အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ရဲ့ ဝက်ဘ်ဆိုက်ကို အသုံးပြုပါ–“သမ္မာကျမ်းစာမေးခွန်းတွေရဲ့ အဖြေ”
jw.org/mya ဝက်ဘ်ဆိုက်မှာရှိတဲ့ “သမ္မာကျမ်းစာသွန်သင်ချက်များ” ဆိုတဲ့ခေါင်းစဉ်အောက်မှာ “သမ္မာကျမ်းစာမေးခွန်းတွေရဲ့ အဖြေ” ဆိုတဲ့ကဏ္ဍ ရှိပါတယ်။ အဲဒီကဏ္ဍမှာပါတဲ့ အမေးများဆုံးမေးခွန်းတွေကို အကျွမ်းတဝင်သိထားမယ်ဆိုရင် စိတ်ဝင်စားတဲ့အိမ်ရှင် မေးခွန်းမေးတဲ့အခါ အဖြေကို ကျွန်ုပ်တို့ရဲ့ဝက်ဘ်ဆိုက်မှာ ပြပေးနိုင်မှာဖြစ်တယ်။ အမှုဆောင်လုပ်ငန်းမှာ အဲဒီမေးခွန်းတွေကိုသုံးပြီး အိမ်ရှင်နဲ့ စကားစမြည်စပြောနိုင်ပါတယ်။ အိမ်ရှင်စိတ်ဝင်စားနိုင်မယ့် မေးခွန်းတစ်ခုကို အရင်ဆုံးရွေးပြီး မေးပါ။ ပြီးတော့ သူ့ရဲ့အမြင်ကို မေးပြီး jw.org/mya မှာပါတဲ့ ကျိုးကြောင်းဆင်ခြင်နည်းအတိုင်း ကျမ်းစာသွန်သင်ရာတွေကို ပြောပြပါ။ အိမ်ရှင်ကို အဲဒီအချက်အလက်တွေ ရှာတွေ့နိုင်တဲ့နေရာကို ရှင်းပြပါ ဒါမှမဟုတ် ကိုယ်တိုင်ပြပေးပါ။ နောက်ထပ်လုပ်နိုင်တဲ့အရာတစ်ခုကတော့ ဝက်ဘ်ဆိုက်မှာပါတဲ့ အဖြေကို အိမ်ရှင်ကို ဖတ်ပြခိုင်းပါ။ တိုက်နယ်ကြီးကြပ်မှူးရဲ့ ဇနီးဟာ အောက်ပါနည်းလမ်းကိုအသုံးပြုပြီး အောင်မြင်မှုရခဲ့တယ်။ “လူတော်တော်များများက ‘ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံရတာ ဘုရားသခင်ကြောင့်လား’ လို့ သိချင်ကြတယ်။ အဲဒီအဖြေကို အချိန် ၅၁ စက္ကန့်အတွင်းမှာပဲ သိနိုင်တယ်” လို့ပြောပြတယ်။ ပြီးနောက် ဝက်ဘ်ဆိုက်ကနေ ကူးယူထားတဲ့ အဲဒီအကြောင်းအသံသွင်းထားတဲ့အဖြေကို သူ့ဖုန်းထဲကနေ ဖွင့်ပြလိုက်တယ်။ အဲဒီလိုပြပြီးတဲ့နောက် ကျမ်းစာသွန်သင်ရာ စာအုပ် အခန်း ၁၁ မှာပါတဲ့အကြောင်းအရာကို မိတ်ဆက်ပေးပြီး နိဂုံးချုပ်လိုက်တယ်။