ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb16 နိုဝင်ဘာ စာ. ၅
  • သမ္မာကျမ်းစာ သွန်သင်ရာများစာအုပ် (အသစ်)—အသုံးပြုနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာ သွန်သင်ရာများစာအုပ် (အသစ်)—အသုံးပြုနည်း
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို အသုံးပြုရာတွင် ကြီးမြတ်သောဆရာကို တုပခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • သမ္မာကျမ်းစာသွန်သင်ရာကို လိုက်နာရန်အခြားသူတို့အား ကူညီလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်—ကျွန်ုပ်တို့၏ ကျမ်းစာသင်အံမှု အဓိကအထောက်အကူ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
mwb16 နိုဝင်ဘာ စာ. ၅

ခရစ်ယာန်အသက်တာလမ်းစဉ်

သမ္မာကျမ်းစာ သွန်သင်ရာများစာအုပ် (အသစ်)—အသုံးပြုနည်း

သမ္မာကျမ်းစာ သွန်သင်ရာများစာအုပ် (အသစ်)

သွန်သင်ရာစာအုပ် (အသစ်) ဟာ မြန်မာစကားနဲ့ မရသေးပေမဲ့ သမ္မာကျမ်းစာ သွန်သင်ရာစာအုပ်နဲ့ ဆင်တူပါတယ်။ နှစ်အုပ်စလုံးဟာ သွန်သင်ခြင်းကိရိယာတွေဖြစ်လို့ တူညီတဲ့ အမှန်တရား၊ တူညီတဲ့ အကြောင်းအရာတွေ ပါဝင်တယ်။ ဒါပေမဲ့ သွန်သင်ရာစာအုပ် (အသစ်) မှာ ရိုးရှင်းတဲ့ စကားလုံးတွေ၊ ရိုးရှင်းတဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေ အသုံးပြုထားတယ်။ သမ္မာကျမ်းစာ သွန်သင်ရာစာအုပ်ကို နားလည်ဖို့ ခက်တဲ့သူတွေအတွက် အဓိက ရည်ရွယ်ပြီး ဒီစာအုပ်ကို ထုတ်ဝေပါတယ်။ ဒီစာအုပ်မှာ နောက်ဆက်တွဲအစား ရှင်းလင်းချက်အပိုင်း ပါရှိတယ်။ အဲဒါက စာပိုဒ်မှာပါတဲ့ တချို့အသုံးအနှုန်းတွေ၊ ယူဆချက်တွေကို နားလည်အောင် ရိုးရိုးရှင်းရှင်း ဖော်ပြပေးတယ်။ အခန်းတိုင်းမှာ နိဒါန်းမေးခွန်းတွေနဲ့ ပြန်လည်သုံးသပ်တဲ့အကွက် မပါတော့ဘူး။ အဲဒီအစား စာပိုဒ်တွေမှာရှင်းပြထားတဲ့ ကျမ်းစာအမှန်တရားတွေကို အကျဉ်းချုပ်ဖော်ပြပြီး နိဂုံးချုပ်ထားတယ်။ လအတွက် ဝေငှရမယ့် အဓိကစာစောင်မှာ ဒီစာအုပ် မပါဝင်ရင်တောင် သမ္မာကျမ်းစာ သွန်သင်ရာစာအုပ်လိုပဲ အချိန်မရွေး ဝေငှနိုင်တယ်။ သင်အံမှုလုပ်နေချိန်မှာ ဒီစာအုပ်အသစ်ရဲ့ ထူးခြားတဲ့အသွင်အပြင်တွေကို ဘယ်လိုအသုံးပြုနိုင်မလဲ။

သွန်သင်ရာစာအုပ် (အသစ်) မှာပါတဲ့ အခန်းအတွက် အကျဉ်းချုပ်ဖော်ပြချက်

အကျဉ်းချုပ်– လူအများစုက သင်အံမှုလုပ်တဲ့အခါ ပုံမှန်အားဖြင့် သမ္မာကျမ်းစာ သွန်သင်ရာစာအုပ်ထဲက စာပိုဒ်ကိုဖတ်ပြီး မေးခွန်းမေးလေ့ရှိတယ်။ ဒါပေမဲ့ သင်သားက ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဘူး ဒါမှမဟုတ် စာကောင်းကောင်း မဖတ်တတ်ဘူး ဆိုရင်ကော။ အဲဒီအခါမျိုးမှာ သွန်သင်ရာစာအုပ် (အသစ်) ကို အသုံးပြုနိုင်တယ်။ အခြေခံအချက်တွေကို သင်သားနားလည်နိုင်ဖို့ အခန်းမှာပါဝင်တဲ့ အကျဉ်းချုပ်ဖော်ပြချက်ကို သုံးပြီး သင်ပေးနိုင်တယ်။ စာပိုဒ်တွေကိုတော့ သူ့ဘာသာဖတ်ကြည့်ဖို့ အားပေးနိုင်တယ်။ ကျမ်းစာအမှန်တရားတစ်ခုကို ၁၅ မိနစ်လောက် အချိန်ယူပြီး လေ့လာနိုင်တယ်။ အကျဉ်းချုပ်အပိုင်းမှာ စာပိုဒ်တွေလိုမျိုး အသေးစိတ် မဖော်ပြထားတဲ့အတွက် သင်သားရဲ့လိုအပ်ရာကို သေချာစဉ်းစားသုံးသပ်ပြီး ကောင်းကောင်း ကြိုတင်ပြင်ဆင်ထားသင့်တယ်။ စာပိုဒ်မှာပါတဲ့ အကြောင်းအရာကို လေ့လာတယ်ဆိုရင်တော့ ပြန်လည်သုံးသပ်တဲ့အနေနဲ့ အကျဉ်းချုပ်ဖော်ပြချက်တွေကို အသုံးပြုနိုင်တယ်။

သွန်သင်ရာစာအုပ် (အသစ်) မှာပါတဲ့ ရှင်းလင်းချက်

ရှင်းလင်းချက်– ရှင်းလင်းချက်အပိုင်းမှာ ပါဝင်တဲ့ အသုံးအနှုန်းတွေ၊ ယူဆချက်တွေဟာ စာပိုဒ်မှာပါတဲ့ အကြောင်းအရာပေါ်မူတည်ပြီး အစဉ်လိုက် ဖော်ပြထားတာ ဖြစ်တယ်။ သွန်သင်ရာစာအုပ် (အသစ်) ရဲ့ ရှင်းလင်းချက်အပိုင်းကို သင်အံမှုလုပ်နေချိန်မှာ ဆွေးနွေးမယ်၊ မဆွေးနွေးဘူးဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ