ခရစ်ယာန်အသက်တာလမ်းစဉ်
ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ—အသုံးပြုနိုင်ပုံ
ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့်အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ဘရိုရှာကို သင်အံမှုအစ ဒါမှမဟုတ် ပြီးတဲ့အခါ ဆွေးနွေးကြတယ်။a အခန်း ၁-၄ က သင်သားကို ယေဟောဝါသက်သေတွေအကြောင်း ပိုသိစေပြီး၊ အခန်း ၅-၁၄ က သက်သေခံတွေရဲ့ လုပ်ဆောင်မှုကို သိစေတယ်။ အခန်း ၁၅-၂၈ မှာ အဖွဲ့အစည်းလုပ်ဆောင်မှုကို ဖော်ပြတယ်။ အစကနေ အစဉ်လိုက် လေ့လာသွားတာ ကောင်းတယ်။ ဒါပေမဲ့ သိချင်တဲ့အကြောင်းတစ်ခုကို အရင် လေ့လာချင်လည်း ရတယ်။ တစ်ခန်းချင်းစီက တစ်မျက်နှာပဲရှိလို့ ၅-၁၀ မိနစ်သာ လေ့လာနိုင်တယ်။
မေးခွန်းပုံစံ အခန်းခေါင်းစဉ်ကို ဂရုပြုစေပါ။
တစ်ခန်းလုံးကို ဆက်တိုက် ဒါမှမဟုတ် တစ်ပိုဒ်စီ အတူဖတ်ပါ။
ဖတ်ပြီးနောက် ဆွေးနွေးပါ။ ရုပ်ပုံတွေနဲ့ စာမျက်နှာအောက်က မေးခွန်းတွေကို သုံးပါ။ ညွှန်းထားတဲ့ ကျမ်းချက်တွေကို ဖတ်နိုင်၊ ဆွေးနွေးနိုင်တယ်။ စာလုံးအနက်နဲ့ ခေါင်းစဉ်ငယ်တွေက အခန်းခေါင်းစဉ်ရဲ့ အဖြေဆိုတာ ပေါ်လွင်စေပါ။
“ထပ်ဆင့်လေ့လာကြည့်ပါ” လေးထောင့်ကွက်ရှိရင် အတူဖတ်ပြီး အကြံပြုချက်ကို လုပ်ကြည့်ဖို့ အားပေးပါ။
a အွန်လိုင်းမှာတင်ထားတဲ့ ဘရိုရှာက နောက်ဆုံးထုတ် ဖြစ်တယ်။