အသက်ပြန်ရှင်လာနိုင်မလား ဝေစာကို တူဗာလူကျွန်းမှာ ဝေငှနေ
နမူနာတင်ဆက်နည်းများ
နိုးလော့!
မေးခွန်း– သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ဘာကြောင့် အရေးကြီးတာလဲ။
ကျမ်းချက်– ပညာ. ၂၇:၁၂
ဝေငှပုံ– ဒီလထုတ် မဂ္ဂဇင်းမှာ သဘာဝဘေးအန္တရာယ် မဖြစ်ခင်၊ ဖြစ်နေချိန်နဲ့ ဖြစ်ပြီးနောက် ဘာလုပ်သင့်တယ်ဆိုတာ ဖော်ပြထားပါတယ်။
အမှန်တရားကို သင်ပေးပါ
မေးခွန်း– ဘုရားသခင်ကို ချစ်ကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။
ကျမ်းချက်– ၁ ယော. ၅:၃
အမှန်တရား– ဘုရားပညတ်ချက်တွေကို လိုက်နာပြီး ဘုရားကို ချစ်ကြောင်း တင်ပြနိုင်တယ်။
သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား (T–35)
မေးခွန်း– ကမ္ဘာတစ်ဝန်းက စိတ်ရင်းကောင်းတဲ့ လူများစွာဟာ သေသွားတဲ့သူတွေအတွက် နှစ်စဉ် ပွဲလုပ်ကြတယ်။ သေသွားတဲ့ ချစ်ရတဲ့သူတွေကို ပြန်တွေ့နိုင်ဦးမလား။
ကျမ်းချက်– တ. ၂၄:၁၅
ဝေငှပုံ– ဒီဝေစာမှာ သေသွားတဲ့သူတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲဆိုတဲ့အကြောင်း ရှင်းပြထားတယ်။ [အဆင်ပြေရင် သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား ဗီဒီယို ဖွင့်ပြပါ]
ကိုယ်ပိုင်တင်ဆက်နည်းကို ချရေးပါ
နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။