မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် နို. ၁၅
“ကမ္ဘာမြေကြီးဟာ တစ်နေ့နေ့မှာ ပရဒိသုခဘုံဖြစ်လာမယ်လို့ ရှေးခေတ်တုန်းက လူများစွာယုံကြည်ခဲ့ကြတယ်။ အခုခေတ်လူတချို့ကတော့ ကမ္ဘာမြေကြီးဟာ ဆက်ပြီးတော့တောင် တည်တံ့ပါ့မလားလို့ သံသယဖြစ်ကြတယ်။ ကမ္ဘာမြေကြီးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မိတ်ဆွေ ဘယ်လိုရှုမြင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] အဲဒါနဲ့ပတ်သက်တဲ့ ကျမ်းစာရဲ့အဆိုကို သတိပြုကြည့်ပါ။ [ဆာလံ ၃၇:၁၁ ဖတ်။] ဒီမဂ္ဂဇင်းက ကမ္ဘာမြေကြီးအတွက် ကျမ်းစာကြိုတင်ဟောကြားချက်ကို ထပ်ဆင့်ဆွေးနွေးထားတယ်။”
နိုးလော့! ဒီ. ၈
“အခုခေတ် အကြမ်းဖက်တဲ့ဖျော်ဖြေမှုတွေဟာ မိမိတို့ရဲ့သားသမီးတွေအပေါ် ဆိုးကျိုးသက်ရောက်နေပုံနဲ့ပတ်သက်ပြီး မိဘတွေမှာ စိုးရိမ်မကင်းဖြစ်ဖို့ အကြောင်းရှိတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မိဘများစွာဟာ လမ်းညွှန်ချက်တစ်ခုအဖြစ် ဒီကျမ်းချက်ကို အသုံးပြုကြတယ်။ [ဆာလံ ၁၁:၅၊ ကဘ ဖတ်။] ဒီလထုတ်နိုးလော့! က အီလက်ထရွန်နစ် ကစားနည်းတွေနဲ့ဆက်စပ်နေတဲ့ အန္တရာယ်တွေကိုဆန်းစစ်ဖို့ မိသားစုတွေကို ကူညီပေးတယ်။”
ကင်းမျှော်စင် ဒီ. ၁
“အခုခေတ်လူတချို့ဟာ ဘုရားသခင်ကို မယုံကြည်ကြတော့ဘူး။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ ဒီလိုမျိုး စိတ်ရှုပ်ထွေးစရာမေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့အဖြေ ရှာမတွေ့နိုင်လို့ပါပဲ။ [စာမျက်နှာ ၆ ရှိလေးထောင့်ကွက်မှ နမူနာတစ်ခုပေးပါ။] ဒီလထုတ် ကင်းမျှော်စင် က ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းတိုးပွားစေတဲ့ သော့ချက်တစ်ခုကို ဆွေးနွေးထားတယ်။” ဖိလိပ္ပိ ၁:၉ (ကဘ) ကိုဖတ်ပါ။