏နားညောင်းမှုကို ခံရရန် မည်သို့ဆုတောင်းနိုင်သနည်း (စ. ၁၆၆-၁၆၇၊ အပိုဒ် ၅-၈)
● ပျော်ရွှင်သောဘဝအသက်တာကို မည်သို့ရှာတွေ့နိုင်သနည်း (စ. ၉၊ အပိုဒ် ၄-၅)
၃။ အခြေအနေပေါ်မူတည်ပြီး ကျွန်ုပ်တို့ရဲ့တင်ဆက်နည်းကို ဘယ်လိုပြောင်းလဲနိုင်သလဲ။
၃ ဦးဆုံးအကြိမ်လည်ပတ်မှုမှာ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်နဲ့ သင်အံမှုမစနိုင်ရင် ဆက်လည်ပတ်ပြီး ဆွေးနွေးနိုင်ဖို့ အစီအစဉ်တွေ ပြုလုပ်နိုင်ပါတယ်။ စာအုပ်ကိုမဝေခင် လည်ပတ်တဲ့အခါတွေမှာ လူတစ်ဦးရဲ့ စိတ်ဝင်စားမှုပေါ်မူတည်ပြီး ဝေစာပါမေးခွန်းတွေထဲက တစ်ခုထက်မကကို ဆွေးနွေးနိုင်ပါတယ်။ အောက်တိုဘာလအတွင်းမှာ ဒီဝေစာကို အသုံးပြုပြီး ကျမ်းစာသင်အံမှုတစ်ခု စတင်ခြင်းအားဖြင့် စိတ်နှလုံးရိုးဖြောင့်သူတွေ ‘အမှန်တရားကိုသိ’ ဖို့ ကူညီပေးနိုင်ကြပါစေ။—ယော. ၈:၃၁၊ ၃၂။