ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb19 ဖေဖော်ဝါရီ စာ. ၈
  • ခံနိုင်ရည်ရှိရှိ ဆက်ပြီး စောင့်နေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခံနိုင်ရည်ရှိရှိ ဆက်ပြီး စောင့်နေပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုမရအောင် ဘာကမှ မတားဆီးပါစေနဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခံနိုင်ရည်—ခရစ်ယာန်များအတွက် အရေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခံနိုင်ရည်ဖြင့် ပြိုင်ပွဲကိုပြေးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
mwb19 ဖေဖော်ဝါရီ စာ. ၈

ခရစ်ယာန်အသက်တာလမ်းစဉ်

ခံနိုင်ရည်ရှိရှိ ဆက်ပြီး စောင့်နေပါ

ဘုရားနိုင်ငံတော်လာဖို့ သင် စောင့်နေတာ ဘယ်လောက် ကြာနေပြီလဲ။ အခက်အခဲတွေ ရှိပေမဲ့ စိတ်ရှည်ရှည် သည်းခံနေသလား။ (ရ ၈:၂၅) ခရစ်ယာန်တချို့ဟာ အမုန်းခံရ၊ မတရားဆက်ဆံခံရ၊ ထောင်ချခံရ၊ အသတ်တောင် ခံရကြတယ်။ တခြားသူတွေကျတော့ နာတာရှည်ရောဂါ ခံစားနေရတယ်၊ အိုမင်းလာကြတယ်။

ဘယ်အခက်အခဲကိုပဲ ရင်ဆိုင်နေရပါစေ မျှော်လင့်တကြီး စောင့်ဆိုင်းနေဖို့ ဘာက ကူညီပေးမလဲ။ နေ့တိုင်း ကျမ်းစာဖတ်ရှုခြင်း၊ တွေးတောဆင်ခြင်ခြင်းအားဖြင့် ယုံကြည်ခြင်းကို ခိုင်ခံ့အောင် လုပ်နေဖို့ လိုတယ်။ မျှော်လင့်ချက်ကိုပဲ အာရုံစိုက်နေရမယ်။ (၂က ၄:၁၆-၁၈။ ဟီ ၁၂:၂) ဘုရားရဲ့ သန့်ရှင်းသောစွမ်းအားတော်ရဖို့ ယေဟောဝါဆီ တိုးလျှိုးအသနားခံ၊ ဆုတောင်းနေရမယ်။ (လု ၁၁:၁၀၊ ၁၃။ ဟီ ၅:၇) “ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်” ဖို့ မေတ္တာရှင် ဖခင် ကူညီပေးနိုင်ပါတယ်။—ကော ၁:၁၁။

“ခံနိုင်ရည်ရှိရှိ ပြေးကြရမယ်”—ဆုရမယ်လို့ ယုံကြည်စိတ်ချပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ဂျာမိန်နဲ့ ဇနီး အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေ

    ဘဝမှာ ဘယ် “မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ” ကြုံရတတ်သလဲ။ (ဒေ ၉:၁၁)

  • ဂျာမိန် လေဖြတ်ပြီးနောက် ကားလ်က ကျမ်းစာဖတ်ပြနေ

    အခက်အခဲတွေ ကြုံရတဲ့အခါ ဆုတောင်းခြင်းက ဘယ်လို ကူညီပေးသလဲ။

  • ဂျာမိန်နဲ့ ကားလ် စုံတွဲတစ်တွဲကို သိုးထိန်းလည်ပတ်မှု လုပ်နေ

    ယေဟောဝါရဲ့ အမှုတော်မှာ အရင်ကလောက် မလုပ်နိုင်တော့တဲ့အခါ လက်ရှိ လုပ်နိုင်တဲ့အရာကိုပဲ ဘာကြောင့် အာရုံစိုက်သင့်သလဲ။

  • ပရဒိသုမှာ ပြန်လှုပ်ရှားသွားလာနိုင်မယ်လို ဂျာမိန် မြင်ယောင်နေ

    ဆုကိုပဲ အာရုံစိုက်ပါ

    ဆုရမယ်လို့ ယုံကြည်စိတ်ချနေဖို့ ဘာက သင့်ကို ကူညီပေးသလဲ။

စမ်းသပ်မှု ရင်ဆိုင်နေရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဘယ်လို ကူညီပေးနိုင်သလဲ

  • ကြင်ကြင်နာနာ ပြောဆိုပါ၊ သူတို့ကို တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

  • ဂရုစိုက် နားထောင်ပေးပါ

  • သူတို့အတွက် ဆုတောင်းပေးပါ၊ သူတို့နဲ့အတူ ဆုတောင်းပါ

  • အစားအသောက် ပြင်ဆင်ပေးပါ၊ အိမ်မှုကိစ္စတွေ ဝိုင်းလုပ်ပေးပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ