ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၁၁ စာ. ၆
  • နမူနာတင်ဆက်နည်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နမူနာတင်ဆက်နည်းများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နဓ ၁၂/၁၁ စာ. ၆

နမူနာတင်ဆက်နည်းများ

ဇန်နဝါရီလရဲ့ ပထမဆုံး စနေနေ့ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစတင်ရန်

“လူတိုင်းမှာ မိတ်ဆွေရှိဖို့ လိုတယ်ဆိုတာကို သင် သဘောတူမှာ သေချာပါတယ်။ မိတ်ဆွေတစ်ယောက်မှာရှိတဲ့ ဘယ်အရည်အသွေးကို သင် တန်ဖိုးအထားဆုံးလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] မိတ်ဆွေတွေကို ဘာကြောင့် ဂရုတစိုက် ရွေးချယ်ဖို့လိုတယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီမဂ္ဂဇင်းမှာ ဘာပြောထားသလဲဆိုတာ သတိပြုကြည့်ပါ။” အိမ်ရှင်ကို ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ကို ပေးပါ၊ ပြီးနောက် စာမျက်နှာ ၁၆ မှာပါတဲ့ ပထမဆုံး ခေါင်းစဉ်ငယ်အောက်က အကြောင်းအရာကို ဖတ်ပြီး ဆွေးနွေးပါ။ အနည်းဆုံး ကျမ်းချက်တစ်ချက်ဖတ်ပါ။ မဂ္ဂဇင်း ဝေငှပါ၊ သူ့ဆီပြန်သွားပြီး နောက်မေးခွန်းရဲ့အဖြေကို ဆွေးနွေးဖို့ စီစဉ်ပါ။

ကင်းမျှော်စင် ဒီဇင်ဘာ ၁

“အခုတစ်လော သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များလာရသလဲဆိုတာ မိတ်ဆွေ စဉ်းစားဖူးသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] စိတ်ဝင်စားစရာက ဒီလိုကပ်ဘေးတွေဖြစ်လိမ့်မယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။ [မဿဲ ၂၄:၇၊ ၈ ကိုဖတ်ပါ။] ကနေ့ခေတ်မှာ ဒီလောက်များတဲ့ သဘာဝကပ်ဘေးတွေကို ဘာကြောင့် တွေ့မြင်နေရတာလဲ၊ အဲဒါတွေက ဘုရားသခင်ဆီကလာတဲ့ ပြစ်ဒဏ်လား၊ သဘာဝကပ်ဘေးအားလုံးကို ဘုရားသခင် မကြာခင်မှာ အဆုံးတိုင်ပေးတော့မယ်ဆိုတာကို ယုံကြည်ဖို့ အကြောင်းရင်းတွေ ရှိပါသလားဆိုတဲ့ မေးခွန်းတွေကို ဒီမဂ္ဂဇင်းမှာ ဖြေဆိုထားပါတယ်။”

နိုးလော့! ဒီဇင်ဘာ

“ကမ္ဘာပေါ်မှာ ရှေးအကျဆုံးဖြစ်တဲ့အပြင် ဘာသာအပြန်ရဆုံး၊ အဖြန့်ချိရဆုံး စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အဲဒါကတော့ သမ္မာကျမ်းစာပါပဲ။ တချို့က ကျမ်းစာနဲ့ပတ်သက်ပြီး ဒီမှာဖော်ပြထားတဲ့အတိုင်း လက်ခံကြပါတယ်။ [၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။] မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] အဲဒါနဲ့ပတ်သက်ပြီး ယူဆချက်တွေ အမျိုးမျိုးရှိပေမဲ့လည်း သမ္မာကျမ်းစာကို ဖျောက်ဖျက်ပစ်ဖို့ လူအတော်များများ ကြိုးပမ်းခဲ့တာကိုတော့ အများအားဖြင့် သဘောတူကြမှာပါ။ ခေတ်ကာလတစ်လျှောက်မှာ သမ္မာကျမ်းစာကို ဖျက်ဆီးပစ်ဖို့နဲ့ ကျမ်းစာမဖတ်အောင် ဖိနှိပ်ချုပ်ချယ်ဖို့ လူတချို့ ကြိုးပမ်းခဲ့တာကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ အဲဒီအပြင် ကျမ်းစာက ဒီနေ့ထက်ထိ မပျောက်မပျက်ရှိနေရတဲ့ အကြောင်းရင်းကိုလည်း ရှင်းပြထားပါတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ