နမူနာတင်ဆက်နည်းများ
ဒီဇင်ဘာလရဲ့ ပထမဆုံးစနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစဖို့ အခုလိုပြောနိုင်တယ်
“ကျွန်တော်တို့ အများစုဟာ ကောင်းတဲ့အစိုးရကို စိတ်ဝင်စားကြတယ်။ ဘယ်အစိုးရမျိုးက လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမှာပါတဲ့အချက်ကို ကြည့်ကြည့်ပါ။ အိမ်ရှင်ကို နိုဝင်ဘာ ၁ ကင်းမျှော်စင် ပေးပြီး စာမျက်နှာ ၁၆ ပါ ပထမခေါင်းစဉ်ငယ်အောက်က အကြောင်းအရာနဲ့ ညွှန်းထားတဲ့ကျမ်းချက်တွေထဲက အနည်းဆုံးတစ်ချက်ကို အတူတကွ သုံးသပ်ပါ။ မဂ္ဂဇင်းကို ဝေငှပါ။ နောက်မေးခွန်းတစ်ခု ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။
ကင်းမျှော်စင် နိုဝင်ဘာ ၁
“ခင်ဗျားရဲ့အမြင်ကို သိချင်ပါတယ်။ အကယ်၍ ဘုရားသခင်ကို မေးခွန်းတစ်ခု မေးလို့ရမယ်ဆိုရင် ခင်ဗျား ဘယ်မေးခွန်း မေးမလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] တကယ်သိချင်တဲ့မေးခွန်းတွေရဲ့ အဖြေကို ရှာတာက သင့်တော်တယ်လို့ ယေရှုပြောခဲ့တယ်။ [မဿဲ ၇:၇ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ အရေးကြီးတဲ့ ဒီမေးခွန်းသုံးခုရဲ့ ကျမ်းစာအဖြေကို ဖော်ပြထားတယ်။” စာမျက်နှာ ၃ အောက်ဘက်မှာပါတဲ့ မေးခွန်းတွေကို အိမ်ရှင်ကို ပြပေးပါ။
နိုးလော့! နိုဝင်ဘာ
“ဒီနေ့ မိသားစုတွေကို အကျိုးပြုတဲ့ လုပ်ဆောင်မှုတစ်ခုအတွက် ကျွန်တော်တို့ ရောက်လာတာပါ။ အခုအချိန်မှာ ကြင်ဖော်မဲ့မိဘတွေ များလာတာ တွေ့ရတယ်။ မိစုံဖစုံရှိတဲ့ မိသားစုထက် သူတို့က ပိုခက်ခဲတယ်လို့ ထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မိဘအတော်များများက လက်တွေ့ကျတဲ့အကြံပြုချက်ကို သမ္မာကျမ်းစာမှာ ရှာတွေ့ကြတယ်။ [၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ ကြင်ဖော်မဲ့မိဘတွေ သူတို့ရဲ့တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ထောက်ကူပေးတဲ့ အကြံပြုချက်တချို့ ပါတယ်။