နမူနာတင်ဆက်နည်းများ
ဒီဇင်ဘာလရဲ့ ပထမဆုံးစနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှု စတင်ဖို့ ဒီလိုပြောနိုင်တယ်
“ဘုရားပညတ်တွေကို လိုက်နာစောင့်ထိန်းဖို့ ကြိုးစားသူတွေက ပိုပျော်ရွှင်ကြမလား၊ မိတ်ဆွေဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီဆောင်းပါးမှာ စိတ်ဝင်စားစရာအချက်တစ်ချို့ကို ဖော်ပြထားတယ်။” အိမ်ရှင်ကို နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ကို ပြပါ၊ ပြီးနောက် စာမျက်နှာ ၁၆-၁၇ မှာပါတဲ့ ခေါင်းစဉ်ငယ်တစ်ခုခုအောက်က အကြောင်းအရာကို ဖတ်ပြီး ဆွေးနွေးပါ။ အနည်းဆုံး ကျမ်းချက်တစ်ချက်ဖတ်ပါ။ မဂ္ဂဇင်းတွေကို ဝေငှပါ၊ ပြန်လည်ပတ်တဲ့အခါ နောက်မေးခွန်းတစ်ခုကိုသုံးသပ်ဖို့ အစပျိုးခဲ့ပါ။
ကင်းမျှော်စင် နိုဝင်ဘာ ၁
ကိုယ်ကျင့်တရား အလွန်ပျက်ပြားတဲ့ခေတ်ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်ဆိုတာ မိတ်ဆွေသဘောတူပါလိမ့်မယ်။ ဒါပေမဲ့ မှန်ကန်တဲ့လမ်းညွှန်မှုတွေကြောင့် ကိုယ်ကျင့်တရားစင်ကြယ်စွာနေထိုင်ပြီး အကျိုးခံစားနေရတဲ့သူတွေ ရှိနေတယ်ဆိုတာသိရရင် မိတ်ဆွေအတွက်အကျိုးရှိမယ်လို့ ယူဆမိတဲ့အတွက် ဒီမဂ္ဂဇင်းကို ဝေငှပေးဖို့ရောက်လာတာပါ။ ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ မှန်ကန်တဲ့လမ်းညွှန်မှုထဲက တစ်ခုကို ကျွန်တော်ဖတ်ပြချင်ပါတယ်။ [ဧဖက် ၅:၃၊ ၄ ကိုဖတ်ပါ] ကျွန်တော်တို့ဝန်းကျင်အတွက် လိုအပ်တဲ့အကြံပြုချက်လို့ မိတ်ဆွေမထင်ဘူးလား။ ဒီအပြင် ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး လူတွေမေးလေ့မေးထရှိတဲ့ မေးခွန်းတချို့ကိုလည်း ကျမ်းဂန်က ဘယ်လိုဖြေဆိုထားသလဲဆိုတာကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
နိုးလော့! နိုဝင်ဘာ
စကြာဝဠာ၊ သက်ရှိလောကနဲ့ နိယာမတရားတွေကို လေ့လာကြည့်တဲ့အခါ ဖန်ဆင်းရှင် ဒါမှမဟုတ် ပြုလုပ်သူရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ ဒါတွေက သူ့အလိုအလျောက် ဖြစ်ပေါ်လာတယ်ဆိုတဲ့ယူဆချက်မှာ ဘယ်ယူဆချက်က အထောက်အထားအပြည့်အဝရှိပြီး ကျိုးကြောင်းခိုင်လုံမယ်လို့ ထင်ပါသလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ကျွန်တော်တို့ ဝန်းကျင်မှာမြင်နေရတဲ့ အရာတွေကိုကြည့်ပြီး ကျမ်းရေးသူတစ်ယောက်က အခုလို ကောက်ချက်ချခဲ့ပါတယ်။ [ရောမ ၁:၂၀ ကိုဖတ်ပါ။] လူတွေရဲ့ ဆဲလ်တွေအပါအဝင် သိပ္ပံပညာရှင်တွေရဲ့ တခြားတွေ့ရှိချက်တွေက အထက်မှာပြောခဲ့တဲ့ ယူဆချက်နှစ်ခုထဲက ဘယ်အချက်နဲ့ လုံးလုံးကိုက်ညီသလဲဆိုတာကို ဒီစာစောင်မှာ ဆွေးနွေးထားပါတယ်။