သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ဖြင့် သင်အံမှုစတင်နိုင်ပုံ
ကျွန်ုပ်တို့အများစုသည် ကျမ်းစာသင်အံမှုသာ စတင်နိုင်မည်ဆိုပါက ဆက်ကျင်းပလိုကြသည်။ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်သစ်သည် ကျွန်ုပ်တို့ကိုကူညီပေးနိုင်၏။ စာမျက်နှာ ၃-၇ ပါနိဒါန်းပိုင်းသည် ဤစာအုပ်ဖြင့် ကျမ်းစာဆွေးနွေးမှု အစပြုနိုင်ရန် ကူညီပေးဖို့ ရည်ရွယ်သည်။ ဓမ္မအမှုတွင် အတွေ့အကြုံအနည်းငယ်သာရှိသူများပင် သင်အံမှုများ အလွယ်တကူစတင်နိုင်ပါလိမ့်မည်။
◼ စာမျက်နှာ ၃ ကိုအသုံးပြု၍ ဤချဉ်းကပ်နည်းကို စမ်းကြည့်နိုင်သည်–
သင့်ရပ်ကွက်ရှိလူတို့ စိုးရိမ်နေသည့် သတင်း သို့မဟုတ် ပြဿနာတစ်ခုအကြောင်း ပြောပြပြီးနောက် စာမျက်နှာ ၃ ပါ စာလုံးအမည်းဖြင့်မေးခွန်းများကို အိမ်ရှင်အား အာရုံစိုက်စေနိုင်သည်၊ ပြီးနောက် မှတ်ချက်ပေးစေပါ။ ထို့နောက် စာမျက်နှာ ၄-၅ ကိုပြပါ။
◼ သို့မဟုတ် စာမျက်နှာ ၄-၅ ကို အလေးပေးဖော်ပြခြင်းဖြင့် စတင်လိုပေမည်–
သင် ဤသို့ပြောနိုင်သည်– “ဒီရုပ်ပုံတွေမှာဖော်ပြထားတဲ့ ပြောင်းလဲမှုတွေသာ တကယ်ဖြစ်လာရင် အရမ်းကောင်းမယ်လို့ မထင်ဘူးလား။” သို့မဟုတ် ဤသို့မေးနိုင်သည်– “ဒီထဲက ဘယ်ကတိတော် ပြည့်စုံလာတာကို မိတ်ဆွေမြင်ချင်သလဲ။” တုံ့ပြန်မှုကို ဂရုစိုက်နားထောင်ပါ။
ကျမ်းချက်တစ်ချက်ကို အိမ်ရှင် အထူးစိတ်ဝင်စားမှုပြပါက ထိုကျမ်းချက်ကို ဆွေးနွေးထားသောအခန်းမှ အပိုဒ်များအား ဆွေးနွေးခြင်းဖြင့် ယင်းနှင့်ပတ်သက်သည့် ကျမ်းစာသွန်သင်ရာကို ဖော်ပြပါ။ (ဤစာမျက်နှာပါ လေးထောင့်ကွက်ကိုရှု။) ထိုအကြောင်းကို ကျမ်းစာသင်အံမှုတွင် ဆွေးနွေးသည့်ပုံစံအတိုင်း ဆွေးနွေးပါ။ ယင်းကို ဦးဆုံးအကြိမ်တွေ့ဆုံစဉ် အိမ်တံခါးဝတွင်ပင် ငါးမိနစ်မှဆယ်မိနစ်အတွင်း ပြုလုပ်နိုင်ပါသည်။
◼ နောက်ချဉ်းကပ်နည်းတစ်ခုမှာ စာမျက်နှာ ၆ ကိုအသုံးပြု၍ အိမ်ရှင်၏အမြင်ကို ထုတ်ပြောစေခြင်းဖြစ်သည်–
ထိုစာမျက်နှာ၏အောက်ခြေရှိ မေးခွန်းများကို အိမ်ရှင်အား အာရုံစိုက်စေကာ “ဒီမေးခွန်းတွေထဲက တစ်ခုခုကို မိတ်ဆွေစဉ်းစားဖူးသလား” ဟုမေးပါ။ မေးခွန်းတစ်ခုကို စိတ်ဝင်စားကြောင်း ဖော်ပြပါက ထိုမေးခွန်းကိုဖြေဆိုထားသော အခန်းမှ အပိုဒ်များကိုပြပါ။ (ဤစာမျက်နှာပါ လေးထောင့်ကွက်ကိုရှု။) ထိုအကြောင်းကို သင်တို့အတူဆွေးနွေးခြင်းသည် ကျမ်းစာသင်အံမှုကျင်းပနေခြင်းဖြစ်သည်။
◼ ကျမ်းစာသင်အံမှုကျင်းပပုံကို သရုပ်ပြရန် စာမျက်နှာ ၇ ကို အသုံးပြုနိုင်သည်–
ထိုစာမျက်နှာမှ ပထမဝါကျသုံးကြောင်းကိုဖတ်ပြီး အခန်း ၃ ကိုဖွင့်ကာ အပိုဒ် ၁-၃ ကိုအသုံးပြု၍ ကျမ်းစာသင်အံမှုကျင်းပပုံကို သရုပ်ပြနိုင်သည်။ အပိုဒ် ၃ တွင်ပါသောမေးခွန်းများ၏အဖြေများကို နောက်အပတ်တွင်ပြန်သွားပြီး ဆက်ဆွေးနွေးရန် စီစဉ်ပါ။
◼ ပြန်လည်ပတ်ရန် စီစဉ်နိုင်ပုံ–
ဦးဆုံးအကြိမ်သင်အံမှုကို နိဂုံးချုပ်စဉ် ဆက်ဆွေးနွေးနိုင်ရန် စီစဉ်ပါ။ ဤသို့ပြောနိုင်သည်– “ဒီအရေးကြီးတဲ့အကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာဘယ်လိုသွန်သင်ထားသလဲဆိုတာကို အချိန်တိုလေးအတွင်းမှာ ကျွန်တော်တို့သိခဲ့ကြတယ်။ နောက်တစ်ခေါက်ကျရင် ဒီအကြောင်း [ဆွေးနွေးမည့်အကြောင်းနှင့်ပတ်သက်သောမေးခွန်း မေးခဲ့ပါ] ဆက်ဆွေးနွေးကြမယ်။ နောက်အပတ်ကျရင် ဒီအချိန်ပဲ ပြန်လာလို့ရမလား။”
ယေဟောဝါသတ်မှတ်ထားချိန် နီးကပ်လာသည်နှင့်အမျှ ကိုယ်တော်သည် ကျွန်ုပ်တို့ထမ်းဆောင်ရမည့်တာဝန်အတွက် ကျွန်ုပ်တို့ကို အသင့်ပြင်ဆင်လေ့ကျင့်ပေးနေသည်။ (မ. ၂၈:၁၉၊ ၂၀; ၂ တိ. ၃:၁၇) ထို့ကြောင့် ကျမ်းစာသင်အံမှုများစတင်ရန် ဤကိရိယာအသစ်ကို ကောင်းစွာအသုံးပြုကြပါစို့။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
စာမျက်နှာ ၄-၅ မှ ကျမ်းချက်များနှင့် ပတ်သက်သော ဆွေးနွေးမှု
◻ ဗျာဒိတ် ၂၁:၄ (စ. ၂၇-၈၊ ပိုဒ်. ၁-၃)
◻ ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆ (စ. ၃၆၊ ပိုဒ်. ၂၂)
◻ ယောဟန် ၅:၂၈၊ ၂၉ (စ. ၇၂-၃၊ ပိုဒ်. ၁၇-၁၉)
◻ ဆာလံ ၇၂:၁၆ (စ. ၃၄၊ ပိုဒ်. ၁၉)
စာမျက်နှာ ၆ မှ မေးခွန်းများ၏အဖြေများ
◻ ကျွန်ုပ်တို့ အဘယ်ကြောင့် ဆင်းရဲဒုက္ခဒုက္ခခံစားနေရသနည်း။ (စ. ၁၀၈-၉၊ ပိုဒ်. ၆-၈)
◻ ဘဝစိုးရိမ်ပူပန်မှုများကို မည်သို့ရင်ဆိုင်ဖြေရှင်းနိုင်သနည်း။ (စ. ၁၈၄-၅၊ ပိုဒ်. ၁-၃)
◻ မိသားစုဘဝကို ပို၍ပျော်ရွှင်စေရန် မည်သို့ပြုလုပ်နိုင်သနည်း။ (စ. ၁၄၃၊ ပိုဒ်. ၂၀)
◻ ကျွန်ုပ်တို့သေဆုံးသောအခါ ဘာဖြစ်သွားသနည်း။ (စ. ၅၈-၉၊ ပိုဒ်. ၅-၆)
◻ ကျွန်ုပ်တို့ချစ်မြတ်နိုးရသော သေဆုံးသွားသူတို့ကို ပြန်တွေ့ရဦးမည်လော။ (စ. ၇၂-၃၊ ပိုဒ်. ၁၇-၁၉)
◻ ဘုရားသခင်သည် အနာဂတ်နှင့်ပတ်သက်သော ကိုယ်တော်၏ကတိတော် ပြည့်စုံစေမည်ဖြစ်ကြောင်း မည်သို့ယုံကြည်စိတ်ချနိုင်သနည်း။ (စ. ၂၅၊ ပိုဒ်. ၁၇)