ခရစ်ယာန်အသက်တာလမ်းစဉ်
“အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”
ဟေရှာယရဲ့ တလိုတလား ပေးဆပ်လိုစိတ်ဟာ တကယ့်ကို တုပထိုက်ပါတယ်။ အခြေအနေကို အသေးစိတ် မသိပေမဲ့ ယုံကြည်ခြင်းတင်ပြပြီး လိုအပ်ရာအတွက် သူချက်ချင်းတုံ့ပြန်ခဲ့တယ်။ (ဟေရှာ. ၆:၈) သင်လည်း ကြေညာသူတွေ ပိုလိုအပ်တဲ့ဒေသမှာ ပြောင်းရွှေ့အမှုဆောင်ဖို့ အခြေအနေတွေကို ပြုပြင်ပြောင်းလဲနိုင်မလား။ (ဆာ. ၁၁၀:၃) အဲဒီလိုပြောင်းရွှေ့တဲ့အခါ ‘ကုန်ကျစရိတ်ကို တွက်ချက်’ ဖို့ လိုအပ်မယ်ဆိုတာ မှန်ပါတယ်။ (လု. ၁၄:၂၇၊ ၂၈) ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းအတွက် ကိုယ်ကျိုးစွန့်ဖို့ လိုလိုလားလားရှိပါ။ (မ. ၈:၂၀။ မာ.၁၀:၂၈–၃၀) ယေဟောဝါအတွက် အမှုဆောင်ခြင်းကနေ ရရှိတဲ့ကောင်းချီးတွေဟာ ကျွန်တော်တို့ စွန့်လွှတ်ခဲ့တာတွေထက် အဆပေါင်းများစွာ သာလွန်မှန်း သာ၍လိုအပ်တဲ့နေရာမှာ ပြောင်းရွှေ့အမှုဆောင်ခြင်း ဗီဒီယိုမှာ ဖော်ပြထားတာကို သတိပြုပါ။
ဗီဒီယိုကြည့်ပြီးနောက် ဒီမေးခွန်းတွေကို ဖြေပါ–
အီကွေဒေါနိုင်ငံမှာ အမှုဆောင်နိုင်ဖို့ ညီအစ်ကို ဝီလီယံတို့ မိသားစုလိုက် ဘယ်လို ကိုယ်ကျိုးစွန့်ခဲ့ကြသလဲ။
အမှုဆောင်မယ့်နေရာကို ရွေးချယ်တဲ့အခါ ဘယ်အချက်တွေကို သူတို့ ထည့်စဉ်းစားခဲ့ကြသလဲ။
ဘာကောင်းချီးတွေ ရခဲ့ကြသလဲ။
သာ၍လိုအပ်တဲ့နေရာမှာ အမှုဆောင်နိုင်ဖို့ လိုအပ်တဲ့ အကြံပြုချက်တွေကို ဘယ်မှာရှာတွေ့နိုင်သလဲ။
မိသားစုဝတ်ပြုမှုမှာ ဒီမေးခွန်းတွေကို ဆွေးနွေးသုံးသပ်ပါ–
အမှုဆောင်လုပ်ငန်းမှာ မိသားစုလိုက် ဘယ်လို တိုးချဲ့ပါဝင်နိုင်မလဲ။ (km ၈/၁၁ ၄–၆)
သာ၍လိုအပ်တဲ့နေရာမှာ အမှုမဆောင်နိုင်ရင်တောင် ကိုယ့်အသင်းတော်မှာ ဘယ်လိုနည်းတွေနဲ့ ကူညီပေးနိုင်သလဲ။ (က၁၆.၀၃ ၃–၅)