ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၁၁ စာ. ၉
  • သင် မှန်မှန်ရှေ့ဆောင် လုပ်ခဲ့ဖူးသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှန်မှန်ရှေ့ဆောင် လုပ်ခဲ့ဖူးသလား
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး” ထဲသင်ဝင်ရောက်နိုင်မည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • “သင် ရှေ့ဆောင်ကောင်းတစ်ဦးဖြစ်နိုင်”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ရှေ့ဆောင်လုပ်ငန်း—သင့်အတွက်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နဓ ၃/၁၁ စာ. ၉

သင် မှန်မှန်ရှေ့ဆောင် လုပ်ခဲ့ဖူးသလား

၁။ များစွာသောသူတွေက ဘယ်လုပ်ငန်းမှာ ပါဝင်နေကြသလဲ၊ ဒါပေမဲ့ တချို့သူတွေ ဘာလုပ်လိုက်ရသလဲ။

၁ နှစ်တွေတစ်လျှောက် သိန်းနဲ့ချီတဲ့သူတွေက ‘သတင်းကောင်း သွန်သင်ဟောပြော’ ခြင်းအခွင့်ထူးမှာ အချိန်ပြည့်အမှုဆောင်တွေအဖြစ် ပါဝင်လုပ်ဆောင်ကြတယ်။ (တ. ၅:၄၂) ဒါပေမဲ့ တချို့သူတွေက အကြောင်းအမျိုးမျိုးကြောင့် ရှေ့ဆောင်ကနေ နားလိုက်ရတယ်။ သင်လည်း တစ်ချိန်က မှန်မှန်ရှေ့ဆောင်လုပ်ခဲ့ဖူးတယ်ဆိုရင် အခု မှန်မှန်ရှေ့ဆောင် ပြန်လုပ်နိုင်မနိုင်သိနိုင်ဖို့ သင့်လက်ရှိအခြေအနေကို ပြန်ဆန်းစစ်ကြည့်နိုင်မလား။

၂။ အရင်က ရှေ့ဆောင်လုပ်ခဲ့ဖူးသူတွေက သူတို့ရဲ့ လက်ရှိအခြေအနေကို ဘာကြောင့် ပြန်သုံးသပ်သင့်သလဲ။

၂ အခြေအနေတွေပြောင်းလဲ– ရှေ့ဆောင်နားလိုက်ရတဲ့အခြေအနေက အခုအချိန်မှာ ရှိချင်မှရှိတော့မယ်။ ဥပမာ၊ လစဉ်သတ်မှတ်နာရီ ၉၀ မပြည့်မီနိုင်တဲ့အတွက် ရှေ့ဆောင်ဆက်မလုပ်တော့တာဆိုရင် အခု နာရီ ၇၀ သတ်မှတ်ထားတဲ့အတွက် ရှေ့ဆောင်ပြန်လုပ်နိုင်မလား။ အလုပ်ကြောင့် ဒါမှမဟုတ် မိသားစုတာဝန်တွေကြောင့် ရှေ့ဆောင်နားခဲ့တာဆိုရင် အခုအချိန်မှာ အဲဒီတာဝန်တွေ လျော့သွားပြီလား။ ကျန်းမာရေးကြောင့် ရှေ့ဆောင်နားခဲ့တဲ့ညီအစ်မတစ်ဦးက အသက် ၈၉ နှစ်မှာ ရှေ့ဆောင်ပြန်လုပ်နိုင်ခဲ့တယ်။ ဆေးရုံမတက်ရတာ တစ်နှစ်ကျော်ရှိပြီဖြစ်လို့ ရှေ့ဆောင်ပြန်လုပ်နိုင်ပြီလို့ သူယူဆခဲ့တယ်။

၃။ မိသားစုဝင်တစ်ဦးရှေ့ဆောင်လုပ်နိုင်ဖို့ ကျန်မိသားစုဝင်တွေ ဘယ်လိုကူညီနိုင်သလဲ။

၃ သင်က ရှေ့ဆောင်မလုပ်ခဲ့ဖူးပေမဲ့ သင့်မိသားစုမှာ တစ်ယောက်ယောက်က မိသားစုဝင်တစ်ဦး ဒါမှမဟုတ် အသက်ကြီးတဲ့မိဘတစ်ဦးကို ကြည့်ရှုစောင့်ရှောက်ဖို့ ရှေ့ဆောင်နားခဲ့တာဖြစ်နိုင်တယ်။ (၁ တိ. ၅:၄၊ ၈) ဒီလိုဖြစ်တယ်ဆိုရင် သူရှေ့ဆောင်ပြန်လုပ်နိုင်ဖို့ သင် ဒါမှမဟုတ် မိသားစုထဲကတခြားသူတွေက ကူညီပေးနိုင်မလား။ ဒီကိစ္စကို အတူတူဆွေးနွေးပါ။ (သု. ၁၅:၂၂) မိသားစုဝင်တစ်ဦး ရှေ့ဆောင်လုပ်နိုင်ဖို့ မိသားစုဝင်တွေအားလုံး ဝိုင်း၀န်းကူညီပံ့ပိုးပေးတာကလည်း အလွန်အကျိုးရှိပါတယ်။

၄။ အခုအချိန်မှာ ရှေ့ဆောင်ပြန်မလုပ်နိုင်ဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ။

၄ သင့်လက်ရှိအခြေအနေတွေကြောင့် ရှေ့ဆောင်ပြန်မလုပ်နိုင်ဘူးဆိုရင် စိတ်မပျက်ပါနဲ့။ ရှေ့ဆောင်လုပ်လိုတဲ့ သင့်ဆန္ဒကို ယေဟောဝါနှစ်သက်တယ်။ (၂ ကော. ၈:၁၂) ရှေ့ဆောင်လုပ်ခဲ့စဉ်ကရရှိခဲ့တဲ့ ကျွမ်းကျင်မှုတွေကို လက်ရှိဓမ္မအမှုမှာ အသုံးပြုပါ။ ရှေ့ဆောင်လုပ်လိုတဲ့ဆန္ဒရှိကြောင်း ဆုတောင်းပါ၊ သင့်အခြေအနေတွေကို ပြုပြင်ချိန်ညှိနိုင်တဲ့ အခွင့်အရေးတွေကို အမြဲရှာဖွေပါ။ (၁ ယော. ၅:၁၄) အရင်ကလို မှန်မှန်ရှေ့ဆောင် ပြန်လုပ်နိုင်ဖို့အတွက် အချိန်တန်တဲ့အခါ ယေဟောဝါက “ဆောင်ရွက်စရာ လုပ်ငန်းတံခါးကြီး” ကို ဖွင့်ပေးပါလိမ့်မယ်။—၁ ကော. ၁၆:၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ