ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တမန်တော် ၂၅-၂၆
ပေါလုဟာ ဆီဇာဆီမှာ အယူခံဝင်ပြီး ဟေရုဒ် အဂရိပ္ပမင်းရှေ့မှာ သက်သေခံခဲ့
“ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့ဆောင်” ခံရတဲ့အခါ ဘာပြောရမယ်ဆိုတာ စိုးရိမ်ဖို့ မလိုပေမဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းအကြောင်း မေးမြန်းသူတိုင်းကို “ပြန်ပြောပြဖို့ အမြဲအသင့်ရှိ” သင့်တယ်။ (မ ၁၀:၁၈-၂၀။ ၁ပ ၃:၁၅) ဆန့်ကျင်သူတွေက “ဥပဒေကို အသုံးချပြီး ဒုက္ခပေးဖို့ ကြံစည်” တယ်ဆိုရင် ပေါလုကို ဘယ်လို အတုယူသင့်သလဲ။—ဆ ၉၄:၂၀။
သတင်းကောင်းကို ကာကွယ်ဖို့ ကိုယ့်ရဲ့ ဥပဒေဆိုင်ရာရပိုင်ခွင့်ကို အသုံးပြုကြတယ်။—တ ၂၅:၁၁
အာဏာပိုင်တွေကို လေးလေးစားစား စကားပြောတယ်။—တ ၂၆:၂၊ ၃
သင့်တော်တယ်ဆိုရင် ကိုယ်တိုင်နဲ့ တခြားသူတွေအတွက် သတင်းကောင်းက ဘယ်လို အကျိုးရှိတယ်ဆိုတာ ရှင်းပြတယ်။—တ ၂၆:၁၁-၂၀