နမူနာတင်ဆက်နည်းများ
ဩဂုတ်လရဲ့ ပထမဆုံးစနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစတင်ဖို့ ခုလိုပြောနိုင်တယ်
“မကြာသေးခင်နှစ်တွေကစပြီး ကောင်းကင်တမန်တွေကို လူတွေပိုစိတ်ဝင်စားလာကြတယ်။ ကောင်းကင်တမန်တွေ တကယ်ရှိတယ်လို့ မိတ်ဆွေထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီအချက်ကို သတိပြုကြည့်ပါ။” အိမ်ရှင်ကို ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင်ပေးပြီး စာမျက်နှာ ၁၆၊ ပထမခေါင်းစဉ်ငယ်အောက်က အကြောင်းအရာကို အတူတကွသုံးသပ်ပါ။ အနည်းဆုံး ကျမ်းချက်တစ်ချက်ဖတ်ပါ။ မဂ္ဂဇင်းတွေကို ဝေငှပါ၊ ပြန်သွားပြီး နောက်မေးခွန်းတစ်ခုကိုဆွေးနွေးဖို့ စီစဉ်ပါ။
ကင်းမျှော်စင် ဇူလိုင် ၁
“လူအများက နေ့စဉ်ဆုတောင်းကြပြီး အဲဒီလိုဆုတောင်းတဲ့အတွက် အကူအညီရမယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ တချို့တွေက ‘ကျွန်တော်လည်းဆုတောင်းတာပဲ။ ဒါပေမဲ့ ဘာကြောင့် ဒီလောက်တောင် ပြဿနာများနေသေးတာလဲ’ ဆိုပြီးပြောကြတယ်။ မိတ်ဆွေဘယ်လိုထင်ပါသလဲ။ ကျွန်တော်တို့ ဆုတောင်းတာကို တကယ်ပဲနားထောင်ပေးတဲ့ ပုဂ္ဂိုလ်ရှိပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဆာလံ ၆၅:၂ မှာ ဘယ်လိုပြောထားသလဲဆိုတာ သတိပြုကြည့်ပါ။” ကျမ်းစာဖတ်ပြပြီးတဲ့နောက် မဂ္ဂဇင်း ဝေငှပါ။
နိုးလော့! ဇူလိုင်
“တကယ်လို့ ကမ္ဘာပေါ်က အခြေအနေတစ်ခုခုကို ပြောင်းလဲနိုင်စွမ်းရှိမယ်ဆိုရင် ဘယ်အခြေအနေကို ပြောင်းလဲချင်ပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူသားတွေဟာ လုပ်ပေးချင်ပေမဲ့ မလုပ်ပေးနိုင်တဲ့ အကြောင်းရင်းကို ကျမ်းစာမှာ ဖော်ပြထားတယ်။ [ယေရမိ ၁၀:၂၃ ကိုဖတ်ပါ။] ပြောင်းလဲဖို့ ဘုရားသခင်ဘယ်လို ရည်ရွယ်ထားတယ်ဆိုတာကို ဒီမဂ္ဂဇင်းက ရှင်းပြပေးတယ်။”