ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၁၃ စာ. ၄
  • နမူနာတင်ဆက်နည်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နမူနာတင်ဆက်နည်းများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • နမူနာတင်ဆက်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၆/၁၃ စာ. ၄

နမူနာတင်ဆက်နည်းများ

ဇူလိုင်လရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစဖို့ အခုလိုပြောနိုင်တယ်

“လူတိုင်းလိုလိုက ပျော်ရွှင်တဲ့ဘဝနဲ့ အသက်ရှည်ရှည် နေချင်ကြမှာပဲ။ တစ်နေ့မှာ သိပ္ပံပညာနဲ့ ဆေးပညာတွေက ကျွန်တော်တို့ကို ထာဝစဉ်အသက်ရှင်နိုင်အောင် ကူညီပေးနိုင်မယ်လို့ မိတ်ဆွေ ထင်သလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီစာစောင်မှာ ဘယ်လိုပြောထားလဲဆိုတာ ကြည့်ရအောင်။” ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင်ရဲ့ နောက်ကျောဖုံး ကိုပြပါ။ ပထမဆုံးမေးခွန်းရဲ့အောက်မှာရှိတဲ့ အပိုဒ်တွေနဲ့ ညွှန်းထားတဲ့ ကျမ်းချက်တွေထဲက အနည်းဆုံး တစ်ချက်ကို အတူတကွ သုံးသပ်ပါ။ မဂ္ဂဇင်းတွေကို ဝေငှပြီး ပြန်လည်ပတ်နိုင်အောင် ဒုတိယမေးခွန်းကို မေးခဲ့ပါ။

သတိပြုပါ– ဒီတင်ဆက်နည်းကို ဇူလိုင် ၆ ရက် ဒါမှမဟုတ် ၇ ရက်နေ့ လယ်ကွင်းစုဆုံမှုမှာ သရုပ်ပြသင့်ပါတယ်။

ကင်းမျှော်စင် ဇူလိုင် ၁

“လူတော်တော်များများမှာ ကိုယ်ပိုင်ဘာသာရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ တချို့က ဘယ်ဘာသာရေးအဖွဲ့အစည်းကိုမှ အယုံအကြည် မရှိတော့ဘူး။ မိတ်ဆွေကော ဘာသာရေးအဖွဲ့အစည်းတွေကို ဘယ်လိုမြင်ပါသလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ဘာသာရေးအဖွဲ့အစည်းတစ်ခုကို မှန်မမှန် ဆန်းစစ်နိုင်ဖို့ စံနှုန်းတစ်ခုကို ယေရှု ပေးခဲ့တယ်။ [လုကာ ၆:၄၄က ကိုဖတ်ပါ။] ဘာသာရေးအဖွဲ့အစည်းတွေရဲ့ မကောင်းမှုတချို့ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ယုံကြည်စိတ်ချလို့ရတဲ့ ဘာသာရေးအဖွဲ့အစည်းရှိသေးသလားဆိုတဲ့ မေးခွန်းကိုလည်း ဖြေဆိုပေးထားပါတယ်။”

နိုးလော့! ဇူလိုင်

“မတရားမှုတွေကြောင့် ကျွန်တော်တို့အားလုံး စိတ်ဆင်းရဲနေရတယ်။ တချို့ဆိုရင် အဲဒီမတရားမှုတွေကို ဆန္ဒပြပြီး ကန့်ကွက်ကြတယ်။ ဆန္ဒပြတဲ့သူတွေက ပြောင်းလဲမှုကြီးတွေ ပြုလုပ်နိုင်မယ်လို့ မိတ်ဆွေ ထင်သလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ကမ္ဘာ့အခြေအနေတွေ ပြောင်းလဲလာမယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ [မဿဲ ၆:၉၊ ၁၀ ကိုဖတ်ပါ။] ဆန္ဒပြတာက ပြဿနာဖြေရှင်းနည်းလားဆိုတဲ့ မေးခွန်းကိုလည်း ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။”

လူမျိုးအားလုံးအတွက် သတင်းကောင်း

“သမ္မာကျမ်းစာမှာပါတဲ့ စိတ်ချမ်းသာစရာအကြောင်းကို ပြောပြဖို့ မိတ်ဆွေဆီ လာတာပါ။ ကျွန်တော်နဲ့ စကားပြောဖြစ်တဲ့ မိတ်ဆွေအတော်များများက မေတ္တာရှင် ဘုရားသခင်ဟာ ဒီကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခတွေကို ဘာကြောင့် ဒီလောက်တောင် ဖြစ်ခွင့်ပြုထားရတာလဲဆိုပြီး သိချင်နေကြတယ်။ ကမ္ဘာမြေကို ဘုရားသခင် ဖန်ဆင်းတုန်းက ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေချင်တဲ့သဘောနဲ့ ဖန်ဆင်းခဲ့တယ်လို့ မိတ်ဆွေ ထင်သလား။ တုံ့ပြန်မှုကို စောင့်ပါ။ ပြီးတော့ ဘရိုရှာရဲ့ အခန်း ၅ ကိုဖွင့်ပါ။ ပထမဆုံး အပိုဒ်နှစ်ပိုဒ်၊ စာလုံးမည်းနဲ့ရေးထားတဲ့ ကျမ်းချက်တွေကို ဖတ်ပြီး ဆွေးနွေးပါ။ ဒီဘရိုရှာကိုပေးပြီး ပြန်လည်ပတ်နိုင်အောင် စာလုံးမည်းနဲ့ ရေးထားတဲ့ နောက်မေးခွန်းတစ်ခုကို မေးခဲ့ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ