နမူနာ တင်ဆက်နည်းများ
ဧပြီလရဲ့ ပထမဆုံး စနေနေ့ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုများ စတင်ရန်
“လူများစွာက ယေရှုရဲ့မွေးနေ့ကို ကျင်းပကြတယ်။ ယေရှုသေဆုံးတဲ့နေ့ကော အရေးကြီးတယ်လို့ မိတ်ဆွေထင်ပါသလား။” တုံ့ပြန်မှုကို စောင့်ပါ။ အိမ်ရှင်ကို မတ် ၁ ရက်ထုတ်ကင်းမျှော်စင် ကိုပေးပြီး စာမျက်နှာ ၁၆ ရှိ ပထမခေါင်းစဉ်အောက်က အကြောင်းအရာကို ဆွေးနွေးပါ။ အနည်းဆုံး ကျမ်းချက်တစ်ချက်ဖတ်ပါ။ နောက်မေးခွန်းကိုဆွေးနွေးဖို့ ပြန်လာမယ့်အကြောင်း ပြောခဲ့ပါ။
ကင်းမျှော်စင် မတ် ၁
“ဒီနေ့အချိန်မှာ ချာ့ချ်တွေနဲ့ ဂိုဏ်းဂဏခွဲတွေ အများကြီးရှိပြီး ယုံကြည်ချက်တွေနဲ့ ကိုးကွယ်မှုပုံစံတွေလည်း အများကြီးရှိတယ်။ ခရစ်ယာန်လို့ ဆိုသူတိုင်းကို စစ်မှန်တဲ့ခရစ်ယာန်တွေလို့ ပြောလို့ရမလား။ မိတ်ဆွေဘယ်လိုယူဆသလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသားတစ်ခုကို ယေရှု ဒီလိုဖော်ပြခဲ့တယ်။ [ယောဟန် ၁၃:၃၄၊ ၃၅ ကို ဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ ယေရှုနောက်လိုက်စစ်တွေကို ခွဲခြားသိမြင်စေမယ့် ယေရှုဖော်ပြခဲ့တဲ့ အချက်ငါးချက်ကို ဆွေးနွေးထားတယ်။”
နိုးလော့! မတ်
“စိုးရိမ်စရာဖြစ်လာတဲ့ လူတွေရဲ့သဘောထားတစ်ခုအကြောင်း အိမ်နီးချင်းတွေနဲ့ လိုက်ဆွေးနွေးနေပါတယ်။ ဒီနေ့ခေတ်လူတွေက ဒေါသကြီးလာကြတဲ့အပြင် ပိုပြီး ဒေါသထွက်လွယ်လာကြတယ်။ ဘာကြောင့်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ကျမ်းစာက ဒေါသနဲ့ပတ်သက်ပြီး အခုလိုပြောထားတာကို သတိပြုကြည့်ပါ။ [ဆာလံ ၃၇:၈ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ဒီနေ့ခေတ်လူတွေ ဒေါသကြီးလာရတဲ့ အချက်တချို့ကိုဖော်ပြတဲ့အပြင် ဒေါသကို ထိန်းချုပ်နိုင်တဲ့နည်းတွေကိုလည်း ဖော်ပြထားတယ်။”