အချိန်ယူပြီး သမ္မာကျမ်းစာကို လေ့လာ၊ တွေးတောဆင်ခြင်နေ
နမူနာတင်ဆက်နည်းများ
နိုးလော့!
မေးခွန်း– မြေကြီးရှိရင် ကောင်းကင်ရှိတယ်။ အဖိုရှိရင် အမရှိတယ်။ အမှောင်ရှိရင် အလင်းရှိတယ်။ အဲဒီလိုပဲ အလိမ်အညာတွေ ရေးထားတဲ့ စာအုပ်ရှိသလို အမှန်တရားအတိုင်း ရေးတဲ့စာအုပ်လည်းရှိရမယ် မဟုတ်လား။
ကျမ်းချက်– ပညာ. ၂၂:၂၀၊ ၂၁
ဝေငှပုံ– ဒီမဂ္ဂဇင်းက အမှန်တရားကိုလေ့လာဖို့ ဘယ်စာအုပ်က အကောင်းဆုံးဖြစ်မလဲဆိုတာ ရှင်းပြပေးလိမ့်မယ်။
အမှန်တရားကို သင်ပေးပါ
မေးခွန်း– သမ္မာကျမ်းစာ တစ်အုပ်တည်းဖြစ်ပေမဲ့ ခရစ်ယာန်ဂိုဏ်းဂဏတွေ ကွဲနေတာ ဘာကြောင့်လဲ။
ကျမ်းချက်– မ. ၁၅:၈၊ ၉
အမှန်တရား– ဒီနိုင်ငံမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လမ်းညွှန်တဲ့စာအုပ် တစ်အုပ်ပဲရှိတယ်။ ဒါပေမဲ့ ကိုယ်ကြိုက် သလိုမောင်းနေတဲ့ ဒရိုင်ဘာတွေ အများကြီးရှိနေတာ ဘာကြောင့်လဲ။ သူတို့တွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မလိုက်နာကြလို့ပဲ။ အဲဒီလိုပဲ၊ သမ္မာကျမ်းစာ တစ်အုပ်တည်းဖြစ်ပေမဲ့ ခရစ်ယာန်အများစုက သမ္မာ ကျမ်းစာမှာပါတဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာကြဘူး။
သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ဘယ်လိုရရှိနိုင်မလဲ
မေးခွန်း– ဒီဝေစာရဲ့ ပထမစာမျက်နှာမှာ မေးခွန်းနဲ့ အဖြေတချို့ ဖော်ပြထားတယ်။ ဘယ်အဖြေက မှန်တယ်လို့ ထင်သလဲ။
ကျမ်းချက်– လု. ၁၁:၂၈
ဝေငှပုံ– ဒီဝေစာမှာပါတဲ့ အချက်တွေက သင့်မိသားစုကို အကျိုးပြုနိုင်တယ်။ ကျမ်းဂန်ပါစကားတွေကို ယုံကြည်စိတ်ချနိုင်ကြောင်း ရှင်းပြပေးတယ်။
ကိုယ်ပိုင်တင်ဆက်နည်းကို ချရေးပါ
နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။