ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဇေဖနိ ၁–ဟဂ္ဂဲ ၂
အမျက်တော်နေ့ မရောက်လာခင် ယေဟောဝါကို ရှာပါ
အမျက်တော်နေ့မှာ ပုန်းခိုရာကို တွေ့နိုင်ဖို့ ယေဟောဝါကို ဆက်ကပ်အပ်နှံရုံမက အစ္စရေးတွေကို ဇေဖနိပေးခဲ့တဲ့ ညွှန်ကြားချက်ကို လိုက်နာရမယ်။
ယေဟောဝါကို ရှာပါ– ယေဟောဝါ အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ကိုယ်တော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပါ။
ဖြောင့်မတ်ခြင်းကို ရှာပါ– ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိုက်နာပါ။
နူးညံ့သိမ်မွေ့ခြင်းကို ရှာပါ– ဘုရားအလိုတော်ကို နှိမ့်ချစွာ လိုက်နာပြီး ဆုံးမမှုကို လက်ခံပါ။
ယေဟောဝါ၊ ဖြောင့်မတ်ခြင်းနဲ့ နူးညံ့သိမ်မွေ့ခြင်းကို ဘယ်လို ပိုပြီး ရှာနိုင်မလဲ။