ဂါနာနိုင်ငံမှာ သတင်းကောင်း ဟောပြောနေ
နမူနာတင်ဆက်နည်းများ
ကင်းမျှော်စင်
မေးခွန်း– ကျမ်းစာဆိုတာ ခရစ်ယာန်တွေအတွက်ပဲလို့ လူတချို့ ထင်ကြတယ်။ တချို့ကျတော့ လူအားလုံးအတွက် အကျိုးရှိတဲ့ လမ်းညွှန်ချက်တွေပါတယ်လို့ ထင်ကြတယ်။ ဘယ်လိုထင်ပါသလဲ။
ကျမ်းချက်– ၁ တိမောသေ ၄:၈
ဝေငှပုံ– ကျမ်းစာဟာ ကျွန်တော်တို့ရဲ့ဘဝကို နည်းနှစ်နည်းနဲ့ တိုးတက်စေနိုင်တဲ့အကြောင်း ဒီကင်းမျှော်စင်မှာ ရှင်းပြထားတယ်။ [စာမျက်နှာ ၆ က ခေါင်းစဉ်ငယ်ကို ပြပါ]
အမှန်တရားကို သင်ပေးပါ
မေးခွန်း– ဘုရားသခင်သာ တန်ခိုးရှိတယ်ဆိုရင် ကမ္ဘာမှာဖြစ်နေတဲ့ ဆင်းရဲဒုက္ခတွေကို ပပျောက်သွားအောင် ဘာလို့မလုပ်ပေးတာလဲ။
ကျမ်းချက်– ၂ ပေတရု ၃:၈၊ ၉
အမှန်တရား– ယေဟောဝါဘုရားက စိတ်ရှည်တယ်၊ ကျွန်တော်တို့ ကိုယ်တော့်ကို သိလာပြီး အုပ်စိုးရှင်အဖြစ် ရွေးချယ်နိုင်အောင် အချိန်ပေးထားတာ ဖြစ်တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။
သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
မေးခွန်း– သကြားလုံးကို အရောင်အမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ဝယ်လို့ရတယ် မဟုတ်လား။ အဲဒီသကြားလုံးတွေ အလိုအလျောက်ဖြစ်လာတာလား။ မဟုတ်ပါဘူး။ စားချင်စရာ အရောင်အမျိုးမျိုး၊ အရသာအမျိုးမျိုးဖြစ်အောင် လူတွေက တီထွင်ထားတာပါ။
ဝေငှပုံ– ကမ္ဘာပေါ်မှာရှိတဲ့ နှစ်သက်စရာကောင်းတဲ့အရာအားလုံးကို ဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက တီထွင်ထားတယ်ဆိုတဲ့ အထောက်အထားကို ဒီစာစောင်မှာ ဆွေးနွေးထားပါတယ်။ ကျွန်တော် နောက်တစ်ခေါက် ပြန်လာပြီး စာမျက်နှာ ၂၉ က “သင့်ယုံကြည်ရာသည် အရေးပါသလော” မေးခွန်းကို ဆွေးနွေးချင်ပါတယ်။
ကိုယ်ပိုင်တင်ဆက်နည်းကို ချရေးပါ
နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။