ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၁၄ စာ. ၁
  • သမိုင်းတွင်မယ့် ဩဂုတ်လ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမိုင်းတွင်မယ့် ဩဂုတ်လ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကို ချီးမွမ်းနိုင်တဲ့ အခွင့်ထူးတွေ တိုးများလာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ကျွန်ုပ်တို့ ထပ်မံလုပ်ဆောင်ကြမည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နဓ ၆/၁၄ စာ. ၁

သမိုင်းတွင်မယ့် ဩဂုတ်လ

ကမ္ဘာတစ်ဝန်းမှာ ဝေငှတော့မယ့် ဝေစာအသစ်

၁။ ဘုရားသခင့်နိုင်ငံတော် တည်ထောင်တာ အနှစ် ၁၀၀ ပြည့်ခါနီးလာတဲ့အခါ ကမ္ဘာတစ်ဝန်းမှာ ဘာအထူးကင်ပိန်းရှိသလဲ။

၁ ဘုရားသခင့်နိုင်ငံတော် တည်ထောင်တာ အနှစ် ၁၀၀ ပြည့်ခါနီးနေပါပြီ။ အထူးကင်ပိန်းမှာ အတတ်နိုင်ဆုံး ကြိုးစားပါဝင်ပြီး ယေဟောဝါကို ဂုဏ်တင်တာက ဘယ်လောက်သင့်လျော်လိုက်သလဲ။ ဩဂုတ်လကျရင် ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘယ်မှာရှာတွေ့နိုင်မလဲဆိုတဲ့ ဝေစာအသစ်ကို ကမ္ဘာတစ်ဝန်းမှာ ဝေငှသွားမယ့် အထူးကင်ပိန်းရှိပါတယ်။ ဒီဝေစာက ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ကျမ်းစာမှာရှာဖို့ အားပေးထားပြီး jw.org ဝက်ဘ်ဆိုက်က အဖြေရဖို့ ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ ရှင်းပြထားတယ်။

၂။ ဩဂုတ်လမှာ ဘယ်လိုနည်းနဲ့ “ကျယ်လောင်စွာ ကြွေးကြော်ပြီး ယေဟောဝါကို ချီးမွမ်း” နိုင်မလဲ။

၂ ကျယ်လောင်စွာ ကြွေးကြော်ချီးမွမ်းကြ– ဩဂုတ်လမှာ နှစ်ခြင်းခံပြီးသား ကြေညာသူတွေ တိုးချဲ့အမှုဆောင်နိုင်ဖို့ အထူးအစီအစဉ်တစ်ခု ပြုလုပ်ထားပါတယ်။ အဲဒီလမှာ နာရီ ၃၀ နဲ့အရန်ရှေ့ဆောင်လုပ်ဖို့ ခွင့်ပြုထားပါတယ်။ ဩဂုတ်လမှာ စနေ၊ တနင်္ဂနွေ ၅ ပတ်ရှိတဲ့အတွက်လည်း အလုပ်လုပ်နေသူတွေနဲ့ ကျောင်းသူကျောင်းသားတွေ အရန်ရှေ့ဆောင် လုပ်နိုင်ပါတယ်။ သင့်မှာ ကြေညာသူဖြစ်ချင်တဲ့ ကျမ်းစာသင်သား ဒါမှမဟုတ် သားသမီး ရှိတယ်ဆိုရင် အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးကို ချက်ချင်းအကြောင်းကြားပါ။ ကြေညာသူဖြစ်လာတဲ့သူတွေဟာ သမိုင်းတွင်မယ့် ဒီသြဂုတ်လမှာ ကျွန်ုပ်တို့နဲ့အတူ အမှုဆောင်ရတာ တကယ့်ကို အားရှိစရာဖြစ်ပါလိမ့်မယ်။ ဩဂုတ်လမှာ မှန်မှန်ရှေ့ဆောင်အတော်များများဟာ တစ်နှစ်စာ နာရီပြည့်ပြီဖြစ်လို့ တခြားအစီအစဉ်တွေ ရှိနိုင်တယ်။ ဒါပေမဲ့ အထူးကင်ပိန်းလဖြစ်တဲ့ ဩဂုတ်လမှာ အပြည့်အဝ ပါဝင်နိုင်ဖို့ သင်တို့ရဲ့ဇယားကို ပြုပြင်နိုင်မလား။ မိသားစုလိုက် “ကျယ်လောင်စွာ ကြွေးကြော်ပြီး ယေဟောဝါကို ချီးမွမ်း” နိုင်ဖို့ ခုချိန်ကစပြီး ဆွေးနွေးတိုင်ပင်သင့်ပါပြီ။—ဧဇ. ၃:၁၁၊ ကဘ; သု. ၁၅:၂၂။

၃။ လာမယ့်အထူးကင်ပိန်းလမှာ ဘာပန်းတိုင်ထားနိုင်မလဲ။

၃ အရင်တုန်းကလည်း ကင်ပိန်းအမျိုးမျိုးမှာ ကျွန်ုပ်တို့ ပါဝင်ဖူးပေမဲ့ ဒီကင်ပိန်းကတော့ သမိုင်းတွင်ရစ်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ခါမှမရဖူးသေးတဲ့ နာရီ၊ ကြေညာသူနဲ့ ရှေ့ဆောင်အရေအတွက်ကို ဩဂုတ်လမှာ ရရှိအောင် ပန်းတိုင်ထားနိုင်မလား။ ၂၀၁၄ လုပ်ငန်းတော်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဩဂုတ်လမှာ အကြီးအကျယ်ဆုံးအတိုင်းအတာနဲ့ ဟောပြောကြပါစို့။ ညီအစ်ကို၊ ညီအစ်မအားလုံးရဲ့ ကြိုးစားလုပ်ဆောင်မှုကို ယေဟောဝါ ကောင်းချီးပေးပါစေ။—မ. ၂၄:၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ