ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၁၅ စာ. ၂
  • သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အုပ်ချုပ်ရေးအဖွဲ့ဆီကစာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဘုရားသခင်၏နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • “ကျွန်တော့်ရဲ့နှလုံးသားထဲက ဟာနေတဲ့နေရာကို ဒီစာအုပ်က ဖြည့်ပေးခဲ့တယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ကျမ်းစာကနေ ခွန်အား ရယူနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
နဓ ၉/၁၅ စာ. ၂

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ

၁။ အောက်တိုဘာ ၁၉ ရက်မှာ စမယ့်အပတ်အတွင်း ဘာစာအုပ်ကို အသင်းတော်ကျမ်းစာလေ့လာမှုမှာ အသုံးပြုမလဲ။

၁ ၂၀၁၅၊ အောက်တိုဘာ ၁၉ ရက်မှာ စမယ့်အပတ်အတွင်း သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ စာအုပ်ကို အသင်းတော်ကျမ်းစာလေ့လာမှုမှာ အသုံးပြုပါတော့မယ်။ အဲဒီစာအုပ်မှာ သစ္စာရှိ အမျိုးသား၊ အမျိုးသမီး ၁၄ ဦးရဲ့ ကျမ်းစာမှတ်တမ်းတွေကို ဖော်ပြထားပါတယ်။ ဒီစာအုပ်ကိုဖတ်တဲ့အခါ ယေဟောဝါကိုဝတ်ပြုသူတွေဟာ အခက်အခဲတွေကို ကြုံတွေ့ခဲ့ရတယ်ဆိုတာသိရှိပြီး သူတို့ရဲ့အဖြစ်ကို မြင်ယောင်လာနိုင်တယ်။ ဒါ့အပြင် ဒီနေ့ခေတ် ကျွန်ုပ်တို့က အဲဒီကျမ်းစာမှတ်တမ်းတွေမှာပါတဲ့ သင်ခန်းစာတွေကို လိုက်လျှောက်ဖို့ အထောက်အကူရရှိတယ်။—ဟေဗြဲ ၆:၁၂။

၂။ သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ စာအုပ်ရဲ့ အသွင်အပြင်တချို့ကို ဖော်ပြပါ။

၂ စာအုပ်ရဲ့အသွင်အပြင်– ကျမ်းစာဇာတ်ကောင်တွေက ဘယ်နေရာနဲ့ ဘယ်အချိန်မှာ အသက်ရှင်ခဲ့တယ်ဆိုတာသိနိုင်ဖို့ အချိန်ပြမျဉ်းနဲ့ မြေပုံတွေကို စာအုပ်မှာ ဖော်ပြပေးထားတယ်။ ဒါ့အပြင် အခန်းတိုင်းမှာ “စဉ်းစားကြည့်ပါ” ဆိုတဲ့ခေါင်းစဉ်ပါရှိပြီး အဲဒါက ကျမ်းစာမှတ်တမ်းတွေကို တွေးတောဆင်ခြင်ဖို့၊ ရရှိတဲ့လက်တွေ့ကျသင်ခန်းစာတွေကို ကျင့်သုံးဖို့ ထောက်ကူပေးတယ်။ သေချာသုတေသနလုပ်ပြီး အသေးစိတ်ခြယ်မှုန်းထားတဲ့ ရောင်စုံသရုပ်ဖော်ချက်တွေလည်း ပါရှိတယ်။ အဲဒီသရုပ်ဖော်ချက်တွေကြောင့် ကျမ်းစာမှတ်တမ်းတွေကို ကျွန်ုပ်တို့ မြင်ယောင်နိုင်တာဖြစ်တယ်။

၃။ သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ စာအုပ်ကို လေ့လာတဲ့အခါ ဘယ်လိုအကျိုးရယူနိုင်သလဲ။

၃ အကျိုးရယူနိုင်ပုံ– အုပ်ချုပ်ရေးအဖွဲ့ဆီကစာမှာ ကျွန်ုပ်တို့ကို ဒီလို အားပေးထားပါတယ်– “သင့်ရဲ့ စိတ်ကူးနိုင်စွမ်းကိုသုံးပြီး မြင်ယောင်ကြည့်ပါ။ ကျမ်းစာဇာတ်ကောင်တွေ ခံစားသလို ခံစားကြည့်ပါ။ သူတို့မြင်တာကို လိုက်မြင်ကြည့်ဖို့ ကြိုးစားပါ။ ကြုံတွေ့ခဲ့တဲ့အခြေအနေကို သူတို့တုံ့ပြန်ခဲ့ပုံနဲ့ သင်သာဆိုရင် တုံ့ပြန်မယ့်ပုံကို နှိုင်းယှဉ်ကြည့်ပါ။” စိတ်ကူးနိုင်စွမ်းကိုသုံးပါလို့ပြောတာက လွန်လွန်ကဲကဲ မှန်းဆပြီး မြင်ယောင်ကြည့်ခိုင်းတာမဟုတ်ပါဘူး။ ကျမ်းစာမှတ်တမ်းမှာပါတဲ့ အချက်တွေကို ပုံဖော်ပြီး ဇာတ်ကောင်တွေရဲ့ခံစားချက်တွေကို မျှဝေခံစားကြည့်ဖို့ ဆိုလိုနေတာဖြစ်တယ်။ အဲဒီလိုလုပ်ဖို့ အချိန်ယူပြီး တွေးတောဆင်ခြင်ဖို့ လိုတယ်။ (နေ. ၈:၈) လေ့လာတဲ့အခါ အခန်းတစ်ခန်းရဲ့ အစမဟုတ်ဘဲ အလယ်ပိုင်းတွေဖြစ်နေမယ်ဆိုရင် သင်တန်းကိုင်သူက ပြီးခဲ့တဲ့သင်ခန်းစာကို စက္ကန့် ၃၀၊ ၆၀ လောက် ပြန်သုံးသပ်ပြီး လေ့လာမှုကို စတင်မှာဖြစ်တယ်။ လေ့လာနေတဲ့အပိုင်းမှာ “စဉ်းစားကြည့်ပါ” ဆိုတဲ့ ခေါင်းစဉ်မရှိဘူးဆိုရင် နိဂုံးချုပ်တဲ့အခါ မေးခွန်းတစ်ခုနှစ်ခု မေးနိုင်ပါတယ်။

၄။ သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ စာအုပ်ကို ဘာကြောင့် လေ့လာဖို့လိုသလဲ။

၄ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ပျက်စီးသွားအောင်၊ အားနည်းသွားအောင် ဒီလောက,က တိုက်ခိုက်နေပါတယ်။ ဒီစာအုပ်အပြင် ကင်းမျှော်စင်မှာပါတဲ့ ယုံကြည်ခြင်းကိုတုပပါ ဆောင်းပါးတွဲတွေက ဘုရားပေးလက်ဆောင်ဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေပါတယ်။ (ယာ. ၁:၁၇) ဒီစာအုပ်ကိုသုံးသပ်သွားမယ့် အသင်းတော်ကျမ်းစာလေ့လာမှုကို မှန်မှန်တက်ရောက်ပြီး အဖြေများများပေးခြင်းဖြင့် အကျိုးရယူနိုင်ကြပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ