နမူနာတင်ဆက်နည်းများ
ဇွန်လရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေမှာ ကျမ်းစာသင်အံမှုစဖို့ အခုလိုပြောနိုင်တယ်
“စိတ်ဝင်စားစရာမေးခွန်းတစ်ခုကို ဆွေးနွေးဖို့ ကျွန်တော်တို့ ဒီဘက်ရပ်ကွက်ကို ခဏတစ်ဖြုတ် လာလည်ကြပါတယ်။ [ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင်ရဲ့ နောက်ဆုံးစာမျက်နှာက ပထမမေးခွန်းကို ပြပါ။] ဒီမေးခွန်းကို မိတ်ဆွေ ဘယ်လိုဖြေမလဲ။” တုံ့ပြန်မှုကို စောင့်ပါ။ ပထမမေးခွန်းရဲ့ အောက်က အကြောင်းအရာနဲ့ ညွှန်းထားတဲ့ကျမ်းချက် အနည်းဆုံးတစ်ချက်ကို ဖတ်ပြီး ဆွေးနွေးပါ။ မဂ္ဂဇင်းကိုဝေငှပြီး နောက်မေးခွန်းကို ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။
ကင်းမျှော်စင် ဇွန် ၁
“ဆေးလိပ်ကြောင့် တစ်နှစ်ကို လူ ၆ သန်းလောက် သေဆုံးနေတယ်။ ဒီအရေအတွက် လျော့နည်းသွားမယ်လို့ မိတ်ဆွေ ထင်ပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဆေးလိပ်သောက်ခြင်းနဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်ကို သုံးသပ်တဲ့အခါ ဆေးလိပ်ကို လုံးဝဖြတ်ပစ်နိုင်ခဲ့တဲ့သူတွေ အများကြီးရှိတယ်။ ဥပမာ၊ ဒီကျမ်းချက်ကို ဖတ်ရတဲ့အခါ လူတချို့က သူတို့သောက်တဲ့ဆေးလိပ်ကြောင့် တခြားသူတွေ ဘယ်လိုထိခိုက်သလဲဆိုတာကို စဉ်းစားလာကြတယ်။ [၁ ကောရိန္သု ၁၀:၂၄ ကိုဖတ်ပါ။] ဆေးလိပ်သောက်ခြင်းအပေါ် ဘုရားသခင့်အမြင်ကို သုံးသပ်တာက လူတစ်ယောက်ကို ဆေးလိပ်ဖြတ်ဖို့ ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။”
နိုးလော့! ဇွန်
“အင်တာနက် လူမှုဆက်သွယ်ရေးကွန်ယက်တွေကြောင့် သူငယ်ချင်းတွေရဖို့ လွယ်ကူတာတော့ မှန်ပေမဲ့ မိတ်ဆွေစစ်ကိုတော့ ခွဲခြားရခက်တယ်။ မိတ်ဆွေစစ်တစ်ယောက်မှာ ဘယ်အရည်အသွေးရှိဖို့ အရေးအကြီးဆုံးဖြစ်မယ်လို့ ထင်သလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ကျမ်းစာမှာဖော်ပြထားတဲ့ အကြံပြုချက်တစ်ခုကို သတိပြုကြည့်ပါ။ [ယာကုပ် ၁:၁၉ ကိုဖတ်ပါ။] ကိုယ်ကိုယ်တိုင်က တခြားသူတွေအတွက် မိတ်ဆွေကောင်းဖြစ်လာနိုင်ပြီး မိတ်ဆွေကောင်းတွေဆီကလည်း မျှော်လင့်နိုင်တဲ့ အချက် ၄ ချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။”