ခရစ်ယာန်အသက်တာလမ်းစဉ်
အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—တယ်လီဖုန်းဖြင့် သက်သေခံခြင်း
ဘာကြောင့် အရေးကြီး– တယ်လီဖုန်းနဲ့ သက်သေခံတာက “သတင်းကောင်းအကြောင်း စေ့စေ့စပ်စပ် သက်သေခံ” ရာမှာ အရေးပါတဲ့ နည်းတစ်နည်း ဖြစ်တယ်။ (တ ၂၀:၂၄)a အခြေအနေအရ လူချင်းမတွေ့နိုင်သူတွေကို ဒီနည်းနဲ့ ဟောပြောနိုင်ကြတယ်။
လုပ်ဆောင်နိုင်ပုံ–
ကြိုတင်ပြင်ဆင်ပါ။ သင့်လျော်တဲ့ အကြောင်းအရာတစ်ခုကို ရွေးပါ။ ပြီးတဲ့နောက် ကိုယ်ပြောချင်တဲ့ အကြောင်းကို အောက်လိုင်းလုပ်ပါ။ အကယ်၍ ကိုယ်ခေါ်လိုက်တဲ့ဖုန်းက အလိုအလျောက် ပြန်ထူးတဲ့အခါမျိုးမှာ ဖုန်းခေါ်တဲ့ ရည်ရွယ်ချက်ကို အတိုချုပ်ရှင်းပြဖို့ ပြင်ဆင်ထားပါ။ အောက်လိုင်းနဲ့ JW Library® နဲ့ jw.org® ဖွင့်ဖို့ လိုအပ်တဲ့ အီလက်ထရောနစ် ကိရိယာတွေကို အဆင်သင့်ယူထား၊ စားပွဲမှာ ထိုင်ပြီး ပြောတာက ပိုအဆင်ပြေတယ်။
သက်သောင့်သက်သာရှိပါ။ သဘာဝကျကျ ပြောဆိုပါ။ မျက်နှာချင်းဆိုင် စကားပြောနေသလို ပြုံးပြီး ကိုယ်ဟန်အမူအယာနဲ့ စကားပြောပါ။ စကားပြောတာကို မလိုအပ်ဘဲ ခဏခဏ မရပ်ပါနဲ့။ တစ်ယောက်ယောက်နဲ့ တွဲပြီးလုပ်ဆောင်တာက အထောက်အကူပြုပါတယ်။ အိမ်ရှင်က မေးခွန်း မေးတယ်ဆိုရင် မေးခွန်းကို အသံထွက် ပြန်ပြောပါ။ အဲဒါဆိုရင် ကိုယ့်ရဲ့ အဖော်က အဖြေရှာဖို့ ကူညီပေးနိုင်မယ်။
ပြန်လည်ပတ်မှု လုပ်ဖို့ လမ်းခင်းထားပါ။ တစ်ဖက်လူက စိတ်ဝင်စားတယ်ဆိုရင် နောက်တစ်ကြိမ် ဖုန်းဆက်တဲ့အခါ ပြန်ဖြေပေးမယ့် မေးခွန်းတစ်ခု မေးခဲ့ပါ။ အီးမေးလ်ကနေ ဒါမှမဟုတ် လူကိုယ်တိုင် စာအုပ်တစ်အုပ် ပို့ပေးမယ်လို့လည်း ပြောနိုင်တယ်။ ဒါမှမဟုတ် မက်ဆေ့ချ်ကနေ၊ အီးမေးလ်ကနေ ဗီဒီယိုတစ်ခု၊ ဆောင်းပါးတစ်ပုဒ် ပို့ပေးနိုင်ပါတယ်။ သင့်တော်မယ်ဆိုရင် ဝက်ဘ်ဆိုက်ထဲက အကြောင်းအရာတစ်ခု ပြောပြနိုင်တယ်။
a သင့်ဒေသမှာ ဖုန်းနဲ့ သက်သေခံခြင်းက လက်သင့်ခံဖွယ် ဖြစ်မယ်ဆိုရင် ကိုယ်ရေးလုံခြုံမှု မူဝါဒနဲ့အညီ လုပ်ဆောင်သင့်တယ်။