နမူနာတင်ဆက်နည်း
စက်တင်ဘာ၊ ပထမဆုံးစနေနေ့မှာ ကျမ်းစာသင်အံမှုစတင်ရန်
“ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်၊ ဘယ်လိုယုံကြည်ချက်ပဲရှိပါစေ လူတွေဟာ နေ့တိုင်းလိုလို ဆုတောင်းတတ်ကြတယ်။ ဆုတောင်းချက်အားလုံးကို ဘုရားသခင်နားထောင်ပြီး ဖြေကြားတယ်လို့ မိတ်ဆွေထင်သလား။” တုံ့ပြန်မှုကို စောင့်ပါ။ ပြီးနောက် စက်တင်ဘာ ၁ ကင်းမျှော်စင်ကို သူ့ကိုပေးလိုက်ပါ၊ စာမျက်နှာ ၁၆ မှာပါတဲ့ ဦးဆုံးခေါင်းစဉ်ငယ်အောက်က အကြောင်းအရာကို အတူတကွဖတ်ပြီး ညွှန်းထားတဲ့ကျမ်းချက်တစ်ချက်ကို ဖတ်ပါ။ မဂ္ဂဇင်းကိုဝေငှပြီးနောက် မေးခွန်းနောက်တစ်ခုကို ဆက်ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။
ကင်းမျှော်စင် ဩဂုတ် ၁
“ကလေးတွေကို ငယ်ငယ်ကတည်းက ဘုရားသခင်အကြောင်း သင်ပေးထားသင့်သလား၊ ဒါမှမဟုတ် သူတို့တွေကြီးလာတဲ့အထိစောင့်ပြီး ဘယ်ဘာသာကိုးကွယ်မယ်ဆိုတာ သူတို့ဘာသာသူတို့ရွေးချယ်ခိုင်းတာက ပိုကောင်းသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဖခင်တွေကို ကျမ်းစာက ဘယ်လိုညွှန်ကြားထားသလဲဆိုတာ သတိပြုကြည့်ပါ။ [ဧဖက် ၆:၄ ကိုဖတ်ပါ။] ဘုရားသခင်အကြောင်းသင်ပေးနိုင်တဲ့နည်းတချို့ကို ဒီမဂ္ဂဇင်းထဲမှာ မိဘတွေအတွက် ဖော်ပြထားပေးပါတယ်။”
နိုးလော့! ဩဂုတ်
“ဒီကျမ်းချက်တစ်ချက်နဲ့ပတ်သက်ပြီး မိတ်ဆွေ ဘယ်လိုအမြင်ရှိသလဲဆိုတာ သိလို့ရမလား။ [၁ ဓမ္မရာဇဝင် ၁၆:၂၃ ကိုဖတ်ပါ။] ဒီကျမ်းချက်အရ တေးဂီတမှာ အစွမ်းတန်ခိုးရှိတယ်။ ဒါပေမဲ့ တချို့သီချင်းတွေက လူတွေအပေါ် အပျက်သြဇာလွှမ်းမိုးနိုင်တယ်လို့ မိတ်ဆွေထင်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အကျိုးပြုတဲ့ တေးဂီတကို ကျွန်တော်တို့ ဘယ်လိုရွေးချယ်ရမယ်၊ ကိုယ့်ကလေးတွေလည်း အဲဒီလိုရွေးချယ်နိုင်အောင် ဘယ်လိုကူညီရမလဲဆိုတဲ့အချက်တွေကို ဒီမဂ္ဂဇင်းထဲမှာ ဆွေးနွေးထားပါတယ်။”