အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်မှာ သားအမိနှစ်ယောက်ကို သတင်းကောင်းဟောပြောနေ
နမူနာတင်ဆက်နည်းများ
ကင်းမျှော်စင်
မေးခွန်း– ကျွန်တော်တို့အားလုံး တစ်ချိန်မဟုတ်တစ်ချိန်မှာတော့ နှစ်သိမ့်မှုလိုအပ်ကြတယ်။ ဒါပေမဲ့ နှစ်သိမ့်မှုကို ဘယ်ကရနိုင်မလဲ။
ကျမ်းချက်– ၂ ကော. ၁:၃၊ ၄
ဝေငှပုံ– ကျွန်တော်တို့လိုအပ်နေတဲ့ နှစ်သိမ့်မှုကို ဘုရားဘယ်လိုပေးလဲဆိုတာ ဒီကင်းမျှော်စင်မှာ ရှင်းပြထားတယ်။
ကင်းမျှော်စင် (နောက်ကျောဖုံး)
မေးခွန်း– ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်နှလုံးထဲမှာရှိတဲ့အရာပဲလို့ လူတချို့ ပြောကြတယ်။ တချို့ကျတော့ လူအားလုံးပူးပေါင်းပြီး ကမ္ဘာ့ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်တဲ့အခါ ဘုရားသခင့်နိုင်ငံတော်လာမယ်လို့ ယုံကြည်ကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။
ကျမ်းချက်– ဒံ. ၂:၄၄၊ ၄၅
ဝေငှပုံ– ကျမ်းစာအရ ဘုရားသခင့်နိုင်ငံတော်ဆိုတာ တကယ့်အစိုးရတစ်ခုဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း ကျမ်းစာမှာပြောထားတာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။
အမှန်တရားကို သင်ပေးပါ
မေးခွန်း– ဘုရားသခင်က ကျွန်တော်တို့ကို ဂရုစိုက်၊ မစိုက် ဘယ်လိုသိနိုင်မလဲ။
ကျမ်းချက်– ၁ ပေ. ၅:၇
ဝေငှပုံ– ဒီကျမ်းချက်အရ ဘုရားဆီ ဆုတောင်းဖို့ ဖိတ်ခေါ်ထားတယ်။ ဒါကြောင့် ဘုရားက ကျွန်တော်တို့ကို သိပ်ဂရုစိုက်မှန်း သိရတယ်။
ကိုယ်ပိုင်တင်ဆက်နည်းကို ချရေးပါ
နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။