ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb စာ. ၂-၃
  • အုပ်ချုပ်ရေးအဖွဲ့ဆီကစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အုပ်ချုပ်ရေးအဖွဲ့ဆီကစာ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • အပိုင်း ၂ ပြန်လည်သုံးသပ်ခြင်း
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ—အသုံးပြုနိုင်ပုံ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • နိဒါန်း
    နိုးလော့!—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb စာ. ၂-၃
ကျမ်းစာထဲက သင်ယူနိုင်တဲ့ သင်ခန်းစာများကို လေ့လာနေချိန်မှာ မိသားစုတစ်စု ကျမ်းစာကို အသုံးပြုနေ

အုပ်ချုပ်ရေးအဖွဲ့ဆီကစာ

ချစ်လှစွာသော ယုံကြည်သူချင်းများ–

ယေဟောဝါကို ကိုးကွယ်သူ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့ နှုတ်ထွက်စကား၊ သမ္မာကျမ်းစာကို တန်ဖိုးထားကြတယ်။ ကျမ်းစာထဲမှာ တိကျမှန်ကန်တဲ့ သမိုင်းကြောင်း၊ အသက်ရှင်နေထိုင်ပုံနဲ့ပတ်သက်တဲ့ လမ်းပြညွှန်ကြားချက်တွေအပြင် လူတွေကို ယေဟောဝါဘုရား တကယ်ချစ်တယ်ဆိုတဲ့ သက်သေသာဓကတွေ ပါတယ်။ (ဆာလံ ၁၁၉:၁၀၅။ လုကာ ၁:၃။ ၁ ယောဟန် ၄:၁၉) ကျမ်းစာထဲမှာပါတဲ့ အမှန်တရားကို တခြားလူတွေကိုလည်း သိစေချင်တယ်။ ဒါကြောင့် ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ စာအုပ်ကို ထုတ်ဝေလိုက်တာဖြစ်တယ်။ ဒီစာအုပ်အကြောင်း နည်းနည်းပြောပြပါရစေ။

တကယ်တော့ ကလေးတွေကို ရည်စူးပြီး ဒီစာအုပ်ကို ထုတ်ဝေထားတာ ဖြစ်ပေမဲ့ ကျမ်းစာကို ပိုသိနားလည်ချင်တဲ့ လူကြီးတွေလည်း ဖတ်နိုင်ပါတယ်။ သမ္မာကျမ်းစာဟာ လူတိုင်းအတွက် စာအုပ်တစ်အုပ်ဖြစ်လို့ ကျမ်းစာပါ သင်ခန်းစာတွေကို သုံးသပ်မယ်ဆိုရင် အကျိုးအပြည့် ရပါလိမ့်မယ်။

ဒီစာအုပ်က ကျမ်းစာမှတ်တမ်းပါ လူ့သမိုင်းကြောင်းကို ဖန်ဆင်းခြင်းအချိန်ကစပြီး ဖော်ပြတယ်။ ကျမ်းစာမှတ်တမ်းတွေကို ရိုးရိုးရှင်းရှင်းလေး တင်ဆက်ထားပါတယ်။ အဖြစ်အပျက်တွေကို အစဉ်လိုက် ဖော်ပြထားပါတယ်။

ဒီစာအုပ်က ကျမ်းစာမှတ်တမ်းတွေကို ဖော်ပြထားရုံပဲ မဟုတ်ဘူး။ စာသားတွေ၊ ရုပ်ပုံတွေက ကျမ်းစာဇာတ်ကောင်တွေကို အသက်ဝင်စေဖို့၊ ခံစားချက်တွေ ပေါ်လွင်စေဖို့ ရေးသား၊ ပုံဖော်ထားတယ်။

သမ္မာကျမ်းစာမှာပါတဲ့ ယေဟောဝါစကား နားထောင်သူ၊ နားမထောင်သူတွေအကြောင်း ဒီစာအုပ်မှာ ဖော်ပြထားတယ်။ သူတို့ရဲ့ ပုံနမူနာကနေ သင်ခန်းစာ ယူနိုင်တယ်။ (ရောမ ၁၅:၄။ ၁ ကောရိန္သု ၁၀:၆) ဒီစာအုပ်ကို ၁၄ ပိုင်း ခွဲထားတယ်။ တစ်ပိုင်းစီရဲ့အစမှာ သင်ခန်းစာ အကျဉ်းချုံး ပါတယ်။

မိဘဖြစ်မယ်ဆိုရင် ကလေးနဲ့ သင်ခန်းစာကိုဖတ်ပြီး သက်ဆိုင်တဲ့ ရုပ်ပုံကို ဆွေးနွေးနိုင်တယ်။ ညွှန်းထားတဲ့ ကျမ်းချက်တွေကို အတူတူဖတ်ကြည့်ရင် ကောင်းတယ်။ ကျမ်းပိုဒ်နဲ့ စာအုပ်ထဲက သင်ခန်းစာဟာ ဘယ်လိုသက်ဆိုင်တယ်ဆိုတာ ကလေးကို နားလည်စေပါ။ လူကြီးတွေလည်း ကျမ်းစာရဲ့ ဆိုလိုရင်းကို ခြုံငုံသဘောပေါက်နိုင်ဖို့ ထပ်တူနည်းကို အသုံးပြုနိုင်တယ်။

စိတ်နှလုံးရိုးဖြောင့်သူ လူကြီးလူငယ်အားလုံး ဒီစာအုပ်ကိုဖတ်ပြီး ကျမ်းစာကို သဘောပေါက်နားလည်လာရုံမက ရရှိတဲ့သင်ခန်းစာတွေကို လက်တွေ့ကျင့်သုံး နိုင်ကြပါစေ။ ဘုရားသခင့် အိမ်သူအိမ်သားတွေအဖြစ် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်သူတွေ ဖြစ်လာပါစေ။

သင်တို့ရဲ့ ညီအစ်ကိုများ၊

Governing Body of Jehovah’s Witnesses

(ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ