နမူနာတင်ဆက်နည်းများ
ဧပြီလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစဖို့ အခုလိုပြောနိုင်တယ်
“သမ္မာကျမ်းစာကို လေ့လာဖို့ ကျွန်တော်တို့ အားပေးနေတာပါ။ ဒါပေမဲ့ လူတော်တော်များများဟာ သမ္မာကျမ်းစာက နားလည်ရခက်တယ်လို့ ယူဆကြတယ်။ ခင်ဗျားရော အဲဒီလိုယူဆသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမှာပါတဲ့အချက်ကို သတိပြုကြည့်ပါ။” ဧပြီ ၁ ကင်းမျှော်စင်ရဲ့ နောက်ကျောဖုံး ကို ပြပြီး ပထမဆုံးမေးခွန်းရဲ့ အောက်မှာဖော်ပြထားတဲ့ အကြောင်းအရာနဲ့ အနည်းဆုံး ညွှန်းထားတဲ့ ကျမ်းချက်တစ်ချက်ကို အတူတူ သုံးသပ်ပါ။ မဂ္ဂဇင်းကို ဝေငှပြီး နောက်မေးခွန်းတစ်ခု ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။
ကင်းမျှော်စင် ဧပြီ ၁
“ကျွန်တော်တို့ တွေ့ဆုံခဲ့သူတိုင်းက ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့် လူတချို့က ဘဝရဲ့အဓိပ္ပာယ်ကို သိချင်လာကြတယ်။ ကနေ့ လူတွေကို မပျော်ရွှင်အောင် အဓိက တားဆီးနေတဲ့ အရာတစ်ခုက ဘာဖြစ်မယ်လို့ ခင်ဗျားထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်က ကျွန်တော်တို့ အခု ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မကြာခင် ဖယ်ရှားပေးတော့မယ်လို့ ကျမ်းစာမှာ ကတိပြုထားတယ်။ [ဗျာဒိတ် ၂၁:၄ ကိုဖတ်ပါ။] ကျွန်တော်တို့ရဲ့ အနာဂတ်အကြောင်းနဲ့ အခုချိန်မှာလည်း အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်နိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။”
နိုးလော့! ဧပြီ
“အိမ်တွင်းအကြမ်းဖက်မှုက နေရာတကာမှာ ဖြစ်ပျက်နေပါတယ်။ ဒါက ယဉ်ကျေးမှု၊ မိသားစုနောက်ခံနဲ့ အကြမ်းဖက်တဲ့ ဖျော်ဖြေရေးတွေကြောင့် ဖြစ်ရတာလို့ တချို့က ပြောကြတယ်။ အိမ်ထဲမှာ အကြမ်းဖက်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဘာဖြစ်မယ်လို့ ခင်ဗျားထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] လင်မယားစပ်ကြားမှာ ဆက်ဆံရေးကောင်း ရှိသင့်တယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ [ဧဖက် ၅:၃၃ ကိုဖတ်ပါ။] ကျမ်းစာမူတွေကို ကျင့်သုံးခြင်းအားဖြင့် အိမ်ထောင်တချို့ ဘယ်လိုပြန်အဖတ်ဆယ်နိုင်ခဲ့တဲ့အကြောင်း ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။”