ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တမန်တော် ၂၃-၂၄
သွေးထိုးလှုံ့ဆော်ပေးတဲ့ အဖျက်သမားအဖြစ် စွပ်စွဲခံခဲ့ရ
ဂျေရုဆလင်က ဂျူးတွေဟာ ပေါလုကို သတ်ဖို့ “ကျိန်” ဆိုကြတယ်။ (တ ၂၃:၁၂) ဒါပေမဲ့ ပေါလု ရောမကို သွားပြီး သက်သေခံဖို့က ယေဟောဝါရဲ့ အလိုတော် ဖြစ်တယ်။ (တ ၂၃:၁၁) ပေါလုရဲ့တူက သူ့တို့ရဲ့အကြံကို သိသွားပြီး သတင်းပို့လိုက်လို့ ပေါလုကိုသတ်မယ့် အကြံအစည် ပျက်သွားတယ်။ (တ ၂၃:၁၆) ဒီကျမ်းမှတ်တမ်းကနေ အောက်ပါအချက်တွေနဲ့ ပတ်သက်ပြီး ဘာသင်ယူရသလဲ။
ဘုရားသခင့်ရည်ရွယ်ချက်ကို လူတွေ တားဆီးဖို့ ကြိုးစားတဲ့အခါ ဘာဖြစ်သလဲ။
ကျွန်တော်တို့ကို ကူညီဖို့ ဘုရားသခင် ဘာကို သုံးနိုင်သလဲ။
ရဲစွမ်းသတ္တိအကြောင်း ဘာသင်ယူရသလဲ။