“ဒီစကားတွေကို နှလုံးသွင်းရမယ်”
မိဘတွေဟာ သိုးထိန်းတွေနဲ့ တူပါတယ်။ သားသမီးတွေက အလွယ်တကူလမ်းလွဲသွားနိုင်၊ ပျက်စီးသွားနိုင်တာမို့ မိဘတွေက သူတို့ကို ကောင်းကောင်းဂရုစိုက်ပေးရမယ်။ (သု. ၂၇:၂၃) ဒီတာဝန်ကို မိဘတွေ ဘယ်လို ကျေပွန်နိုင်မလဲ။ သားသမီးတွေရဲ့စိတ်ထဲမှာ ဘာတွေရှိသလဲဆိုတာသိနိုင်အောင် မိဘတွေက သူတို့နဲ့ နေ့စဉ် အချိန်ယူပြီး စကားပြောဖို့လိုပါတယ်။ (သု. ၂၀:၅) ဒါ့အပြင် သားသမီးတွေရဲ့ ယုံကြည်ခြင်းခိုင်ခံ့လာအောင် တည်ဆောက်ပေးရမယ်။ ဒါမှ သူတို့က သွေးဆောင်မှုတွေကို ခံရပ်သွားနိုင်လိမ့်မယ်။ (၁ ကော. ၃:၁၀-၁၅) “ဒီစကားတွေကို နှလုံးသွင်းရမယ်” ဗီဒီယိုမှာ မိသားစုဝတ်ပြုမှု မှန်မှန်လုပ်သွားဖို့ ဘယ်လောက်အရေးကြီးကြောင်း ဖော်ပြထားပါတယ်။ ဗီဒီယိုကို မိသားစုလိုက်ကြည့်ပြီး ဖော်ပြထားတဲ့မေးခွန်းတွေကို ဆွေးနွေးပါ။
(၁) ရော်မန်မိသားစု ဘုရားရေးရာမှာ အားနည်းသွားတာ ဘာကြောင့်လဲ။ (၂) အစပိုင်းမှာ မိသားစုဝတ်ပြုမှုလုပ်ဖို့ ညီအစ်ကို ရော်မန် ကြိုးစားတာ ဘာကြောင့် မအောင်မြင်ရတာလဲ။ (၃) သားသမီးတွေပြုစုပျိုးထောင်ရာမှာ အောင်မြင်နိုင်ဖို့ ဘယ်ကျမ်းစာလမ်းညွှန်ချက်က ထောက်ကူပေးသလဲ။ (တရား. ၆:၆၊ ၇) (၄) မိသားစုမှာ ပြောဆိုဆက်သွယ်ရေးကောင်းဖို့ ဘာလိုအပ်သလဲ။ (၅) မိဘတွေက ကလေးတွေအတွက် ဘာတွေ ကိုယ်ကျိုးစွန့်ရသလဲ။ (၆) ဘားရိုးဇနီးမောင်နှံကြောင့် ရော်မန်မိသားစု ဘယ်လို အကျိုးကျေးဇူးရခဲ့သလဲ။ (သု. ၂၇:၁၇) (၇) မိသားစုဝတ်ပြုမှုအောင်မြင်ဖို့ အိမ်ထောင်ဦးစီးက ဘာတွေ ကြိုလုပ်ရမလဲ။ (၈) မိသားစုအခြေအနေ ပြန်ကောင်းလာအောင် ညီအစ်ကိုရော်မန် ဘာလုပ်ခဲ့သလဲ။ (၉) မိသားစုဝတ်ပြုမှု မှန်မှန်လုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ဧ. ၆:၄) (၁၀) မိသားစုဝတ်ပြုမှုလုပ်နိုင်တဲ့ လက်တွေ့ကျအကြံပြုချက်တချို့က ဘာတွေလဲ။ (၁၁) မှန်ရာကိုလုပ်ဖို့ ဘယ်လောက်အရေးကြီးမှန်း သားဖြစ်သူမားကပ်စ် သိလာအောင် ကူညီပေးတဲ့အခါ ရော်မန်ဟာ တည်ငြိမ်ပေမဲ့ ခိုင်မာမှုရှိကြောင်း ဘယ်လိုပြခဲ့သလဲ။ (ယေ. ၁၇:၉) (၁၂) သူငယ်ချင်းဂျက်စတင်နဲ့ ခင်မင်တာကို သမီးရေဗက္ကာ ဆုံးဖြတ်ချက် အမှန်ချနိုင်အောင် မိဘနှစ်ပါးက ဘယ်လို အကျိုးအကြောင်းပြပြီး ပြောဆိုခဲ့သလဲ။ (မာ. ၁၂:၃၀; ၂ တိ. ၂:၂၂) (၁၃) ဘဝမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါ ရော်မန်ဇနီးမောင်နှံ ယုံကြည်ခြင်းရှိကြောင်း ဘယ်လိုပြခဲ့သလဲ။ (မ. ၆:၃၃) (၁၄) အိမ်ထောင်ဦးစီးတွေက ဘုရားနဲ့ မိသားစုဆက်ဆံရေးကောင်းရှိအောင် ဂရုစိုက်ပေးဖို့လိုကြောင်း ဗီဒီယိုမှာ ဘယ်လိုအလေးပေးထားသလဲ။ (၁ တိ. ၅:၈) (၁၅) အိမ်ထောင်ဦးစီးအနေနဲ့ သင် ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။
အိမ်ထောင်ဦးစီးများ သတိပြုရမယ့်အချက်– ဒီ ဗီဒီယိုကို ၂၀၁၁၊ ခရိုင်စည်းဝေးမှာ ပြဇာတ်အဖြစ် တင်ဆက်ခဲ့ပါတယ်။ အဲဒီတုန်းက သင်တို့ရဲ့မိသားစုဝတ်ပြုမှု တိုးတက်ဖို့ လိုအပ်တဲ့အချက်တစ်ခုခုကို သတိပြုမိခဲ့ပါသလား။ ဒါဆို အခုကော။ ထပ်ဆင့်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုတယ်ဆိုရင် သင့်မိသားစု ထာဝစဉ်အကျိုးခံစားနိုင်အောင် ဆုတောင်းသုံးသပ်ပြီးမှ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါ။—ဧ. ၅:၁၅-၁၇။