ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb19 ဩဂုတ် စာ. ၈
  • မေ့လျော့မခံရတဲ့ အလုပ်မွန်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေ့လျော့မခံရတဲ့ အလုပ်မွန်များ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်အတွက် ယင်းသည် အကောင်းဆုံးဘဝလုပ်ငန်း ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “ဘုရားသခင်၏အိမ်တော်” ကို တန်ဖိုးထား လေးစားစွာ ရှုမြင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အားလုံးကို ဖိတ်ခေါ်ပါသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဗေသလဆိုတာ ဘာလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
mwb19 ဩဂုတ် စာ. ၈
ညီအစ်မတစ်ယောက် ဗေသလစားဖိုဆောင်မှာ အလုပ်လုပ်နေစဉ်

ခရစ်ယာန်အသက်တာလမ်းစဉ်

မေ့လျော့မခံရတဲ့ အလုပ်မွန်များ

ယေဟောဝါရဲ့ ကျေးကျွန် အားလုံးဟာ ယေဟောဝါ ထာဝစဉ် သတိရနေမယ့် အရာတွေကို လုပ်ဆောင်နိုင်တယ်။ မေတ္တာရှိတဲ့ မိဘတွေဟာ သားသမီးတွေရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေကို ဘယ်တော့မှ မမေ့သလို ယေဟောဝါလည်း ကျွန်တော်တို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက် ပြတဲ့မေတ္တာကို ဘယ်တော့မှ မမေ့ဘူး။ (မ ၆:၂၀။ ဟီ ၆:၁၀) ကျွန်တော်တို့ရဲ့ စွမ်းရည်နဲ့ အခြေအနေကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့အမှုတော်မှာ အတတ်နိုင်ဆုံး ပါဝင်နေရင် ဝမ်းမြောက်နိုင်ပါတယ်။ (ဂ ၆:၄။ ကော ၃:၂၃) နှစ်တွေတစ်လျှောက် ထောင်နဲ့ချီတဲ့ ညီအစ်ကို/မတွေဟာ ဗေသလမှာ အမှုဆောင်ခဲ့ကြတယ်။ ဗေသလမှာ သင် စေတနာ့ဝန်ထမ်း လုပ်နိုင်မလား။ ကိုယ်တိုင်မလုပ်နိုင်ဘူးဆိုရင် ဗေသလမှာ အမှုဆောင်ဖို့ တစ်ယောက်ယောက်ကို အားပေးနိုင်မလား။ ဒီအထူးနည်းလမ်းနဲ့ ဆက်အမှုဆောင်နိုင်ဖို့ ဗေသလအိမ်သား တစ်ယောက်ယောက်ကို ကူညီပေးနိုင်မလား။

ဗေသလမှာ အမှုဆောင်ဖို့ အသင့်ရှိပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ဗေသလမှာ အမှုဆောင်ဖို့ ဘာက လှုံ့ဆော်ပေးသင့်သလဲ။

  • ဗေသလမှာ အမှုဆောင်လို့ ခံစားရတဲ့ ကောင်းချီးတွေအကြောင်း တချို့သူတွေ ဘာပြောသလဲ။

  • ဗေသလမှာ အမှုဆောင်ဖို့ ဘယ်အရည်အချင်းတွေ ပြည့်မီရမလဲ။

  • ဗေသလမှာ အမှုဆောင်ဖို့ လျှောက်လွှာ ဘယ်လို တင်နိုင်သလဲ။

ဗေသလအိမ်သားသုံးယောက် ကွန်ပျူတာရှေ့မှာ အတူအလုပ်လုပ်နေစဉ်။ ညီအစ်ကိုတစ်ယောက် စာအုပ်ပုံးတွေ ထုပ်ပိုးနေစဉ်။ ညီအစ်ကိုတစ်ယောက် ဗေသလမှာ လက်သမားအလုပ် လုပ်နေစဉ်

ဗေသလမှာ အမှုဆောင်ဖို့ ပြည့်မီရမယ့် အရည်အချင်းများ

  • ယေဟောဝါနဲ့ အဖွဲ့အစည်းကို အလွန်ချစ်ရမယ်

  • ကိုယ်ကျင့်တရားစံနှုန်း မြင့်မားရမယ်၊ ယေဟောဝါရှေ့မှာ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိရမယ်

  • ခရစ်ယာန်အမှုဆောင်တွေနဲ့ သင့်တော်တဲ့ ဝတ်စားဖြီးလိမ်းပုံမျိုး ရှိရမယ်

  • ခရစ်ယာန်တွေနဲ့ သင့်တော်တဲ့ အပန်းဖြေမှုကို ရွေးချယ်ရမယ်

  • ပုံမှန်အားဖြင့် အသက် ၁၉ နှစ်နဲ့ ၃၅ နှစ်ကြား ရှိရမယ်

  • စိတ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်း၊ ကိုယ်ကာယပိုင်း ကျန်းမာရမယ်

  • ဌာနခွဲမှာ အဓိကသုံးတဲ့ ဘာသာစကားကို ကောင်းကောင်း ဖတ်တတ်၊ ရေးတတ်၊ ပြောတတ်ရမယ်

  • အနည်းဆုံးတစ်နှစ် နေနိုင်ရမယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ