ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb16 ဩဂုတ် စာ. ၈
  • အမှန်တရားကို သင်ပေးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှန်တရားကို သင်ပေးပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • စကားစမြည် ပြောဆိုနိုင်ပုံ နမူနာ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • နမူနာတင်ဆက်နည်းများ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ကိုယ်ပိုင်တင်ဆက်နည်း ပြင်ဆင်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • နမူနာတင်ဆက်နည်းများ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
mwb16 ဩဂုတ် စာ. ၈

ခရစ်ယာန်အသက်တာလမ်းစဉ်

အမှန်တရားကို သင်ပေးပါ

စက်တင်ဘာလကစပြီး အသက်တာနဲ့အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာ “အမှန်တရားကို သင်ပေးပါ” ဆိုတဲ့ နမူနာတင်ဆက်နည်း အသစ်တစ်ခု ပါလာပါလိမ့်မယ်။ ရည်ရွယ်ချက်ကတော့ မေးခွန်းတစ်ခု၊ ကျမ်းချက်တစ်ချက်သုံးပြီး အခြေခံကျမ်းစာအမှန်တရားကို တင်ဆက်သွားဖို့ဖြစ်တယ်။

စိတ်ဝင်စားတယ်ဆိုရင် စာပေတစ်ခုခု ဒါမှမဟုတ် jw.org/mya ထဲက ဗီဒီယိုပြပေးပြီး ပြန်လည်ပတ်ဖို့ လမ်းခင်းနိုင်တယ်။ ပထမတစ်ခါ တွေ့ပြီးနောက် ရက်အနည်းငယ်အတွင်းမှာပဲ ပြန်သွားဖို့ ကြိုးစားပါ။ တင်ဆက်နည်းအသစ်တွေနဲ့ ကျောင်းသားတာဝန်တွေကို ကျမ်းစာသွန်သင်ရာစာအုပ်ထဲက အကြောင်းအရာတွေအပေါ် အခြေခံထားပါတယ်။ အခန်းတိုင်းရဲ့ အကျဉ်းချုပ်ဖော်ပြချက်တွေမှာ ပြန်လည်ပတ်မှုလုပ်ဖို့ ဒါမှမဟုတ် ကျမ်းစာကိုပဲသုံးပြီး သင်အံမှုလုပ်ဖို့ ထပ်ဆင့်မေးခွန်းတွေ ပါတယ်။

အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ လမ်းတစ်လမ်းပဲ ရှိပါတယ်။ (မ. ၇:၁၃၊ ၁၄) ကျွန်တော်တို့ဟာ ဘာသာရေး နောက်ခံအမျိုးမျိုးရှိသူတွေနဲ့ တွေ့ဆုံရတာမို့ တစ်ဦးစီ စိတ်ဝင်စားမယ့် ကျမ်းစာအမှန်တရားကို တင်ဆက်သင့်တယ်။ (၁ တိ. ၂:၄) ကျမ်းစာအကြောင်းအရာတွေကို ပိုကျွမ်းကျင်လာပြီး “အမှန်တရားကို မှန်ကန်စွာကိုင်တွယ်” ရာမှာ တိုးတက်လာတာနဲ့အမျှ ပိုပျော်ရွှင်လာပါလိမ့်မယ်။ တခြားသူကို အမှန်တရားသင်ပေးရာမှာလည်း အောင်မြင်လာပါလိမ့်မယ်။—၂ တိ. ၂:၁၅။

လူငယ်တစ်ယောက်ကို ကျမ်းချက်ဖတ်ပြနေတဲ့ ညီအစ်ကို

ဒီလိုအချိန်တွေမှာ တင်ဆက်နည်းအသစ်ကို အသုံးပြုပါ

  • တစ်အိမ်တက်ဆင်းဟောပြောချိန်

  • အလွတ်သဘောသက်သေခံချိန်

  • ကျမ်းစာသင်အံမှုစတင်ချိန်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ