နမူနာတင်ဆက်နည်းများ
ဒီဇင်ဘာလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစဖို့ ဒီလိုပြောနိုင်ပါတယ်
“ကျွန်တော်တို့ ဒီရပ်ကွက်မှာရှိတဲ့ အိမ်တိုင်းဆီကို လာလည်ကြတယ်။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ဘုရားတရားကိုင်းရှိုင်းပြီး ဘုရားကိုချစ်တဲ့သူ ဖြစ်စေချင်ကြတယ် မဟုတ်လား။ ကလေးတွေ အဲဒီလိုဖြစ်လာအောင် မိဘတွေ သင်ပေးနိုင်သလား၊ ဒါမှမဟုတ် သူတို့ဘာသာသူတို့ သင်ယူနိုင်သလား။” အဖြေကို စောင့်ပါ။ ပြီးနောက် ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ရဲ့ နောက်ကျောဖုံးကိုပြပါ။ ပထမဆုံးမေးခွန်းအောက်က အကြောင်းအရာနဲ့ ညွှန်းထားတဲ့ကျမ်းချက် အနည်းဆုံးတစ်ချက်ကိုဖတ်ပြီး ဆွေးနွေးပါ။ မဂ္ဂဇင်းကိုဝေငှပြီး နောက်မေးခွန်းကို ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။
ကင်းမျှော်စင် ဒီဇင်ဘာ ၁
“အိမ်တိုင်းဆီသွားပြီး ဘုရားအကြောင်း လိုက်ပြောပြနေတာပါ။ ဘုရားနဲ့ပတ်သက်ပြီး လူတိုင်းမှာ ကိုယ်ပိုင်ခံယူချက်တွေရှိကြပါတယ်။ လူအများစုကတော့ ဘုရားကို တန်ခိုးကြီးစွမ်းအားတစ်ခုအနေနဲ့ ဒါမှမဟုတ် လူတွေကို ဂရုစိုက်တဲ့မိတ်ဆွေအနေနဲ့ ရှုမြင်ကြတယ်။ မိတ်ဆွေကော ဘယ်လိုရှုမြင်သလဲ။ [အဖြေကို စောင့်ပါ။] ဘုရားသခင်က ကျွန်တော်တို့နဲ့ ခင်မင်ရင်းနှီးချင်တယ်လို့ ကျမ်းစာမှာဖော်ပြထားပါတယ်။ [ယာကုပ် ၄:၈က ကိုဖတ်ပါ။] ဘုရားနဲ့ရင်းနှီးဖို့ ကျွန်တော်တို့ လုပ်ရမယ့်အချက်သုံးချက်ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။”
နိုးလော့! ဒီဇင်ဘာ
“ဒီနေ့ လူတွေမှာအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုအကြောင်း မိတ်ဆွေကို လာပြောပြတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ လူလေးယောက်မှာ တစ်ယောက်ဟာ သူတို့ဘဝရဲ့ တစ်ချိန်ချိန်မှာ စိတ်ကျဝေဒနာခံစားကြရတယ်။ စိတ်ကျဝေဒနာလိုမျိုး စိတ်ရောဂါတွေက ပိုပြီးအဖြစ်များလာတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [အဖြေကိုစောင့်ပါ။] အနာဂတ်မှာ ရောဂါဝေဒနာတွေရှိတော့မှာမဟုတ်ဘူးလို့ ကျမ်းစာမှာဖော်ပြထားတယ်။ [ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ လူတိုင်းသိထားသင့်တဲ့ စိတ်ဝေဒနာအကြောင်း ဖော်ပြထားပါတယ်။”