လူတွေကို အစည်းအဝေးလာတက်ဖို့ ဖိတ်ခေါ်နေ
နမူနာတင်ဆက်နည်းများ
နိုးလော့!
မေးခွန်း– တချို့သူတွေက ယေရှု တကယ်အသက်ရှင်ခဲ့တယ်လို့ အခိုင်အမာယုံကြည်ကြပေမဲ့ တချို့ကတော့ သံသယဝင်ကြတယ်။ တချို့ကျပြန်တော့ အတိအကျမသိနိုင်ဘူးလို့ ပြောကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်ပါသလဲ။
ဝေငှပုံ– ဒီနိုးလော့! ဆောင်းပါးမှာ အဲဒါနဲ့ပတ်သက်တဲ့ အထောက်အထားတွေအကြောင်း ဆွေးနွေးထားတယ်။
အမှန်တရားကို သင်ပေးပါ
မေးခွန်း– လူအတော်များများက သေဆုံးသွားတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေအတွက် စိတ်ပူတတ်ကြတယ်။ ခင်ဗျားကော အဲဒီလိုဖြစ်ဖူးသလား။
ကျမ်းချက်– ယောဟန် ၁၁:၁၁–၁၄
အမှန်တရား–သေခြင်းဟာ အိပ်ပျော်နေတာနဲ့ တူတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ ဘုရားသခင်က သေဆုံးသွားတဲ့ ချစ်ရသူတွေကို ‘နှိုးထလာအောင်’ လုပ်ပေးနိုင်တယ်။ အဲဒီအခါ သူတို့အားလုံး ကမ္ဘာပေါ်မှာ ပြန်အသက်ရှင်ခွင့်ရနိုင်တယ်။—ဟေရှာယ ၂၆:၁၉; [သွန်သင်ရာစာအုပ်၊ စာမျက်နှာ ၇၅ မှာပါတဲ့ ရုပ်ပုံကို ပြပြီး ရှင်းပြပါ။]
အသင်းတော် အစည်းအဝေး ဖိတ်စာ (inv)
ဝေငှပုံ– ကျမ်းစာဟောပြောချက်တစ်ခုကို အခမဲ့လာနားထောင်ဖို့ မိတ်ဆွေကို ဖိတ်ခေါ်ချင်တယ်။ ဒီဟောပြောချက်ကို နိုင်ငံတော်ခန်းမလို့ခေါ်တဲ့ ကျွန်တော်တို့ ဝတ်ပြုတဲ့နေရာမှာ ဟောပြောမှာပါ။ [အစည်းအဝေး ဖိတ်စာကို ဝေငှပြီး တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ အစည်းအဝေးရဲ့ အချိန်နဲ့ နေရာကို ပြပါ၊ လူထုဟောပြောချက်ရဲ့ အကြောင်းအရာကိုလည်း ပြောပြပါ။]
မေးခွန်း– နိုင်ငံတော်ခန်းမကို မိတ်ဆွေ အရင်က ရောက်ဖူးသလား။ [အခြေအနေပေးတယ်ဆိုရင် နိုင်ငံတော်ခန်းမမှာ ဘာတွေလုပ်ဆောင်ကြသလဲ ဗီဒီယိုကို ပြပါ။]
ကိုယ်ပိုင်တင်ဆက်နည်းကို ချရေးပါ
နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။