ကြေညာသူများရဲ့မေးခွန်း
◼ ကြေညာသူတစ်ယောက် နှစ်ခြင်းမခံခင် ဘယ်လောက်အတိုင်းအတာအထိ အစည်းအဝေးတွေ တက်ပြီး အမှုဆောင်မှာ ပါဝင်သင့်သလဲ။
နှစ်ခြင်းခံခြင်းဆိုတာ လူတစ်ယောက်အတွက် အရေးအကြီးဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်။ ဒါကြောင့် သူဟာ နှစ်ခြင်းမခံခင် ဘုရားသခင်ရဲ့တောင်းဆိုချက်တွေက ဘာလဲဆိုတာ အတိုင်းအတာတစ်ခုအထိ သဘောပေါက်ရမယ်။ ဒါ့အပြင် ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့အညီ နေထိုင်မယ်လို့ ဆုံးဖြတ်ထားကြောင်း ပေါ်လွင်နေရမယ်။
စည်းဝေးခြင်းအမှုကို မရှောင်မလွှဲဖို့ ခရစ်ယာန်တွေကို မိန့်မှာထားတယ်။ ဒါကြောင့် နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဟာ အသင်းတော်စည်းဝေးတွေကို ကြိုးစားတက်ရောက်ဖို့လိုတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ပုံမှန်အားဖြင့် သူဟာ စည်းဝေးတွေမှာ မှတ်ချက်တွေပေးပြီး ဟောပြောသွန်သင်ခြင်းသင်တန်းမှာလည်း စာရင်းသွင်းထားနိုင်တယ်။ ဒါပေမဲ့ တောင်းဆိုချက်တော့ မဟုတ်ပါဘူး။
ဒါ့အပြင် ခရစ်ယာန်တွေကို ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာပါဝင်ဖို့ မိန့်မှာထားတဲ့အတွက် သူဟာ နှစ်ခြင်းမခံခင် အမှုဆောင်မှာ ပုံမှန်ပါဝင်ဖို့လိုတယ်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ကြေညာသူလုပ်တာ ဘယ်နှစ်လကြာပြီးမှ နှစ်ခြင်းခံလို့ရမလဲ။ အမှုဆောင်ခြင်းမှာ လစဉ် ပုံမှန်ပါဝင်မယ်၊ ထက်ထက်သန်သန်ပါဝင်မယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားကြောင်း ဖော်ပြနိုင်ဖို့ သူ့ကို အချိန်ပေးသင့်ပါတယ်။ (ဆာ. ၇၈:၃၇) ဒါပေမဲ့ နှစ်ခြင်းမခံခင် ကြေညာသူ အကြာကြီး လုပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ လအနည်းငယ်နဲ့လည်း လုံလောက်နိုင်တယ်။ လယ်ကွင်းမှတ်တမ်း ဘယ်လောက်သွင်းသင့်သလဲ။ သတ်သတ်မှတ်မှတ်ထုတ်ထားတဲ့ စည်းမျဉ်းတော့ မရှိပါဘူး။ အကြီးအကဲတွေက ကြေညာသူတစ်ယောက်စီရဲ့ အခြေအနေကို ထည့်တွက်စဉ်းစားသင့်ပြီး အကျိုးသင့်အကြောင်းသင့် ရှိသင့်တယ်။—လု. ၂၁:၁-၄။
နှစ်ခြင်းခံမယ့်သူနဲ့ တွေ့ဆုံတဲ့ အကြီးအကဲတွေ (အကြီးအကဲနည်းတဲ့ အသင်းတော်မှာ ဓမ္မအမှုထမ်းတွေ) က တစ်ယောက်စီရဲ့ အခြေအနေ မတူဘူးဆိုတာကို သတိရသင့်ပြီး နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မပြည့် ဆုံးဖြတ်တဲ့အခါ ကောင်းကောင်းစဉ်းစားချင့်ချိန်သင့်တယ်။ ဒီကြေညာသူမှာ ယေဟောဝါသက်သေတစ်ယောက် တကယ်ဖြစ်ချင်တဲ့စိတ်ရှိဖို့၊ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းခွင့်၊ အမှုဆောင်ခွင့်ကို လေးမြတ်တန်ဖိုးထားစိတ်ရှိဖို့ အကြီးအကဲတွေ မျှော်လင့်ပါတယ်။ သူဟာ နှစ်ခြင်းခံပြီးသားကြေညာသူလောက် ဘုရားရေးရာမှာ ရင့်ကျက်မှာ မဟုတ်သေးဘူး၊ အတွေ့အကြုံမရှိသေးဘူးဆိုတာကို အကြီးအကဲတွေ နားလည်ကြတယ်။ သူဟာ နှစ်ခြင်းခံဖို့ အရည်အချင်း မပြည့်မီသေးဘူးလို့ အကြီးအကဲတွေ ယူမှတ်တဲ့အခါ သူတို့ ဒီလိုဆုံးဖြတ်ရတဲ့ ကျမ်းစာအကြောင်းရင်းတွေကို ကြင်နာစွာ အသိပေးသင့်ပြီး ဝတ်ပြုရေးရာတွေမှာ ဆက်ကူညီပေးသင့်တယ်။