အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—လူသစ်တွေကို လေ့ကျင့်ပေးပါ
ဘာကြောင့် အရေးကြီး– ယေရှုရဲ့တပည့်သစ်တွေက ကိုယ်တော်ရဲ့ “မိန့်မှာ” ချက်မှန်သမျှကို လိုက်နာဖို့ သင်ယူရမယ်။ အဲဒီထဲမှာ တခြားသူတွေကို အမှန်တရားသင်ပေးခြင်းလည်း ပါတယ်။ (မ. ၂၈:၁၉၊ ၂၀) လူသစ်များစွာက ဟောပြောသွန်သင်ခြင်းသင်တန်းမှာ ပါဝင်နေပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို အလွတ်သဘောသက်သေခံနေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့က သင်ယူသိရှိလာရာတွေကို လေးမြတ်တန်ဖိုးထားလာတာနဲ့အမျှ၊ ယေဟောဝါဘုရားဟာ လူတိုင်းကို သတင်းကောင်းကြားစေချင်မှန်း သိလာတာနဲ့အမျှ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ချင်တယ်လို့ ပြောလာနိုင်တယ်။ (ရော. ၁၀:၁၃၊ ၁၄) လူသစ်တွေဟာ နှစ်ခြင်းမခံသေးတဲ့ ကြေညာသူတွေဖြစ်လာပြီးတဲ့နောက် အမှန်တရားမှာ တိုးတက်လာဖို့ လေ့ကျင့်မှုကောင်းကောင်း လိုအပ်ပါတယ်။ ဒါမှသာ သူတို့ကိုယ်သူတို့ ပိုပြီးယုံကြည်စိတ်ချမှုရှိလာမှာဖြစ်တယ်။—လု. ၆:၄၀။
ဒီလအတွင်း ကြိုးစားကြည့်ပါ–
ဟောပြောခြင်းလုပ်ငန်းမှာ ကြေညာသူဖြစ်ပြီးသား သင့်ရဲ့ကျမ်းစာသင်သားနဲ့အတူ တွဲလုပ်ပါ။ လည်ပတ်မှု၊ ကျမ်းစာသင်အံမှု ခေါ်သွားပါ။ သင့်မှာ ကြေညာသူ ဖြစ်ပြီးသားသင်သားမရှိရင် အတွေ့အကြုံနည်းတဲ့ ကြေညာသူနဲ့ တွဲလုပ်ဆောင်ဖို့ ဖိတ်ခေါ်ပါ။