“သူ့ကို အိမ်မှာ မတွေ့ပြန်ဘူး”
စိတ်ဝင်စားသူဆီ ပြန်လည်ပတ်ပြီးတဲ့နောက် သင်ကော အဲဒီလိုပြောဖူးသလား။ အဲဒီလူဆီ အကြိမ်ကြိမ် သွားပေမဲ့ ကိုယ်စိုက်ခဲ့တဲ့ အမှန်တရားမျိုးစေ့ကို ရေလောင်းလို့မရတာ ဖြစ်နိုင်တယ်။ (၁ ကော. ၃:၆) တစ်ခါတလေ၊ အတွေ့အကြုံရှိတဲ့ ကြေညာသူတွေဟာ စိတ်ဝင်စားသူကို အိမ်မှာ မတွေ့ဘူးဆိုရင် စာရေးခဲ့တယ်၊ အိမ်တံခါးရှေ့မှာ စာတိုလေးရေးခဲ့တာမျိုး လုပ်ကြတယ်။ တချို့ကြေညာသူတွေက အိမ်မှာ မတွေ့နိုင်တဲ့သူတွေကို ဖုန်းနံပါတ်တောင်းပြီး “ဖုန်းနဲ့စာပို့လို့ရမလား” လို့မေးတတ်ကြတယ်။ ကိုယ်တိုင်ပြန်လည်ပတ်တာ ဒါမှမဟုတ် စာ၊ အီးမေးလ်၊ ဖုန်းနဲ့စာပို့တာ ဒါမှမဟုတ် အိမ်ရှေ့မှာ စာတိုထားခဲ့တာ၊ ဖုန်းဆက်တာ စတဲ့နည်းတွေနဲ့သက်သေခံတာတွေကို ပြန်လည်ပတ်မှုမှတ်တမ်း ယူနိုင်ပါတယ်။ စိတ်ဝင်စားသူ အိမ်မှာမရှိရင်တောင် အဲဒီနည်းတွေကိုအသုံးပြုပြီး သူ့ရဲ့စိတ်ဝင်စားမှု မပျောက်အောင် ဆက်ထိန်းထားနိုင်ပါတယ်။