နမူနာတင်ဆက်နည်းများ
ကင်းမျှော်စင် မေ ၁
“တကယ်လို့ မိတ်ဆွေမှာ ကမ္ဘာပေါ်က ပြဿနာတစ်ခုကို အဆုံးသတ်ပေးနိုင်စွမ်းရှိတယ်ဆိုရင် ဘာကို အဆုံးသတ်ပေးချင်လဲ။ [အဖြေကိုစောင့်ပါ။] ဘုရားသခင်က အဲဒီပြဿနာအပါအဝင် ပြဿနာအားလုံးကို အဆုံးတိုင်စေမယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ [ဒံယေလ ၂:၄၄၊ ၄၅; သုတ္တံ ၂:၂၁၊ ၂၂; မဿဲ ၇:၂၁-၂၃; ၂ ပေတရု ၃:၇ လိုမျိုး အိမ်ရှင်နဲ့သင့်တော်မယ့်ကျမ်းချက်တစ်ချက်ကို ရွေးဖတ်ပါ။] ဘုရားသခင်က ကမ္ဘာမြေကြီးကို ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ပြုပြင်ပြောင်းလဲပေးမယ်ဆိုတာကို ဒီကင်းမျှော်စင်မဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။”
နိုးလော့ မေ
“ကျွန်တော်အားလုံး စားဝတ်နေရေးပြေပြေလည်လည်နဲ့ နေထိုင်ရမယ်လို့ မိတ်ဆွေထင်သလား။ [အဖြေကိုစောင့်ပါ။] ဒီအကြောင်းနဲ့ပတ်သက်ပြီး လူသားတွေကိုပေးခဲ့တဲ့ ဘုရားပေးကတိကို သုံးသပ်ကြည့်ပါ။ [ဟေရှာယ ၆၅:၂၁၊ ၂၂ ကိုဖတ်ပါ။] ဘုရားသခင်က မိမိရဲ့ကတိတော်တွေကို ဘယ်လိုပြည့်စုံစေမယ်၊ ကျွန်တော်တို့က အဲဒီကတိတော်တွေကိုခံစားရဖို့ ဘာလုပ်ရမလဲဆိုတာတွေကို ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။